ရန်ကုန် နိုဝင်ဘာ ၁၃
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၏ မြေငလျင် ခံနိုင်ရည် သုတေသနလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခြင်း ဂုဏ်ပြုပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ပါဝင်ဆောင်ရွက်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ သုတေသနလုပ်ငန်း များတွင် လေ့ကျင့်သင်ယူခဲ့ကြသော အင်ဂျင်နီယာများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဂုဏ်ပြုပွဲတွင် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများနှင့် စေတီပုထိုးများကို ထိရောက်စွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းခြင်းအတွက် သုတေသနနှင့် သင်တန်းကို တွဲဖက်ဆောင်ရွက် ခဲ့မှုသည် များစွာအကျိုးကျေးဇူးများရရှိခြင်း၊ နောင်တွင်ဖြစ်ပေါ် လာနိုင်သည့် ငလျင်ဒဏ်ခံနိုင်ရည် ရှိသည့် ပြုပြင်ထိန်းသိမ်းရေး နည်းလမ်းများရရှိခြင်း၊ စေတီ၊ ပုထိုးများ ရေရှည်ကြံ့ခိုင်စေရန် ကြိုတင် အားဖြည့်မှုဆိုင်ရာ သုတေသနရလဒ် အချက်အလက်များ ဖော်ထုတ်နိုင်ခြင်းနှင့် သုတေသနနှင့် သင်တန်းတွင် လေ့ကျင့် သင်ယူခဲ့ကြသည့် အင်ဂျင်နီယာ ဝန်ထမ်းများ၏ နည်းပညာနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာခြင်းစသည့် အကျိုးကျေးဇူးများနှင့် ရလဒ်များရရှိသည့်အတွက် အဖိုးတန်လှသော သုတေသနလုပ်ငန်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၆ ငလျင်အလွန် ပြန်လည် ထူထောင်ရေးနှင့် သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်က ၂၀၁၇ ခုနှစ် မှစတင်၍ ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ စေတီပုထိုးများ၏ မြေငလျင်ခံနိုင်ရည်နှင့် ကြိုတင် အားဖြည့်မှုဆိုင်ရာ သုတေသန လုပ်ငန်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၏ မြေငလျင် ခံနိုင်ရည် သုတေသနလုပ်ငန်းများ ကို ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင်အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းကြောင့် ပုဂံဒေသ အတွက်သာမက မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြားသော ငလျင်ဒဏ်သင့် ဒေသများနှင့် ရှေးဟောင်း အမွေအနှစ်နယ်မြေများ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိလာ မည်ဖြစ်သည်။ အဆိုပါသုတေသနမှ ရရှိလာသော မြေငလျင်ခံနိုင်ရည်နှင့် ကြိုတင်အားဖြည့်မှုဆိုင်ရာ နည်းပညာများကို အင်းဝ၊ ပင်းယ၊ မန္တလေး၊ စစ်ကိုင်း အစရှိသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ရှိ စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် စံပြ နည်းပညာအဖြစ် အသုံးချသွားနိုင်မည်ဖြစ်ပြီး မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးထိခိုက်ခဲ့သည့် ဒေသများရှိ ရှေးဟောင်းဗိသုကာ လက်ရာများကို ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာမပျက်စေဘဲ ခေတ်မီ ငလျင်ဒဏ်ခံစနစ်များ ပေါင်းစပ်အသုံးပြုနိုင်မည့် နည်းလမ်းများ ရရှိလာမည်ဖြစ်ပြီး နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေး အန္တရာယ်များ အတွက်လည်း ထိခိုက်ဆုံးရှုံးနိုင်ခြေများသော ဒေသ များ၌ ကြိုတင်အားဖြည့်ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒနှင့် စီမံချက်များကိုလည်း စနစ်တကျ ချမှတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်