
သုတ ( မကွေး )- နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်ခန့်အပ်ထားပြီးဖြစ်သော ဗိုလ်မှူးကြီးနိုင်ဇင်ထွန်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ရှေ့တွင် ကတိသစ္စာပြုခြင်းကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။
အဆိုပါအခမ်းအနားကို တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ဒုတိယနေ့ တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းအစား ဗိုလ်မှူးကြီး နိုင်ဇင်ထွန်းကို အစားထိုးခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအပါအဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကို အစားထိုးတာဝန်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။