နိုဝင်ဘာ ၁၃
မွန်ဂိုးလီးယားနိုင်ငံအတွင်း ဒေသအချို့တွင် နှင်းထူထပ်စွာကျဆင်းခြင်းနှင့် နှင်းမုန်တိုင်းများ တိုက်ခတ်နိုင်သည်ဟု အမျိုးသား မိုးလေဝသနှင့် ပတ်ဝန်းကျင်စောင့်ကြည့်ရေးအေဂျင်စီက ယမန်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါရာသီဥတုအခြေအနေများကြောင့် မြင်ကွင်းအကွာအဝေးလျော့နည်းလာနိုင်ပြီး လမ်းပန်း ဆက်သွယ်ရေးနှင့် ယာဉ်သွားလာမှုများအတွက် အန္တရာယ်ရှိနိုင်ကြောင်း အေဂျင်စီက သတိပေးထားသည်။
နိုဝင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံ အနောက်ပိုင်းရှိ ခေါ့ဒ်နှင့် ဘာယန်-အူလ်ဂီပြည်နယ်များ၌ နှင်းထူထပ်စွာကျဆင်းခြင်းနှင့် နှင်းမုန်တိုင်းများ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
အနောက်ပိုင်းရှိ ဇက်ဗ်ခန်နှင့် အူဗ်စ်ပြည်နယ်များတွင်လည်း နိုဝင်ဘာ ၁၃ ရက်ကစတင်ကာ အလားတူ ရာသီဥတုဆိုးရွားမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု အေဂျင်စီက ထုတ်ပြန်ထားသည်။
မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ခူဗ်စ်ဂူလ်နှင့် ဘူလ်ဂန်ပြည်နယ်များ၊ အလယ်ပိုင်းပြည်နယ်များဖြစ်သည့် အာခန်ဂိုင်းနှင့် တူးဗ်ပြည်နယ်များတွင်လည်း နိုဝင်ဘာ ၁၃ ရက်ကစတင်ကာ နှင်းထူထပ်စွာကျဆင်းခြင်းနှင့် နှင်းမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။
အဆိုပါဒေသများတွင် ရာသီဥတုမတည်ငြိမ်မှုများသည် လာမည့် ၁၀ ရက်အတွင်း ဆက်လက်ဖြစ်ပေါ်နေမည်ဟုခန့်မှန်းထားကြောင်းနှင့် နှင်းထူထပ်စွာကျဆင်းခြင်းနှင့် နှင်းမုန်တိုင်းများသည် အန္တရာယ်ရှိသောရာသီဥတုအဆင့်အထိ ပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
ပြည်သူများ၊ အထူးသဖြင့် မော်တော်ယာဉ်မောင်းနှင်သူများနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးဝေးသွားလာခြင်းကို ရှောင်ကြဉ်ကြရန်နှင့် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။
မွန်ဂိုးလီးယားနိုင်ငံသည် ပြင်းထန်သော တိုက်ကြီးပိုင်းရာသီဥတုရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်နှစ်ပတ်လုံး လေပြင်းတိုက်ခတ်မှုများ၊ ဖုန်မုန်တိုင်းများနှင့် နှင်းမုန်တိုင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို