Xinhua Myanmar

တရုတ်-အမေရိကန်က စည်းကြပ်ခွန်လျှော့ချခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အနီးကပ်ချိတ်ဆက်ဆောင်ရွက်မှုများ ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရာ့တုန်းအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Commerce of the People’s Republic of China)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံက ကိုယ်စီ၏ ကန်ဒေါ်လာ ၃၀ ဘီလီယံခန့် တန်ဖိုးရှိသည့် သွင်းကုန် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်လျှော့ချခြင်း မူဘောင်အစီအစဉ်သည် နှစ်ဖက်ကုန်သွယ်ရေး တည်ငြိမ်မှုနှင့် တိုးချဲ့မှုအတွက် အကျိုးရှိပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ စက်မှုစီးပွားနယ်ပယ်က အတန်အသင့်မြင့်မားသော မျှော်လင့်ချက်များရှိကြောင်း၊ လက်ရှိတွင် တရုတ်-အမေရိကန်နှစ်ဖက်သည် ယင်းအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရန်အတွက် အနီးကပ်ချိတ်ဆက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရာ့တုန်း က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“အမေရိကန်က ဒီအစီအစဉ်အကောင်အထည်ဖော်မှုကို တွန်းအားပေးပြီး နှစ်နိုင်ငံစိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်မှုအတွက် ပိုပြီးအကျိုးဖြစ်ထွန်းမယ့်အခြေအနေ ဖန်တီးရာမှာ တရုတ်နဲ့ အတူတကွကြိုးပမ်းမယ်လို့ မျှော်လင့်ပါတယ်” ဟု ဟယ်ရာ့တုန်းက ဆိုခဲ့သည်။

ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ မေးမြန်းမှုကို ဖြေကြားရာ၌ ဟယ်ရာ့တုန်းက တရုတ်-အမေရိကန် နှစ်နိုင်ငံတို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများတွင် ကိုယ်စီက အပြန်အလှန်ဂရုပြုသော အကြောင်းအရာနှင့်စပ်လျဉ်း၍ အနီးကပ်ချိတ်ဆက်မှုများ ထိန်းသိမ်းထားကြောင်း၊ သက်ဆိုင်ရာ တိုးတက်မှုအခြေအနေကို အလျဉ်းသင့်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးကဏ္ဍ ဆက်ဆံမှုနှင့် စပ်လျဉ်း၍ ဟယ်ရာ့တုန်းက ၂၀၂၅ ခုနှစ် မေလမှစ၍ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု ၈ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ကနဦးကာလ ဆွေးနွေးညှိနှိုင်းမှု သဘောတူညီချက်များကို ဘက်စုံ အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆက်ဆံမှု၏ အနှစ်သာရမှာ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု ယန္တရားအောက်တွင် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် မြှင့်တင်ကာ ကွဲလွဲမှုများကို လျော်ကန်စွာစီမံထိန်းချုပ်ပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးကဏ္ဍ ဆက်ဆံမှုကို အဆက်မပြတ် တည်ငြိမ်ကောင်းမွန်သော ဦးတည်ချက်ဆီသို့ တိုးတက်ရန် တွန်းအားပေးသွားလိုကြောင်း ဟယ်ရာ့တုန်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

中国商务部:中美正就降税、贸易、投资等问题保持密切沟通

新华社北京11月12日电(记者王聿昊、谢希瑶)中国商务部新闻发言人何亚东在商务部12日举行的例行新闻发布会上说,“300亿对300亿”对等降税框架安排有利于稳定和拓展中美双边贸易,中美两国工商界对此都抱有较高期待。目前,中美双方就实施这一安排保持密切沟通。  

“希望美方与中方共同努力,尽快推动这一安排落地见效,为两国农产品贸易创造更多有利条件。”何亚东说。  

在回应有关经贸磋商的提问时,何亚东介绍,中美双方正在就贸易、投资等领域各自关切问题保持密切沟通,有关进展将适时公布。  

谈及当前中美经贸关系,何亚东表示,2025年5月以来,中美双方已举行八轮经贸磋商,中方已全面落实前期磋商共识。中美经贸关系本质是互利共赢,合作是唯一正确道路。中方愿与美方在经贸磋商机制下持续加强合作,妥善管控分歧,推动中美经贸关系持续稳定向好发展。(完)

မူရင်းသတင်း — Xinhua Myanmar