.

Oaxaca (မက္ကဆီကို)၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် နှစ်ရာချီက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့နှင့် မက္ကဆီကိုနိုင်ငံ Acapulco မြို့ကို အသွားအပြန် ပြုလုပ်သည့် ရွက်လွှင့်သင်္ဘောကြီးသည် တရုတ်နိုင်ငံမှ ပိုးထည်၊ ကြွေထည် စသည့် ထုတ်ကုန်များကို အမေရိကတိုက်သို့ ပို့ဆောင်ပေးခဲ့သည်။ တရုတ်နိုင်ငံ ကွမ်ကျိုးနှင့် ပုလဲမြစ်ဝကျွန်းပေါ်ဒေသအချို့မှ ထွက်သည့် ကွမ်တုန်းပန်းချည်ထိုး ခြုံထည်သည် မနီလာမြို့မှတစ်ဆင့် နောက်ဆုံး စပိန် စသည့်ဒေသများသို့ ပို့ဆောင်ရောက်ရှိ ရောင်းချသဖြင့် “မနီလာခြုံထည်” ဟုလည်း နာမည်တွင်ခဲ့သည်။
ယနေ့ခေတ် Tehuana ဝတ်စုံ၏ ဂျာကင်အင်္ကျီတိုများတွင်ထိုးထားသည့် ချည်ပန်းထိုးဒီဇိုင်းများသည် မနီလာခြုံပုဝါတွင်ပါရှိသည့် ဂန္ထဝင်ဒီဇိုင်းနှင့် ဆက်စပ်မှုရှိသည်ဟု မက္ကဆီကိုဝတ်စုံ လေ့လာသူများက ယူဆသည်။ မက္ကဆီကို၏ သက်ဆိုင်ရာ ယဉ်ကျေးမှုမှတ်တမ်းများတွင်လည်း မက္ကဆီကိုနိုင်ငံသို့ “တရုတ်သင်္ဘော” ကုန်သွယ်ရေးနှင့် ဝင်ရောက်လာသောအထည်များ၏ သက်ရောက်မှုကြောင့် ၂၀ ရာစုနှစ် အစောပိုင်း Tehuana ဝတ်စုံ အဆင်အပြင်များသည် ဂျီဩမေတြီပက်တမ်များမှ ပန်းပွင့်အသားပေးသည့်ပုံစံများသို့ တဖြည်းဖြည်း ပြောင်းလဲလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယနေ့ခေတ် ကွမ်းတုန်းပန်ထိုးခြုံပုဝါများတွင် ရိုးရာအစဉ်အလာကိုလက်ဆင့်ကမ်းထိန်းသိမ်းရင်း ဆန်းသစ်တီထွင်များဆက်လက် လုပ်ဆောင်နေခြင်းဖြစ်ရာ Tehuana ပန်းထိုးဝတ်စုံများသည် ပွဲတော်နှင့် နေ့စဉ်လူနေမှုဘဝများအကြား ဆက်လက်ပါဝင်ရှင်သန်နေဆဲဖြစ်သည်။ ပိုးချည်မျှင်လေးတစ်မျှင်သည် ပစိဖိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး မတူညီသောယဉ်ကျေးမှုများအကြားကူးလူးဖလှယ်၍ အပြန်အလှန်လေ့လာသင်ယူကာ ကိုယ်ပိုင်ဟန်ဖြင့် ကိုယ်စီတိုးတက်မှုကို သက်သေထူလျက်ရှိပေသည်။ (Xinhua)
---------------------
(Chinese Version)
镜头连中外|一根丝线跨越太平洋
新华社照片,瓦哈卡(墨西哥),2026年11月13日
数百年前,往返菲律宾马尼拉与墨西哥阿卡普尔科的大帆船,将中国丝绸、瓷器等商品运抵美洲。产自广州及珠江三角洲部分地区的广绣披肩经马尼拉转运,最终销往西班牙等地,因而被称为“马尼拉披肩”。有墨西哥服饰研究者认为,现代特瓦纳服饰中短款上衣的绣花纹样与马尼拉披肩的经典设计有联系。墨西哥有关文化档案中也提到,受到随“中国船”贸易进入墨西哥的织物影响,到20世纪初,特瓦纳服饰的装饰逐渐从几何图案转向花卉图案为主。
如今,广绣披肩在传承中持续创新,特瓦纳花衣仍活跃在节庆与日常生活之中。一根丝线跨越太平洋,见证不同文化在交流互鉴中彼此汲取、各自生长。
图说1:这是7月27日在墨西哥瓦哈卡州瓦哈卡市的盖拉盖查节庆典上拍摄的穿着特瓦纳花衣的小观众。 新华社记者 柳文惠 摄
图说2:8月20日,在广东佛山,广东省工艺美术协会副会长、粤绣(广绣)顺德区级非遗代表性传承人郑茵(右)与绣工研究刺绣样板。新华社记者 毛思倩 摄








