နေပြည်တော် နိုဝင်ဘာ ၁၃
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၁ ဦးတက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဦးမြတ်မျိုးညွန့်၏ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးသို့ မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးဆောင်ရွက်ရာတွင် ယာဉ်စစ်ဆေးမှုခံယူခြင်းမပြုဘဲ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် သက်တမ်းတိုးဆောင်ရွက်ခွင့်ပြုနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေလျှော့ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ROAD SAFETY ဖြစ်စေရေးအတွက် လုပ်ငန်းလိုင်စင်ရယူပြေးဆွဲလျက်ရှိသော အများပြည်သူသယ်ယူပို့ဆောင်သည့် ခရီး သည်တင်ယာဉ်များမှအပ နယ်မြေဒေသအခြေအနေနှင့် လမ်းခရီးလုံခြုံရေးအခက်အခဲများကြောင့် အမှန်တကယ် ယာဉ်မှတ်ပုံတင်သက်တမ်းတိုးရန် လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသော နယ်မြေဒေသရှိ ကျန်လူစီးမော်တော်ယာဉ်ငယ်များကိုသာ သက်ဆိုင်ရာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ထောက်ခံချက်ဖြင့် မော်တော်ယာဉ်သက်တမ်းတိုးခြင်းအား ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် ဖြေလျှော့ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အချို့သောမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များသည် အဆိုပါဒေသများရှိ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်အသုံးပြုနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မဖြစ်စေရေးအတွက် ထောက်ခံချက်ထုတ်ပေးရာတွင် စနစ်တကျစိစစ်ပြီးမှ ထုတ်ပေးသင့်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးခင်မောင်ဝင်း၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာရှိ (၂၅) ခုတင်ဆံ့ သံရွာတိုက်နယ်ဆေးရုံတွင် လိုအပ်နေသော သွားဆရာဝန်တစ်ဦး ပြန်လည်ခန့်ထားပေးရန်နှင့် Dental Chair (1) Set အစား အသစ်တစ်စုံဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာတိုက်နယ်ဆေးရုံတွင် လိုအပ်နေသော သွားနှင့်ခံတွင်း ဆရာဝန်(၁)ဦးအား ပြန်လည်ခန့်ထားပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မှာယူထားသော Dental Chair များ ရရှိလာပါက ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဟန်ထူး၏ ကယားပြည်နယ်၊ ဘော်လခဲမြို့ပေါ်တွင် အိမ်ထောင်စု(၇၆၇)စု၊ လူဦးရေ စုစုပေါင်း (၁၁၈၉)ဦးအတွက် ဗို့အား(၁ဝဝ) ဘက်ထရီပါ ဆိုလာမီးသီးအား အိမ်ထောင်စု(၁)စုလျှင် (၁)လုံးနှုန်းဖြင့် ချထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ကယားပြည်နယ်၊ ဘော်လခဲမြို့သို့ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ လွိုင်ကော် - ဘော်လခဲဓာတ်အားလိုင်းသည် (၄၅ ဒသမ ၃၂) မိုင်ရှိပြီး ဓာတ်အားလိုင်းတိုင်အရေအတွက်(၈၈၈)တိုင်ရှိပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိစဉ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖျက်ဆီးခံရမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ဓာတ်အားပြန်လည် ပို့လွှတ်ခဲ့ပါကြောင်း။
