.

ဆန်းကျန့်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် ကျင်းပသွားမည်ဖြစ်ရာ APEC အစည်းအဝေးသည် “ဆန်းကျန့်အချိန်” သို့ ရောက်ရှိလျက်ရှိသည်။ ယခုကာလတွင် မြို့တစ်မြို့လုံး ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနေပြီး အဓိကအကြောင်းအရာဖြင့် ပန်းအလှဆင်ထားမှုများ ဖြန့်ကြက်တည်ရှိနေသည်။
အဓိကကားလမ်းများထက်တွင် ရောင်စုံအလံများ တလူလူလွှင့်ထူထားကာ မြေအောက်ရထား အချက်အချာနေရာ၊ ဘတ်စ်ကားမှတ်တိုင်၊ နယ်စပ်ဂိတ်မုခ်ဦး စသည့် နေရာများတွင်လည်း အစည်းအဝေး အမှတ်အသားများဖြင့် အလှဆင်ထားသည်။ ရှင်သန်လှုပ်ရှားမှုများ အပြည့်ဖြစ်နေသည့် ဆန်းကျန့်မြို့သည် ခမ်းနားစွာအလှဆင်၍ အရပ်လေးမျက်နှာမှ ဧည့်သည်တော်များ အာရှ-ပစိဖိတ်ချိန်းဆိုထားမှုအတွက် လာရောက်ရန် ကြိုဆိုလျက်ရှိပေသည်။ (Xinhua)
---------------------
(Chinese Version)
深圳盛装喜迎亚太宾朋
新华社照片,深圳(广东),2026年11月13日
11月18日至19日,亚太经合组织第三十三次领导人非正式会议将在深圳举行,APEC将进入“深圳时间”。此时满城繁花盛放,主题花坛错落点缀,主次干道上彩旗迎风舒展,地铁枢纽、公交站台、口岸窗口等都装点盛会标识。生机盎然的深圳,正以盛装迎接四方来客,共赴亚太之约。
图说1:这是深圳前海特区馆广场上的“鹏翔碧浪”主题景观(11月5日摄)。新华社记者 梁旭 摄
图说2:这是深圳主干道深南大道上的“开放、创新、合作”鲜花景观(11月10日摄)。新华社记者 梁旭 摄








