Xinhua Myanmar

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် (ယာ) နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့ မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ- Myanmar's Presidential Press and Information Bureau/Handout via Xinhua)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဧည့်သည်တော် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်ရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရို (PPIB) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း PPIB က ဖော်ပြခဲ့သည်။

ထို့အပြင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စသည့်   ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် (ယာ) နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့ မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ- Myanmar's Presidential Press and Information Bureau/Handout via Xinhua)

..................................

(English Version)

Myanmar, Thailand to promote bilateral friendship, cooperation

YANGON, Nov. 12 (Xinhua) -- Myanmar and Thailand discussed ways to strengthen bilateral friendship and cooperation during a meeting between Myanmar President Min Aung Hlaing and a visiting Thai delegation in Nay Pyi Taw on Thursday, according to Myanmar's Presidential Press and Information Bureau (PPIB).

During the meeting, the two sides exchanged views on strengthening friendship and cooperation between the two countries, as well as prospects for constructive cooperation among member states of the Association of Southeast Asian Nations, the PPIB said.

They also discussed efforts to combat online scams and gambling, enhance border security, promote trade, conserve the environment and expand cooperation in the energy sector.

Photo caption: Myanmar's President Min Aung Hlaing (R) meets with Thai Deputy Prime Minister and Foreign Minister Sihasak Phuangketkeow in Nay Pyi Taw, Myanmar, Nov. 12, 2026. (Myanmar's Presidential Press and Information Bureau/Handout via Xinhua)

မူရင်းသတင်း — Xinhua Myanmar