သို့သော် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် အဆိုပါဓာတ်အားလိုင်း ထပ်မံဖျက်ဆီးခံခဲ့ရသဖြင့် ဘော်လခဲမြို့တွင် ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက်အဖွဲ့များက ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံအား တိုက်ခိုက်ဖျက်ဆီးခဲ့မှုကြောင့် ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် ဆောင်ရွက်ပြီးစီးပါကြောင်း၊ ၆၆ ကေဗွီလွိုင်ကော်-ဘော်လခဲ ဓာတ်အားလိုင်းအပိုင်းအား ဆက်လက်စစ်ဆေးနိုင်ရေးအတွက် လုံခြုံရေးရရှိရေး တင်ပြထားပါ ကြောင်း၊ ခွင့်ပြုချက်ရရှိမှုနှင့်အညီ မြေပြင်ကွင်းဆင်း၍ ဓာတ်အားလိုင်း အသေးစိတ်စစ်ဆေးပြီးပါကပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင်ရာတွင် ဌာနမှအရန်ပစ္စည်းများ အသုံးပြုခြင်းနှင့် ထပ်မံလိုအပ်သော ဓာတ်အားလိုင်း ဆက်စပ်ပစ္စည်းများဝယ်ယူနိုင်ရေး လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာရန်ပုံငွေ လျာထားခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကယားပြည်နယ်၊ ဘော်လခဲမြို့သို့ မဟာဓာတ်အားလိုင်းစနစ်မှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသဖြင့် ဘော်လခဲမြို့ပေါ်ရှိ အိမ်ထောင်စု (၇၆၇) စုအတွက် ဗို့အား (၁၀၀) ဘက်ထရီပါဆိုလာမီးသီးအား အိမ်ထောင်စု (၁) စုလျှင် (၁) လုံးနှုန်းဖြင့် ချထားပေးရန် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁) ဦးစိန်လွင်ဦး၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ပြည်သူ့အားကစားကွင်းတွင် ပေ(၁၂၀ X ၉ဝ X ၃၆) ဘက်စုံသုံး မိုးလုံလေလုံအားကစားခန်းမ(၁)ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ပြည်သူ့အားကစားကွင်းတွင် (ပေ ၁၂၀ x ပေ ၉၀ x ၃၆ ပေ) ဘက်စုံသုံး မိုးလုံလေလုံ အားကစား ခန်းမ(၁)ခုအား ခန့်မှန်းကုန်ကျငွေ ငွေကျပ် ၃၂၄၀ သန်းဖြင့် တည်ဆောက်ပေးမည်ဆိုပါက ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အခက်အခဲများ ရှိပါကြောင်း။
သို့ပါ၍ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ပြည်သူ့အားကစားကွင်းတွင် အားကစားပြိုင်ပွဲ များ ကျင်းပပြုလုပ်နိုင်မှုမရှိသေးခြင်း၊ အားကစားကွင်း၊ အားကစားရုံအား ရေရှည် ပြုပြင်ထိန်းသိမ်းမည့် ဝန်ထမ်းအင်အားနှင့် ဖွဲ့စည်းပုံမရှိခြင်း၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများကို မိုးညှင်းမြို့ရှိ အားကစားကွင်း၊ အားကစားရုံများတွင် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဘက်စုံသုံး မိုးလုံလေလုံ အားကစားခန်းမ (၁)ခုအား လတ်တလောအနေဖြင့် တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးသော်လည်း နယ်မြေအခြေအနေနှင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်မှု၊ အားကစားကွင်း၊ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နိုင်မှုအခြေအနေများအား ဆန်းစစ်အကဲဖြတ်၍ ဦးစားပေးအစီအစဉ်များတွင် အကျုံးဝင်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းလျာထားတင်ပြပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) နန်းဝိုးစိန်၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်တွင် မိုးလုံလေလုံ အားကစားရုံ(၁)ရုံနှင့် မြို့နယ်ဘောလုံးကွင်းအား မြေသားကွင်းအဆင့်မှ မြို့နယ်အဆင့် ဘောလုံးကွင်း (၁)ကွင်း၏ အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အားကစားရုံများ ဆောက်လုပ်ပေးလိုသော်လည်း ကိုယ်စားလှယ် တင်ပြထားသော မြို့မအားကစားကွင်းအတွင်းတွင် တစ်ဆက်တစ်စပ်တည်း လွတ်နေသည့်မြေနေရာ မရှိပါကြောင်း။
စံချိန်စံညွှန်းများနှင့်အညီ မြို့နယ်အဆင့်မိုးလုံလေလုံအားကစားရုံ(၁)ရုံ ဆောက်လုပ်မည်ဆိုပါက တစ်ဆက်တစ်စပ်တည်းရှိသည့် စတုရန်းပုံမြေဧရိယာ (အလျား ပေ ၁၄၀ x အနံ ပေ ၉၀) လိုအပ်မည်ဖြစ်ပြီး ကိုယ်စားလှယ်တင်ပြထားသည့် လျာထားမြေလွတ် ဧရိယာသည် (အလျား ပေ ၁၀၀x အနံ ပေ၅၀) သာရှိပြီး ကြက်လျှာစွန်း ပုံစံမြေဖြစ်နေသည့်အတွက် အားကစားရုံဆောက်လုပ်ရန် မြေဧရိယာလုံလောက်မှုမရှိပါကြောင်း။
