Eleven Media Group

အထက်တန်းအောင်လက်မှတ်အရှုပ်တော်ပုံကြောင့် အင်ဒိုနီးရှား ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်

အထက်တန်းအောင်လက်မှတ်နှင့်ပတ်သက်၍ မကောင်းသတင်းများ ထွက်နေချိန်တွင် အင်ဒိုနီးရှား ဒုတိယသမ္မတသည် နိုဝင်ဘာ ၁၂ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

၎င်းနုတ်ထွက်သွားခြင်းက စီးပွားရေး၊ အဂတိလိုက်စားမှု၊ တောမီးတို့နှင့်ပတ်သက်၍ အများပြည်သူ တို့၏မကျေနပ်မှုများကို ရင်ဆိုင်နေရသော အင်ဒိုနီးရှားအစိုးရအပေါ် ဖိအားများတိုးလာစေခဲ့သည်။

အသက် ၃၉ နှစ်အရွယ် ဂျီဘရန်ရာကာ ကူမင်းရာကာက နုတ်ထွက်စာကို သမ္မတပရာဗိုဝိုထံသို့ လည်းကောင်း၊ လွှတ်တော်သို့ လည်းကောင်း တင်သွင်းခဲ့သည်ဟု ပြည်သူ့တိုင်ပင်နှီးနှောရေးဆိုင်ရာ လွှတ်တော်၏ဥက္ကဋ္ဌက သတင်းထောက်များကို ပြောကြားခဲ့သည်။

သူ၏ပြည်ပမှရယူထားသည်ဆိုသော အထက်တန်းအောက်လက်မှတ်ကို နိုင်ငံတော်တရားရုံးက ပယ်ဖျက်ကြောင်း လွန်ခဲ့သောလတွင် ဆုံးဖြတ်ခဲ့ပြီးကတည်းက ဂျီဘရန် နုတ်ထွက်ရန် အကြိမ်ကြိမ် တောင်းဆိုမှုများ ရှိနေခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ အာမက်မူဇာနီက ဂျီဘရန်သည် နိုဝင်ဘာ ၁၂ ရက်တွင် လွှတ်တော်ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ပြီး ဒုတိယသမ္မတရာထူးမှ နုတ်ထွက်ကြောင်း ဖော်ပြထားသည့်စာအား တင်သွင်းခဲ့ သည်ဟု ဆိုသည်။

ထိုနုတ်ထွက်စာကိုပင် သမ္မတပရာဘိုဝို ထံ တင်သွင်းခဲ့သည်ဟု ဂျီဘရန်က ပြောကြားခဲ့သည်။

ဂျီဘရန် နုတ်ထွက်မည်ဟူသော သတင်းများ ထွက်နေခဲ့ချိန် အင်ဒိုနီးရှားငွေကြေးဖြစ်သော ရူပီးယားသည် ဒေါ်လာနှင့်ယှဉ်လျှင် စံချိန်တင်ကျဆင်းခဲ့ပြီး အင်ဒိုနီးရှားစတော့ အိပ်ချိန်း၌ စတော့စျေး ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။

မူရင်းသတင်း — Eleven Media Group