Myanmar National Post

သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် လူရည်ချွန်များအား သုဝဏ္ဏဘူမိသထုံအင်း (ရန်ကုန်) မှ ဂုဏ်ပြုချီးမြှင့်‎



‎သထုံ    ၊    နိုဝင်ဘာ        ၁၄‎

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် လူရည်ချွန်များအား သုဝဏ္ဏဘူမိသထုံအသင်း (ရန်ကုန်)မှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဗိုလ်တေဇခန်းမ၌ ကျင်းပပြုလုပ်သည်။‎အခမ်းအနားတွင် ဦးစွာ သုဝဏ္ဏဘူမိသထုံအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးသက်အောင်နှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့က အမှာစကားများပြောကြားပြီး မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူက ‎အထက်တန်းနှင့် အလယ်တန်းအဆင့် လူရည်ချွန်များနှစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။‎‎ဆက်လက်၍ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် သုဝဏ္ဏဘူမိသထုံအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတို့က  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူး ခြောက်ဘာသာမှ တစ်ဘာသာအထိ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ အသင်းတာဝန်ရှိသူတို့က အလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ကို ပြုလုပ်ကြပြီးနောက် ငါးဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။‎အဆိုပါဂုဏ်ပြုပွဲတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် လူရည်ချွန် ၂ ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၃ ဦး အပါအဝင် ဂုဏ်ထူးရကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၀ ဦးတို့အားဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post