သို့ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ် မြို့မအားကစားကွင်းအား မြို့နယ်အားကစား ကွင်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် ကနဦးအနေဖြင့် ဒေသမြက်စိုက်ပျိုးခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးရန်နှင့် ဆက်လက်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် စုစုပေါင်းခန့်မှန်းကုန်ကျငွေ ငွေကျပ်သန်း ၄၀ ကိုလည်းကောင်း၊ လိုအပ်လျက်ရှိသည့် ရုံးသုံးပစ္စည်းဖြစ်သည့် ကွန်ပျူတာ၊ ပရင်တာ တစ်စုံ ငွေကျပ် ၁၀ သန်းကိုလည်းကောင်း၊ ကိုယ်စားလှယ်တင်ပြချက်တွင်ပါရှိသည့် အများသုံးအိမ်သာ ၆ ခန်းတွဲ ၈ ပေ x ပေ ၃၀ တည်ဆောက်ခြင်း ငွေကျပ် ၂၅ သန်းအားလည်းကောင်း နီးစပ်ရာဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း၏ မကွေး တိုင်းဒေသကြီး၊ မင်းဘူး - ပွင့်ဖြူ - စလင်း - တညောင် - ဆိပ်ဖြူ - ချောက် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ စကုမြို့ မန်းတံတားမြောက်ဘက် မိုင်တိုင် (၁၁) မှ (၁၄/၄) အထိ ကတ္တရာလမ်း (၃ ဒသမ ၄)မိုင်အား ထပ်ပိုးခင်းပေးရန်နှင့် ဘေးဝဲ၊ ယာလမ်းပခုံးသားများကိုလည်း ခိုင်မာသည့် ကျောက်ချော သို့မဟုတ် ကွန်ကရစ်ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မင်းဘူး - ပွင့်ဖြူ - စလင်း- တညောင် - ဆိပ်ဖြူလမ်းပိုင်းအား ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိုင်တိုင် (၁၂/၁) မှ (၁၂/၄) အတွင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂ ဖာလုံ၊ မိုင်တိုင် (၁၂/၆) မှ (၁၂/၇) အတွင်း ကတ္တရာ လမ်းပေါက်များဖာထေး၍ ရေပိတ်လွှာလောင်းခြင်း ၁ ဖာလုံ ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုတိုင်းဒေသကြီး ရန်ပုံငွေတွင် မိုင်တိုင် (၁၄/၀) မှ (၁၄/၄) အထိ ၂၄ ပေအကျယ်လမ်းချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မြေနီအမာခံလမ်းပခုံးခင်း ခြင်း ၄ ဖာလုံ၊ မိုင်တိုင် (၁၁/၆) မှ (၁၃/၁) အတွင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၅ ဖာလုံဆောင်ရွက်ရန် လျာထားပါကြောင်း၊ မိုင်တိုင်(၁၁/၀)မှ (၁၄/၄)အတွင်း ကျန်ရှိသော လမ်းပိုင်းများအား လမ်းချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မြေနီအမာခံလမ်းပခုံးခင်းခြင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် နှစ်စဉ်ရန်ပုံငွေ လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁) ဦးဇော်မင်းထူး၏ ကယား ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီး လွိုင်ကော် - ပင်လောင်း - အောင်ပန်း လမ်းမကြီးပေါ်ရှိ မြောင်းဖြတ်တံတားအား အနီးစပ်ဆုံး ဘဏ္ဍာ ရေးနှစ်တွင် တိုးချဲ့ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မြောင်းဖြတ်တံတားသည် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသောလမ်းဖြစ်သည့် အောင်ပန်း- ပင်လောင်း - မိုးဗြဲ - လွိုင်ကော်လမ်း မိုင်တိုင်(၈၇/၅ - ၈၇/၆) အတွင်းတွင် တည်ရှိပါကြောင်း၊ ဆည်မြောင်း ဦးစီးဌာနမှ ၁၉၇၁ ခုနှစ်မှ ယနေ့အထိ တာဝန်ယူဆောင်ရွက်သော ဟိုတာတမံမှ မြောင်းဖြတ်တံတား နေရာအထိ မြောင်းအရှည် ပေ ၇၈၀၀ ရှိပြီး မြောင်းဝ အကျယ် ၉ ပေ၊ အောက်ခြေအကျယ် ၃ ပေနှင့်မြောင်းအနက် ၄ ပေ ရှိပါကြောင်း၊ ရေပေးမြောင်းနှင့် ဆက်သွယ်ထားသော မြောင်းဖြတ်တံတားသည် ဆည်ရေသောက် နွေသီးနှံဧက (၁၀၀)၊ မိုးသီးနှံဧက (၇၀၀)အတွက် အဆင်ပြေ လုံလောက်မှုရှိသော်လည်း ရေရှည်တွင် စိုက်ဧကများအား