
သန့်ဇင်(NP News)-နိုဝင်ဘာ ၁၃
KIA / KIO အဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအထိ အခွန်တိုးကောက်လာပြီဖြစ်ကြောင်း ထွက်ပေါ်နေသော သတင်းများအရ သိရသည်။
လူမှုကွန်ယက်တွင်ထွက်ပေါ်နေသည့် စာအရ KIA/KIO ၏ နောက်ရာပါတိုက်နယ်အုပ်ချုပ်ရေးမှူးဆိုသည့်အဖွဲ့က မြစ်ကြီးနားမြို့၊ နောက်ရာပါတိုက်နယ်အတွင်းနေထိုင်သူ တစ်ဦးထံ အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆင့်ခေါ်ထားကြောင်း သိရသည်။
ယင်းစာအတွင်း ဆင့်ခေါ်ထားသည့် စာလက်ခံရရှိပြီး KIA ထံ ပြန်လည်မဆက်သွယ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း စာအတွင်းရေးသားထားသည်။
မြစ်ကြီးနားမြို့သည် ကရင်ပြည်နယ်မြို့တော်ဖြစ်ပြီး ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့လည်းဖြစ်ရာ KIA က ယင်းသို့အခွန်ကောက်ခံလာခြင်းအပေါ်လည်း ဒေသခံများက လူမှုကွန်ယက်တွင် ဝေဖန်နေကြကြောင်း သိရသည်။