အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုသည် သာမန်ငွေကြေးလိမ်လည်မှုတစ်ခုသာမဟုတ်ဘဲ နည်းပညာ၊ သတင်းအချက်အလက်၊ စီးပွားရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့်ပါ ဆက်စပ်သည့် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အုပ်ချုပ်ရေးကင်းလွတ်နေသည့် နယ်စပ်ဒေသအချို့သို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် ဝင်ရောက်လာကြသော ပြည်ပမှဒုစရိုက်သမားများက တရားမဝင် လျှို့ဝှက်လုပ်ကိုင်နေကြသည်ကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ဒေသတွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းလျက် ထိရောက်ပြတ်သားစွာ နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်ကို နေ့စဉ်တွေ့မြင်ရမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အတွင်း ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူပြည်ပနိုင်ငံသား ၇၅၉ ဦးအနက် ၅၀၂ ဦး တို့သည် တရုတ်နိုင်ငံသားများဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့အသုံးပြုသည့် ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများအတွင်း စိစစ်တွေ့ရှိချက်များအရ ၎င်းတို့သည် တရုတ်နိုင်ငံသားအချင်းချင်း ပစ်မှတ်ထား၍ အင်တာနက်၊ လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်ဆက်သွယ်ရေး နည်းပညာကို အသုံးချပြီး လူတစ်ဦးချင်းစီ၏ ယုံကြည်မှု၊ စိတ်ခံစားမှုနှင့်ငွေကြေးဆိုင်ရာ အကျိုးအမြတ် မျှော်လင့်ချက်များကို အခွင့်ကောင်းယူကာ ငွေကြေးလိမ်လည်မှုများကို လုပ်ဆောင်နေကြောင်း တွေ့ရသည်။ ထိုသို့ ကျူးလွန်လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံသားများသာ အဓိကအသုံးပြုသည့် မိတ်ဆွေဖွဲ့ အက်ပလီကေးရှင်းအမျိုးမျိုးကို အသုံးပြုလေ့ရှိကြောင်း သိရသည်။
စိစစ်တွေ့ရှိချက်များအရ ပစ်မှတ်ရွေးချယ်ခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်းအပိုင်းတွင် အသိပညာနည်းပါးသူများ၊ နည်းပညာအားနည်းသူများနှင့် လိုချင်လောဘရှိသူများကို အဓိကပစ်မှတ်ထားလေ့ရှိသည်။ ပစ်မှတ်ရွေးချယ်ပြီးနောက် ချဉ်းကပ်ရမည့်ပုံစံနှင့် လိမ်လည်ရမည့်ပုံစံအား ပစ်မှတ်၏ အသက်အရွယ်၊ ဝါသနာ၊ အလုပ်အကိုင်တို့အပေါ် မူတည်ခွဲခြားသတ်မှတ်၍ ယုံကြည်မှုရရှိစေရန်နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြသည်။ ပစ်မှတ်၏ လူမှုအဆင့်အတန်း၊ ဝါသနာ၊ အလုပ်အကိုင်နှင့် စိတ်ဝင်စားမှုအပေါ်မူတည်၍ အယောင်ဆောင်ပုံစံ အမျိုးမျိုးတို့ကို သတ်မှတ်ကြသည်။ စစ်ဘက်၊ ရဲဘက်၊ နယ်ဘက်ရာထူးအာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသည့်ဝန်ထမ်းများ၊ ငွေကြေးချမ်းသာ ကြွယ်ဝသည့် ကုမ္ပဏီပိုင်ရှင်နှင့်လုပ်ငန်းရှင်များ၊ ပညာတတ်လူတန်းစားများ၊ နည်းပညာကျွမ်းကျင်သူများ၊ ရုပ်ရည်ချောမောသူများအဖြစ် အယောင်ဆောင်ကြသည်။
