Myanmar Digital News

နယူးဇီလန်နိုင်ငံသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု  ၉ ရာခိုင်နှုန်းမြင့်တက်

ဝယ်လင်တန်   နိုဝင်ဘာ   ၁၂

နယူးဇီလန်နိုင်ငံသို့  လာရောက်သည့်  နိုင်ငံတကာခရီးသွားဦးရေမှာ  ယခုနှစ် စက်တင်ဘာလအထိ  ၃ ဒသမ ၇၄ သန်းရှိပြီး ယမန်နှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်လာသည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

နယူးဇီလန် အမျိုးသားစာရင်းအင်းအေဂျင်စီ၏ အချက်အလက်များအရ  တိုးတက်လာသည့်  ခရီးသွားဝင်ရောက်မှုအနက် လေးပုံသုံးပုံမှာ ဩစတြေးလျနှင့် တရုတ်နိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

ဩစတြေးလျမှ လာရောက်လည်ပတ်သူဦးရေမှာ ၁ ဒသမ ၆၁ သန်းရှိပြီး  ၈ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။  တရုတ်နိုင်ငံမှ လာရောက်သည့် ခရီးသွားဦးရေမှာ  ၃၄၀၁၀၀  ရှိပြီး ၃၈ ရာခိုင်နှုန်း  မြင့်တက်လာခြင်းဖြစ်သည်။                                                            

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News