ပိုမိုရေပေးဝေနိုင်ရန် အတွက် အဆိုပါ မြောင်းဖြတ်တံတားအား ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်(ဖြည့်စွက်) ရန်ပုံငွေတွင် တိုးချဲ့ တည်ဆောက်နိုင်ရန် လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်စိုးစိုးမြင့်၏ ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ အမြန်လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်နှင့် အဆင့်မြှင့်တင်နိုင်ခြင်း မရှိသေးမီကာလအတွင်း လမ်းမျက်နှာပြင်၏ ချို့ယွင်း ပျက်စီးမှုများကို စနစ်တကျစစ်ဆေး၍ လက်ရှိ Concrete Pavement အပေါ် ခေတ်မီနည်းပညာများ နှင့်အညီ စနစ်တကျ Asphalt Overlay ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးသည် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ကတ္တရာကွန်ကရစ်လမ်းမိုင် အချိုး(၃၅ ရာခိုင်နှုန်း)နှင့် ကွန်ကရစ်လမ်းမိုင်အချိုး (၆၅ ရာခိုင်နှုန်း) ဖြစ်ပါကြောင်း၊ မိုင်တိုင် ၉၀/၀ မှ ၃၆၅/၃ အထိအပိုင်းသည် မန္တလေးငလျင်ကြောင့် များစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် လုံးဝကွဲကြေပျက်စီးသွားသော ကွန်ကရစ်လမ်းအလွှာများကို အသစ်ထပ်မံအစားထိုးတည်ဆောက် ခဲ့ပါကြောင်း၊ ကျန်ရှိသော ကွန်ကရစ်လမ်းပိုင်းများလည်း အနိမ့်အမြင့်များ ဖြစ်ပေါ်ကာ မျက်နှာပြင် မညီညာမှုများ ဖြစ်ပေါ်ခြင်း၊ အချို့သော လမ်းသား တာပေါင်အောက်များတွင်လည်း ခေတ်မီစမ်းသပ် စက်များဖြင့် စစ်ဆေးမှုများအရ ကလိုင်များဖြစ်ပေါ် နေခြင်းတွေ့ရှိရသည့်အတွက် လိုအပ်သော လမ်းသားမြှင့်တင်ခြင်းလုပ်ငန်းဖြစ်သည့် ဘိလပ်မြေအရော ဖျော်ရည်မှုတ်သွင်းခြင်းအား ကွန်ကရစ်လမ်းသားအောက်တွင် ဆောင်ရွက်ပြီး ကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်းဖြင့် မူလအရည်အသွေးရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် (၂၅)ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအရှည်စုစုပေါင်း (၂၄၄ မိုင်) ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို နှစ်အလိုက် ဘဏ္ဍာရန်ပုံ ငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်များတွင် တစ်နှစ်လျှင် ပျမ်းမျှလမ်းအရှည် (၃၁)မိုင်ခန့် တိုးတက်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုမူလငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကတ္တရာကွန်ကရစ်လမ်း မိုင်(၅၀) ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငွေလုံးငွေရင်း (ဖြည့်စွက်) ရန်ပုံငွေဖြင့်လည်း (၆ မိုင် ၄ ဖာလုံ) ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် (၂၅) ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း (၃၆ မိုင် ၄ ဖာလုံ) ဆောင်ရွက်ရန် ရန်ပုံငွေလျာထားတောင်းခံထားပြီး ဖြစ်ပါကြောင်း။
မူလရည်မှန်းချက်ဖြစ်သော ပေ(၅၀)အကျယ် (၂ လမ်းသွား အသွား/အပြန်) လမ်းအရှည် ၃၆၅ မိုင် ၃ ဖာလုံ အားလုံး ကတ္တရာကွန်ကရစ်လမ်း ဖြစ်မြောက်ရန် ကျန်ရှိသော လမ်းပိုင်းများအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် (၇၈ မိုင် ၄ ဖာလုံ)၊ ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်တွင် (၉၆ မိုင် ၇ ဖာလုံ)၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် (၇၅ မိုင် ၅ ဖာလုံ)၊ ၂၀၃၁-၂၀၃၂ ဘဏ္ဍာနှစ်တွင် (၅၄ မိုင် ၄ ဖာလုံ)၊ ၂၀၃၂-၂၀၃၃ ဘဏ္ဍာနှစ်တွင် (၇၂ မိုင် ၂ ဖာလုံ) ဆောင်ရွက်ရန် လျာထားသွားမည်ဖြစ်ပါကြောင်း။
ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (ဖြည့်စွက်)ရန်ပုံငွေဖြင့် ဆိုလာမီးတိုင် (၁၅၈)တိုင်နှင့် ယာဉ်အမြန်နှုန်းပြ Screen အခု(၂၀)၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် မူလငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာမီးတိုင် (၁၈၈)တိုင်နှင့် ယာဉ်အမြန်နှုန်းပြ Screen အခု(၂၀) ထပ်မံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကာအကွယ်တန်း (Guard Rail)များကိုလည်း အလားတူနေရာများတွင် ဦးစားပေးတပ်ဆင်ပေးလျက်ရှိပါကြောင်း။
CCTV Camera များအား Toll Plaza (၆)ခုတွင်သာ တပ်ဆင်ထားနိုင်ပြီး ကျန်နေရာများကို နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်တပ်ဆင်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လမ်းတစ်လျှောက် အရေးပေါ်ယာဉ်ရပ်နား ရန်နေရာများအတွက် ရန်ကုန် - နေပြည်တော် လမ်းပိုင်းတွင် စုစုပေါင်း(၈)နေရာ လျာထားပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဖြည့်စွက်)ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား ပုဂ္ဂလိကကဏ္ဍသို့ PPP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်စေရန်ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ မန္တလေး - မိတ္ထီလာ လမ်းပိုင်းတွင် နေပြည်တော် - ကျောက်ဖြူလမ်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ် အဖြစ်လည်းကောင်း၊ မိတ္ထီလာ - ဘောနတ်ကြီး(ပဲခူး) လမ်းပိုင်းတွင် အိန္ဒိယ- မြန်မာ - ထိုင်း (၃)နိုင်ငံ လမ်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်းကောင်း၊ နိုင်ငံတကာ ချေးငွေ / ထောက်ပံ့ငွေတို့ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ပါဝင်လာနိုင်သည့် အခြေအနေရှိပါသဖြင့် လတ်တလောပုဂ္ဂလိကကဏ္ဍသို့ တာဝန်ပေးအပ်ဆောင်ရွက်ခြင်း မပြုနိုင်သေးသော အခြေအနေဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈) ခွန်စောလွင်၏ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာ အုပ်စုပင်ဖြစ် - ဘုရားကုန်း - ဆတ်သေ ကျေးရွာချင်း ဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မူလအမာခံလမ်းမှ (၁၂) ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း ၁ ဖာလုံ၊ လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ ဖာလုံနှင့် လမ်းပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် အမာခံလမ်းပြုပြင်ခြင်း ၁ ဒသမ ၅ ဖာလုံ၊ လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ ဖာလုံနှင့် လမ်းပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် လျာထားပါကြောင်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန်ကျန်ရှိသော အမာခံလမ်းပိုင်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ (ဖြည့်စွက်)ရန်ပုံငွေမှစတင်၍ နှစ်အလိုက် ရန်ပုံငွေ လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်းအတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးကျော်ကျော်လတ်၏ မြန်မာနိုင်ငံတွင် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သော တစုတစည်းတည်းသော ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေ (Personal Data Protection Law) တစ်ရပ်အား အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးပြည့်ဖြိုးစံက ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေပြဋ္ဌာန်းခြင်းသည် နည်းပညာပိုင်းဆိုင်ရာကိစ္စ မဟုတ်ပါကြောင်း၊ တည်ဆဲအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက ရေးဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေတို့ရှိပြီးဖြစ်၍ သီးခြားဥပဒေ မလိုအပ်ဟု ယူဆစရာရှိနိုင်ပါကြောင်း၊ သို့သော်လည်း ဆိုက်ဘာလုံခြုံရေးဥပဒေသည် နည်းပညာစနစ်နှင့် ကွန်ရက်များကို ပြင်ပတိုက်ခိုက်မှုမှ ကာကွယ်ရန်သာ အဓိကထားပါကြောင်း။