လိမ်လည်မည့် ဇာတ်ကောင်ပေါ်မူတည်၍ လိုအပ်သည့်ဓာတ်ပုံများ၊ အထောက် အထားစာရွက်စာတမ်းများ၊ လူနေမှုဘဝပုံစံများကို သဘာဝကျအောင် ကြိုတင်ဖန်တီးကြသည်။ ဖန်တီးထားသည့် ဇာတ်ကောင်၏ အကြောင်းအရာ၊ အတွေ့အကြုံတို့ကို ပြသခြင်းဖြင့် တဖြည်းဖြည်းခင်မင်မှုနှင့် ယုံကြည်မှုရရှိအောင် ချဉ်းကပ်ကြသည်။ အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ဖြစ်ထွန်း မှုများကို ယုံကြည်လောက်အောင် အထောက်အထား ခိုင်ခိုင်လုံလုံပြသည့်အခါ လောဘစိတ်ရှိသူပြစ်မှတ်များက အလိုက်သင့် ပါဝင်လာကြသည်။ အစပိုင်းတွင် ယုံကြည်မှုဖြစ်စေရန် အမြတ်အစွန်းများ ပြန်လည်ထုတ်ပေးသော်လည်း ရင်းနှီးမြှုပ်နှံသူ များပြားလာပါက အက်ပလီကေးရှင်းများကို ဖျက်သိမ်းခြင်း၊ ရင်းနှီးမြှုပ်နှံငွေ ပြန်မထုတ်ပေးခြင်း၊ ငွေကြေးစီးဆင်းမှုကို ဖုံးကွယ်ရန်ကြိုးပမ်းခြင်းများ ပြုလုပ်၍ လိမ်လည်ခဲ့ကြသည်။
အွန်လိုင်းမှတစ်ဆင့် လောင်းကစား ဝါသနာပါသူများကိုလည်း အွန်လိုင်းလောင်းကစား၊ ဂိမ်းပလက်ဖောင်းများမှတစ်ဆင့် မက်လုံးအမျိုးမျိုးပေးပြုလုပ်ကြသည်။ အလုပ်အကိုင် အခွင့်အလမ်း မက်လုံးပေးရာတွင်လည်း မက်လုံးအမျိုးမျိုးပေး ဆွဲဆောင်စည်းရုံးပြီး အကျိုးအမြတ်ရရှိမည့် ပုံစံအမျိုးမျိုးပြောဆိုကာ ငွေကြေးလိမ်လည်ရယူကြသည်။ ယခုနောက်ပိုင်းတွင် အဆင့်မြင့် AI နည်းပညာကိုအသုံးပြု၍ ထင်ရှားကျော်ကြားသူများ၏ သတင်းအချက်အလက် အတုများကို ဖော်ပြကာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို အမှန်တကယ် ထောက်ခံအားပေးနေသကဲ့သို့ လှည့်ဖြားဆွဲဆောင်မှုများ ပြုလုပ်ပြီး ငွေကြေးလိမ်လည်မှုများကို ပြုလုပ်ကြသည်။ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ကြသူအများစုသည် နိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် နယ်စပ်လမ်းကြောင်းများမှ ကျူးလွန်နေကြခြင်းဖြစ်သည်။
တရားမဝင် ကျူးကျော်ဝင်ရောက်လာကြသူများကို အကြမ်းဖက်အဖွဲ့များက နိုင်ငံနှင့်ဒေသအပေါ် ကြီးမားစွာထိခိုက်နစ်နာမှုဖြစ်စေသည်ကို မျက်ကွယ်ပြု၍ အကာအကွယ်ပေးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ ပျက်စီးစေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းလက်တွဲလျက် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးတွင် ပြည်သူများကလည်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြခြင်းဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်ရှင်သန်ခွင့်မရရှိအောင် အရှိန်အဟုန်မြှင့်ဆက်လက် တိုက်ဖျက်သွားမည်ဖြစ်ပါကြောင်း။ ။