ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာအရ အရှေ့အာရှ၊ တောင်အာရှ၊ သြစတြေးလျနှင့် နယူးဇီလန်တို့အပါအဝင် အာရှနှင့်ပစိဖိတ်ဒေသအတွင်း ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင် အွန်လိုင်းလိမ်လည်မှုများကြောင့် ဆုံးရှုံးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၃ ဘီလီယံမှ ၁၁၄ ဒသမ ၁ ဘီလီယံအထိရှိခဲ့သည်ဟု ဆိုသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုက်ဘာရာဇဝတ်မှုနှင့် အွန်လိုင်းလိမ်လည်မှုများ၏ နှစ်စဉ်ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံမှ ၁ ဒသမ ၅ ထရီလီယံကျော်အထိရှိပြီး အချို့ခန့်မှန်းချက်များအရ ဒေါ်လာ ၁၀ ဒသမ ၅ ထရီလီယံအထိ မြင့်တက်လျက်ရှိသည်ဟု သိရသည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် လူပေါင်း ၃၀၀၀၀၀ ခန့်တို့သည် နိုင်ငံပေါင်း ၆၀ မှ ၈ဝ ကျော်အထိ လူကုန်ကူးခံရကာ အဓမ္မခိုင်းစေခံထားကြရကြောင်း အင်တာပိုလ်နှင့် ကုလသမဂ္ဂတို့က ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသားများသည် အွန်လိုင်းလိမ်လည်မှုများကြောင့် နှစ်စဉ်ယွမ်ငွေ ဘီလီယံရာနှင့်ချီ၍ ဆုံးရှုံးနေကြရသည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန(MPS)၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုပေါင်း ၂၅၈၀၀၀ ကို ဖော်ထုတ်နိုင်ခဲ့ပြီး လိမ်လည်မှုနှင့် ဆက်စပ်နေသည့် ငွေကြေးယွမ် ၂၁၇ ဒသမ ၀၇ ဘီလီယံကို ထိန်းချုပ်တားဆီးနိုင်ခဲ့ကြောင်း China Daily Hong Kong သတင်းတစ်ရပ်အရ သိရသည်။ တရုတ်နိုင်ငံသားများ ဆုံးရှုံးရသည့် စုစုပေါင်းငွေကြေး၏ ၄၀ ရာခိုင်နှုန်းခန့်မှာ အွန်လိုင်းရင်းနှီးမြှုပ်နှံမှု အတုအယောင်များကြောင့်ဖြစ်ပြီး တစ်ဦးချင်းစီအားဖြင့် ယွမ်သန်းပေါင်း ဆယ်ဂဏန်းနှင့်ချီသည်အထိ ဆုံးရှုံးလေ့ရှိသည်ဟုလည်း အခြားသတင်းတစ်ခုတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများသည် အလုပ်အကိုင် မက်လုံးပေး လိမ်လည်ခေါ်ဆောင်ခံရပြီး ပြည်ပရှိ ငွေလိမ်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရခြင်းနှင့် အသက်ဆုံးရှုံးရခြင်းများအထိ ကြုံတွေ့ကြရသည်။ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပမှလိမ်လည်မှုသံသယရှိသူနှင့် လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား ၅၇၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
အွန်လိုင်းလိမ်လည်ဂိုဏ်းများသည် တရုတ်ပြည်မကြီးနှင့် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့မှတစ်ဆင့် မြန်မာနိုင်ငံနယ်စပ် ဒေသများသို့ ၂၀၁၇- ၂၀၁၉ ခုနှစ်ဝန်းကျင်တွင် စတင်ဝင်ရောက် အခြေစိုက်လာကြပြီး ကိုဗစ်-၁၉ ကာလအတွင်း ပျံ့နှံ့သွားကြသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း တရုတ်ပြည်တွင်း၌ အဂတိလိုက်စားမှုနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများကို နှိမ်နင်းခဲ့ရာ တရုတ်ရာဇဝတ်ဂိုဏ်းများသည် ဥပဒေစိုးမိုးမှုအားနည်းသည့် အရှေ့တောင်အာရှနိုင်ငံများသို့ ရွှေ့ပြောင်းရောက်ရှိသွားကြသည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရက အွန်လိုင်းလောင်းကစားလုပ်ငန်းများကို စတင်နှိမ်နင်းလာသောအခါ အဆိုပါလုပ်ငန်းအများစုသည် မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ အမြောက်အမြား ပြောင်းရွှေ့လာကြသည်။
၎င်းတို့သည် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြပြီး အွန်လိုင်းလိမ်လည်မှုများအပြင် အခြားဒုစရိုက်မှုမျိုးစုံကို ဆိုးရွားစွာကျူးလွန်ခဲ့ကြသည်။ ၎င်းတို့အနက် အများစုသည် တရုတ်နိုင်ငံသားများဖြစ်ကြပြီး စစ်ဆေးတွေ့ရှိချက်များအရ တရုတ်နိုင်ငံသားအချင်းချင်းကို အဓိကပစ်မှတ်ထားပြီး ငွေကြေးလိမ်လည်ခဲ့ကြခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို ကျူးလွန်ခဲ့ကြသူများမှာ အလုပ်အကိုင်အခွင့်အလမ်းနှင့်မျှား၍ လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသူများဖြစ်ကာ မြန်မာနိုင်ငံနယ်စပ်ဒေသရှိ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက နေရာပေး၊ အကာအကွယ်ပေးထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ အွန်လိုင်းလိမ်လည်မှုသည် နိုင်ငံတစ်နိုင်ငံတည်း၏ ပြည်တွင်းမှုခင်းပြဿနာအဖြစ်သာမက နိုင်ငံတကာ၏ စီးပွားရေး၊ လူမှုရေးနှင့်လုံခြုံရေးကဏ္ဍများကိုပါ ခြိမ်းခြောက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖြစ် ရင်ဆိုင်ဖြေရှင်းရန် လိုအပ်လျက်ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်သော အွန်လိုင်းလိမ်လည် လောင်းကစားမှုများသည် မိမိတို့နိုင်ငံအဖို့လည်း နိုင်ငံ၏ပုံရိပ်နှင့် အမျိုးသားရေးဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်။ ၎င်းတို့နှင့် ဆက်စပ်၍ တရားမဝင်ငွေကြေးခဝါချမှုများနှင့် နယ်စပ်ဒေသများတွင် ငွေကြေးစီးဆင်းမှု မူမမှန်ခြင်းကြောင့် စီးပွားရေးနှင့် ငွေကြေးစနစ်တို့ကို ထိခိုက်စေသည်။ မြန်မာပြည်တွင်းရှိ ပြည်သူများလည်း လိမ်လည်မှု၏ သားကောင်ဖြစ်ကြရသလို မြန်မာလူငယ်များ လိမ်လည်လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ရောင်းစားခြင်းများခံကြရသည်။ ၎င်းလုပ်ငန်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ သက်ဆိုးရှည်ပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့ ထိခိုက်ရသည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အထူးသတိပြု ရှောင်ရှားကာ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။