Myanmar Digital News

ဘားအံမြို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 

ဘားအံ နိုဝင်ဘာ ၁၂

 

ကရင်ပြည်နယ် တရား လွှတ်တော် (၁၃၄ x ၁၄၁) ပေ RC သုံးထပ် အဆောက်အအုံကို ဘားအံမြို့ အမှတ်(၁)ရပ်ကွက် ဆေးရုံလမ်း မြန်မာ့စီးပွားရေး ဘဏ်ခွဲရှေ့တွင် အဆောက်အဦ အထူးအဖွဲ့(၁၃)မှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ ယမန် နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

 

ကြည့်ရှုစစ်ဆေးစဉ် အဆောက် အဦအထူးအဖွဲ့(၁၃)မှ တာဝန်ရှိသူများက ပင်မအဆောက်အအုံ လုပ်ငန်းတစ်ခုလုံး၏ ၃၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု အခြေအနေ၊ အဆိုပါအဆောက်အအုံတွင် ပါဝင်မည့် တရားခွင်များ၊ ရုံးခန်း များ၊ စာကြည့်တိုက်၊ အစည်းအဝေးခန်းအစရှိသည့် ဖွဲ့စည်း တည်ဆောက်ပုံများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ဘားအံမြို့ လှာကမြင် ကွက်သစ်ရှိ ပွဲကြည့်စင်ပါ(Indoor Stadium) ဇွဲကပင်အဆင့်မြင့် ရေကူးကန်နှင့် ဒိုင်ဗင်ကန် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ယူ တည်ဆောက်သည့် ဖူးပွင့်သစ်ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမအဆင့် ၇၅ ရာခိုင်နှုန်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေ အနေများကို ရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တည်ဆောက် ရေးလုပ်ငန်းများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News