
ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်သည် အီရန်နှင့် သဘောတူညီချက် ရရှိရန် မလိုအပ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်အား ပြည်တွင်း အဂတိလိုက်စားမှုနှင့် ရာဇဝတ်မှု ကိစ္စရပ်များအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ထရမ့်သည် ထိုနေ့တွင် လူမှုကွန်ရက်၌ ပို့စ် တင်ကာ ၎င်းသည် ဗန့်စ်အား “ဒီမိုကရက်တစ်ပါတီ အုပ်ချုပ်သော မြို့များနှင့် ပြည်နယ်များရှိ ပြင်းထန်သော အဂတိလိုက်စားမှုနှင့် ရာဇဝတ်မှု ကိစ္စရပ်များအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ဆောင်ရွက်ရန်” တောင်းဆိုခဲ့ပြီး “ကျုပ်တို့အနေနဲ့ အီရန်နဲ့ ဘာသဘောတူညီချက်မှ ရရှိဖို့ မလိုဘူး၊ အဲဒီကာလတွေ ပြီးသွားခဲ့ပြီ၊ ကျုပ်တို့လက်ထဲမှာ သူတို့တို့ရဲ့ ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ရာနဲ့ချီ ထိန်းချုပ်ထားပြီး သူတို့ရဲ့ (ဟော်မုဇ်) ရေလက်ကြားကိုလည်း ထိန်းချုပ်ထားတယ်” ဟု ပြောကြားခဲ့သည်။
ယခုနှစ် မတ်လတွင် ထရမ့်က အမိန့်ကြေညာချက်တစ်ရပ် လက်မှတ်ထိုး၍ ဗန့်စ် ဦးဆောင်သော နိုင်ငံလုံးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းကာ ပြည်နယ်အချို့တွင် လူမှုဖူလုံရေး အစီအစဉ်များ၏ ဖက်ဒရယ် ရန်ပုံငွေများ လိမ်လည်ရယူမှုကို စုံစမ်းစစ်ဆေးစေခဲ့သည်။ ဧပြီလတွင် ဗန့်စ်သည် အမေရိကန် စေ့စပ်ညှိနှိုင်းရေး အဖွဲ့ကို ဦးဆောင်၍ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် ကျင်းပသော အမေရိကန်–အီရန် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အမေရိကန်နှင့် အီရန်တို့သည် ဇွန်လတွင် နားလည်မှုစာချွန်လွှာ သဘောတူညီမှု ရရှိပြီးနောက် ဗန့်စ်သည် အဖွဲ့ကို ထပ်မံ ဦးဆောင်၍ ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့တောင်တွင် ကျင်းပသော အမေရိကန်–အီရန် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ဗန့်စ်သည် လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်အတွင်း အီရန်နှင့် ကြားခံဆွေးနွေးပွဲများတွင် တိုက်ရိုက် ပါဝင်ခဲ့ပြီး အီရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ် ရရှိရန်နှင့် နျူကလီးယား စေ့စပ်ညှိနှိုင်းမှုများ ပြန်လည် စတင်ရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန် မီဒီယာများက နိုဝင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။ ဗန့်စ်သည် အီရန် စစ်ပွဲ အဆုံးသတ်ရေးကို တွန်းအားပေးရန် အီရန်နိုင်ငံ ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးမှု ပြုလုပ်ရန် စဉ်းစားလျက်ရှိကြောင်း၊ ထရမ့်သည် ဗန့်စ်၏ အမေရိကန်–အီရန် စေ့စပ်ညှိနှိုင်းရေး ပြန်လည် စတင်မှုအပေါ် ပွင့်လင်းသော သဘောထား ရှိပြီး စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၎င်းအား အခွင့်အာဏာ ပေးအပ်ထားကြောင်း အမေရိကန် The Wall Street Journal က နိုဝင်ဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ သို့သော် အီရန် မီဒီယာများ၏ သတင်းဖော်ပြချက်အရ Rezaei သည် ဗန့်စ်နှင့် တွေ့ဆုံမည့်အကြောင်း ငြင်းဆိုခဲ့ပြီး သက်ဆိုင်ရာ ကောလာဟလများကို “အခြေအမြစ်မရှိ၊ အထောက်အထားမရှိ” ဟု ခေါ်ဆိုခဲ့သည်။
ဗန့်စ်သည် နိုဝင်ဘာ ၄ ရက်တွင် လူမှုကွန်ရက်၌ ပို့စ်ရှည်တစ်ပုဒ် တင်ကာ သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး အီရန် စစ်ပွဲသည် အခြေခံအကြောင်းရင်း ဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ အမေရိကန် CNN သတင်းဌာန၏ ဆောင်းပါး သုံးသပ်ချက်အရ ဗန့်စ်၏ ပို့စ်သည် “သာမန်မဟုတ်” ဘဲ ထရမ့်အပေါ် “ဖုံးကွယ်ခြင်းမရှိသော ဝေဖန်မှု” များ ပါဝင်ကာ အမှန်တကယ်မှာ ၎င်းသည် ထရမ့်နှင့် အဆက်ဖြတ်ကာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။ (Xinhua)

……………………….
(Chinese Version)
特朗普称无需与伊朗达成协议 要求万斯聚焦国内问题
新华社华盛顿11月12日电(记者黄强 徐剑梅)美国总统特朗普12日称美国不需要与伊朗达成协议,并要求副总统万斯将全部精力集中到国内反腐和犯罪问题上。
特朗普当天在社交媒体发文说,他已要求万斯将“全部精力集中在民主党执政的城市与州的严重腐败和犯罪问题上”,并称“我们不需要与伊朗达成任何协议,那些日子早已过去,我们掌握着他们数千亿美元资金,还控制着他们的(霍尔木兹)海峡”。
今年3月,特朗普签署行政命令,成立一个由万斯领导的全国特别工作组,调查部分州骗取社会福利项目联邦资金的行为。4月,万斯率美国谈判团队参加在巴基斯坦首都伊斯兰堡举行的美伊谈判。美伊6月达成谅解备忘录后,万斯又率团参加在瑞士比尔根山举行的美伊谈判。
美媒6日报道说,万斯过去两周直接参与了与伊朗的间接会谈,寻求与伊朗达成新的停火协议和重启核谈判。11日,美国《华尔街日报》报道说,万斯正考虑与伊朗最高国家安全委员会秘书雷扎伊举行面对面会谈,以推动结束伊朗战事。特朗普对万斯重启美伊谈判持开放态度,并已授权其开展谈判工作。不过,伊朗媒体报道说,雷扎伊否认将与万斯会面,并称相关传言是“无稽之谈,毫无根据”。
万斯4日在社交媒体上发表长文,剖析共和党在中期选举中失利的原因,直言伊朗战事是根源所在。美国有线电视新闻网文章分析认为,万斯的帖文“非同寻常”,包含对特朗普“不加掩饰的批评”,实际上是其在与特朗普做切割,以谋求在2028年竞选总统。(完)
图说1:4月11日,美国副总统万斯(前中)率领美国谈判代表团抵达位于巴基斯坦首都伊斯兰堡附近城市拉瓦尔品第的努尔汗空军基地。新华社发
图说2:11月4日,民众在伊朗首都德黑兰参加集会。新华社记者沙达提摄