Myanmar National Post

အပျော်စီးသင်္ဘောကို ကတ္တရာတင်သင်္ဘောဝင်တိုက်လို့နစ်သွား





နိုဝင်ဘာ - ၁၄ ( စနေနေ့ ) 

မနေ့က နယူးအော်လန်းစ်၊ လူဝစ္စယားနားပြည်နယ်က ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ အပျော်စီးသင်္ဘောတစ်စင်းကို ကတ္တရာတင်သင်္ဘောကြီးတစ်စင်းက ဝင်တိုက်ခဲ့တာကြောင့် သင်္ဘောတိမ်းမှောက်သွားပြီး ခရီးသည်တွေ မစ္စစ္စပီမြစ်ထဲကို ပြုတ်ကျကုန်ပါတယ်။

ဖြစ်စဉ်နေရာက ဗီဒီယိုဖိုင်တွေမှာတော့ အရွယ်အစားအများကြီးပိုကြီးတဲ့အတ္တလန်တစ်အက်စ်ဖဲ  ကတ္တရာတင်သင်္ဘောကြီးက အမေရိကန်ဟားရစ်တေ့ အပျော်စီးသင်္ဘောရဲ့ ဘေးဘက်ကို တန်းပြီးဝင်တိုက်လိုက်တာကို တွေ့ရပါတယ်။ အမေရိကန်ရေကြောင်းလိုင် ကုမ္ပဏီက ပြေးဆွဲနေတဲ့ အဲဒီသင်္ဘောပေါ်မှာ တိုက်မိတဲ့အချိန်က ခရီးသည်နဲ့ သင်္ဘောသား စုစုပေါင်း ၁၈၀ လိုက်ပါလာခဲ့ပါတယ်။

ဆွဲသင်္ဘောတွေ၊ ရဲတပ်ဖွဲ့နဲ့ အခြားကယ်ဆယ်ရေးသမားတွေ အပြေးအလွှား ရောက်လာပြီး ကယ်ဆယ်ကြတဲ့ကြားထဲမှာပဲ အပျော်စီးသင်္ဘောကြီးက ဘက်တစ်ခြမ်းယိုင်လဲကျသွားပြီး တစ်စိတ်တစ်ပိုင်း နစ်မြုပ်သွားခဲ့ပါတယ်။

"နယူးအော်လန်းစ်မြို့တော်ဝန်  ကတော့ သင်္ဘောပေါ်ပါလာတဲ့ လူတွေအားလုံးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီလို့ အတည်ပြုပြောကြားခဲ့ပြီး၊ လူ ၃၂ ဦးကို ဆေးရုံတင်ပို့ခဲ့ရပေမဲ့ အရေးကြီးတဲ့ ထိခိုက်ဒဏ်ရာပြင်းထန်သူ တစ်ဦးမှမရှိဘူးလို့ ထပ်လောင်းပြောပါတယ်။  ‘ဒါဟာ မစ္စစ္စပီမြစ်ပေါ်မှာ တကယ်ကို ဖြစ်ပျက်သွားတဲ့ အံ့ဖွယ်အမှုတစ်ခုပါပဲ၊ အပျော်စီးသင်္ဘောပေါ်မှာ ရှိနေတဲ့ လူဦးရေနဲ့ အဲဒီလူတွေကို သင်္ဘောပေါ်ကနေ အမြန်ဆယ်ထုတ်နိုင်ခဲ့ပြီး ရေထဲကနေ ကယ်တင်နိုင်ခဲ့တဲ့ အခြေအနေကိုသာ တွေးကြည့်ပေါ့ဗျာ လို့ ပြောပါတယ်။ 


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post