Myanmar Digital News

MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ SGF Youth အသင်း ဆက်လက်ဦးဆောင်

ရန်ကုန်   နိုဝင်ဘာ   ၁၂

၂၀၂၆  MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၉) ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ  SGF Youth  အသင်း   နိုင်ပွဲဆက်ပြီး  ဆက်လက်ဦးဆောင်လျက်ရှိသည်။

ပွဲစဉ် (၁၉) တွင်   Mahar   Burma   အသင်းက  ဘူရှီဒိုအသင်းကို လေးဂိုး-သုံးဂိုး၊   FFU   မင်းမဟော်အသင်းက United City အသင်းကို လေးဂိုး-နှစ်ဂိုး၊ ရွှေပြည်သာယူနိုက်တက်အသင်းက TKA Star အသင်း ကို လေးဂိုး-နှစ်ဂိုး၊   Pacific  Sun  Far  အသင်းက   မာရိန်းအသင်းကို သုံးဂိုး-နှစ်ဂိုး၊ SGF Youth အသင်းက Avengers Junior အသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ Victoria အသင်းက Jullniss အသင်းကို ရှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ပွဲစဉ် (၁၉) အပြီးတွင် SGF Youth အသင်း က ရမှတ် ၅၀၊  Victoria အသင်းက ၄၇ မှတ်၊  FFU မင်းမဟော်အသင်းနှင့်  Pacific Sun Far အသင်းက ၃၈ မှတ်စီ၊    Mahar Burma အသင်းက ၃၇ မှတ်၊  United City အသင်းက  ၂၈ မှတ်၊  Avengers Junior အသင်းက ၂၇ မှတ်၊  Jullniss အသင်းက ၂၄ မှတ်၊ TKA Star အသင်းက ၁၉ မှတ်၊ ဘူရှီဒိုအသင်းက ၁၀ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက  ခုနစ်မှတ်၊ မာရိန်းအသင်းက ငါးမှတ်ရရှိထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF

မူရင်းသတင်း — Myanmar Digital News