ထို့ကြောင့် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းသည့်အခါ သီးခြားလွတ်လပ်သည့် ကော်မရှင်ဖွဲ့စည်းခြင်း၊ အချိုးကျဒဏ်ကြေးနှင့် လျော်ကြေးပေးရေး၊ Data Protection Officer (DPO) ခန့်အပ်ရေး၊ အစိုးရဌာနများပါ အကျုံးဝင်စေရေးတို့ကို ထည့်သွင်းသင့်ပါကြောင်း၊ ယင်းအချက်များကို ထည့်သွင်းစေခြင်းဖြင့် ပြည်တွင်း MSME လုပ်ငန်းများသည် နိုင်ငံတကာနှင့် ဒေတာချိတ်ဆက်လုပ်ကိုင်နိုင်မည် ဖြစ်သကဲ့သို့ ဒေတာ မှောင်ခိုရောင်းချမှုများကို တားဆီးနိုင်ပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုများကိုပါ အထိုက်အလျောက် လျော့နည်းသွားစေမည်ဟု ထင်မြင်မိပါကြောင်း၊ နိုင်ငံတော်လုံခြုံရေးကို ထိန်းသိမ်းနိုင်သကဲ့သို့ ပြည်သူလူထု၏ မူလအခွင့်အရေးများကိုလည်း အပြည့်အဝကာကွယ်ပေးနိုင်ပြီး နိုင်ငံတကာစံနှုန်းမီ ဒီဂျစ်တယ်စီးပွားရေးစနစ် တည်ဆောက်နိုင်ရန်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈) ဦးကြည်လင်းထက်က ကိုယ်ရေးအချက်အလက်ဆိုသည်မှာ အခြားသူများက စုဆောင်း၊ အသုံးပြု၊ မျှဝေနိုင်သည့် ဒြပ်မဲ့ပစ္စည်းတစ်ခု မဟုတ်ပါကြောင်း၊ အချက်အလက်ပိုင်ရှင်များအတွက် မိမိ၏ အချက်အလက်ကိုသိရှိခွင့်၊ မှားယွင်းနေပါက ပြင်ဆင်ခွင့်၊ သတ်မှတ်ချက်များနှင့်အညီ ပယ်ဖျက်ခွင့်၊ အသုံးပြုမှုအတွက် ရှင်းလင်းသော သဘောတူညီချက်ပေးခွင့်တို့ကို ဥပဒေအရ အာမခံပေးရန် လိုအပ်လာပါကြောင်း၊ ယင်းအချက်သည် နိုင်ငံသားများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လက်တွေ့ကျကျကာကွယ်ပေးနိုင်မည့် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ လက်ရှိတွင် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာဥပဒေများ၊ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများနှင့် အခြားသက်ဆိုင်ရာ စည်းမျဉ်းများရှိနေသော်လည်း ကိုယ်ရေးအချက်အလက်များကို ဘက်စုံ လွှမ်းခြုံသော ဥပဒေတစ်ရပ်ဖြင့် စနစ်တကျသတ်မှတ်ပေးရန် လိုအပ်နေပါကြောင်း။
ထို့ကြောင့် Personal Data Protection Law သည် လက်ရှိဥပဒေများကို အစားထိုးရန် သာမက သက်ဆိုင်ရာဥပဒေများအကြား ချိတ်ဆက်ညှိနှိုင်းပေးနိုင်သည့် အဓိကဥပဒေတစ်ရပ် ဖြစ်သင့်ပါကြောင်း၊ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းရာတွင် လွတ်လပ်၍ အမှီအခိုကင်းသော Data Protection Authority တစ်ရပ် ဖွဲ့စည်းပေးရန်လည်း လိုအပ်ပါကြောင်း၊ ဥပဒေသည် လုံခြုံရေးကိုသာ အလေးထားသော Security-Centric ပုံစံမဟုတ်ဘဲ နိုင်ငံသား၏ ကိုယ်ပိုင်လွတ်လပ် ခွင့်ကို အခြေခံသည့် Privacy-Centric ပုံစံဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေသည် နည်းပညာဖွံ့ဖြိုးတိုးတက် ရေးအတွက်သာမက နိုင်ငံသားအခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ဥပဒေတစ်ရပ်ဖြစ်သည့်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈) ဦးရဲထွဋ်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးခဲချိန်နှင့် ပဲခူးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်နီနီမာတို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က အများပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်မည်ဆိုပါက အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား အပြန်အလှန်ယုံကြည်မှုရှိသော