
NVIDIA ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ဝင်ရာထူးများမှ Jensen Huang နုတ်ထွက်
NVIDIA ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့က Jensen Huang သည် ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဒါရိုက်တာအဖွဲ့ဝင် ရာထူးများမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်းနှင့် ချက်ချင်းအကျိုးသက်ရောက်မှုရှိကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။

အိမ်ဖြူတော်မြောက်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ လေးဦး ဒဏ်ရာရ
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်၏ မြောက်ဘက် တစ်မိုင်ခန့် (၁.၆ ကီလိုမီတာခန့်) အကွာရှိ Logan Circle ရပ်ကွက်တွင် နိုဝင်ဘာ ၁၂ ရက် နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

နယူးယောက်မြို့တွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ရှစ်ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရ
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် အနည်းဆုံး လူ ရှစ်ဦး သေဆုံးပြီး အခြားသူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် Zohran Mamdani က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သလို လူလေးဦးမှာ အခြေအနေစိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဂါဇာဆေးရုံကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ခြောက်ဦး သေဆုံး
ပါလက်စတိုင်း လုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း၊ ခန်ယွန်းနစ်မြို့ရှိ Nasser Medical Complex ဆေးရုံ၏ ခွဲစိတ်ကုသရေးဌာနကို နိုဝင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းပြည်သူ အနည်းဆုံး ခြောက်ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အစ္စရေးလေယာဉ်တစ်စင်းက ခွဲစိတ်ကုသရေးဌာန တည်ရှိရာ ဆေးရုံအဆောက်အအုံ၏ ဒုတိယထပ်သို့ ဒုံးကျည် အနည်းဆုံးတစ်စင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခွဲစိတ်ကုသရေးဌာနနှင့် အနီးပတ်ဝန်းကျင်ရှိ ဆေးရုံအခန်းများမှာ အကြီးအကျယ် ပျက်စီးခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတက ဒုတိယသမ္မတ၏ ရာထူးမှနုတ်ထွက်မှုကို လက်ခံ
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဒုတိယသမ္မတ Gibran Rakabuming Raka ၏ ရာထူးမှနုတ်ထွက်မှုကို လက်ခံလိုက်ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတ ပရာဘိုဝိုသည် သမ္မတအိမ်တော်၌ ဒုတိယသမ္မတ Gibran နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Nov. 13
Jensen Huang resigns as president, CEO, board member of NVIDIA
NVIDIA Board of Directors announced Thursday that Jensen Huang has resigned as president, CEO, and a member of the board, effective immediately.
4 injured in shooting north of White House
Four people were injured in a shooting about one mile (1.6 km) north of the White House in Washington D.C.'s Logan Circle neighborhood early Thursday, U.S. media reported.
8 killed, 17 injured in NYC building collapse
At least eight people were killed and 17 others injured in a building collapse in New York City, Mayor Zohran Mamdani said Thursday.
Four people are in critical condition as rescue operations continue, authorities said.
At least 6 killed in Israeli strike on Gaza hospital
At least six Palestinians were killed and more than 20 others wounded early Thursday in an Israeli airstrike on the surgery department of Nasser Medical Complex in Khan Younis, southern Gaza Strip, Palestinian security and medical sources said.
Security sources told Xinhua that an Israeli aircraft fired at least one missile at the second floor of the complex, which houses the surgery department, causing extensive damage to the department and nearby sections.
Indonesian president says he accepts vice president's resignation
Indonesian President Prabowo Subianto said Thursday that he accepted the resignation of Vice President Gibran Rakabuming Raka.
Prabowo made the remarks at a press conference alongside Gibran at the Presidential Palace.