ဒီဂျစ်တယ်ဂေဟစနစ် တည်ဆောက်နိုင်ရေးကို အထောက်အကူပြုပြီး ဒီဂျစ်တယ်စီးပွားရေး၏ အကျိုးကျေးဇူးများကို ဘေးကင်းလုံခြုံစွာ အပြည့်အဝခံစားနိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေပြဋ္ဌာန်းမည်ဆိုပါက မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေများဖြစ်သော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေများကဲ့သို့ ဆက်စပ်ဥပဒေများနှင့်မဆန့်ကျင်ဘဲ ဟန်ချက်ညီ ပေါင်းစပ်ရေးဆွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်ကို ထိထိရောက်ရောက်နှင့် လျင်လျင်မြန်မြန်ကာကွယ်နိုင်ရန်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးနည်းဥပဒေ (Personal Data Protection Regulation)တစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ကိုယ်ရေးဆိုင်ရာအချက်အလက်ကာကွယ်ခြင်း နည်းဥပဒေကို အခန်း(၉)ခန်းဖြင့် ပြုစုရေးဆွဲလျက်ရှိပါကြောင်း။
အဆိုပါ နည်းဥပဒေမူကြမ်းတွင် ကိုယ်ရေးဆိုင်ရာအချက်အလက်ပိုင်ရှင်၏ သဘောတူညီချက်နှင့် အခွင့်အရေးများကို သီးခြားအခန်းတစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲထားပြီး ကိုယ်ရေးဆိုင်ရာ အချက် အလက်ပိုင်ရှင်၏ အချက်အလက်များကို ကောက်ခံသည့်အခါ အတင်းအကျပ်ပြုမှု၊ မသင့်လျော်သော လွှမ်းမိုးမှုမျှမပြုဘဲ လွတ်လပ်သောဆန္ဒဖြင့် ပေးအပ်ခြင်းဖြစ်ရန်နှင့် အချက်အလက်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ နည်းလမ်း၊ အသုံးပြုရမည့် အခြေအနေ၊ သက်ဆိုင်ရာအခွင့်အလမ်းများကို ကြိုတင်အသိပေးပြီးမှ တောင်းခံရန် စသည့်အချက်များ ပါဝင်ပါကြောင်း။
ထို့ပြင် အချက်အလက်များ စီမံထိန်းသိမ်းထားမှု နှင့်စပ်လျဉ်း၍ စိစစ်သိရှိခွင့်၊ ကြည့်ရှုခွင့်နှင့် မိတ္တူတောင်းခံရယူခွင့် စသည့်အချက်များကို ထည့်သွင်းထားပြီး မလိုအပ်ဘဲ သို့မဟုတ် မလျော်ကန်စွာ ထိန်းသိမ်းထားသည့် အချက်အလက်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခြင်း၊ အခြားဝန်ဆောင်မှု ပေးသူထံသို့လွှဲပြောင်းရန် တောင်းဆိုခြင်းအပြင် အချက်အလက်စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းတို့ကိုပါ ကန့်ကွက်ငြင်းပယ်ခွင့် စသည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အပြီးသတ်ညှိနှိုင်းဆောင်ရွက်မှုများ ပြီးစီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်မီ၍ ဘက်စုံလွှမ်းခြုံနိုင်သော တစုတစည်းတည်း ကိုယ်ရေးအချက်အလက်ကာကွယ်ရေးနည်းဥပဒေတစ်ရပ်အနေဖြင့် လျင်မြန်စွာပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေပါကြောင်း။
ဥပဒေတစ်ရပ်အနေဖြင့် သီးခြားပြဋ္ဌာန်းမည်ဆိုပါက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြန်လည်ညှိနှိုင်း ခြင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတို့၏ သဘောထားမှတ်ချက်များရယူခြင်း စသည့် လုပ်ငန်းစဉ်များအပြင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အခန်း(၁၀)ပါ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်ပုဒ်မများကို ရုပ်သိမ်း၍ ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များကို ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းနိုင်မည့် အချိန်ကာလသည် နည်းဥပဒေပြဋ္ဌာန်းနိုင်မည့် အချိန်ကာလထက် ပိုမို အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားအား မေးမြန်းရာ အဆိုရှင်က အဆိုအား အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုအားအတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့