Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

ပူတင်က ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ဥရောပ ပါဝင်လာခွင့်ပြုရန် စမ်းသပ်ဆောင်ရွက်လိုသည့် ဆန္ဒရှိဟု အမေရိကန် အထူးကိုယ်စားလှယ် ပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဥရောပနိုင်ငံများ ပါဝင်ခွင့်ပြုရန် “စမ်းသပ်ဆောင်ရွက်လိုသည့်” ဆန္ဒရှိကြောင်း အမေရိကန် အထူးကိုယ်စားလှယ် Jared Kushner က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သလို အခြားသံတမန်တစ်ဦးဖြစ်သော Steve Witkoff ကလည်း လာမည့် ဆွေးနွေးပွဲတွင် ဥရောပကိုယ်စားလှယ်များ ပါဝင်လာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

Kushner နှင့် Witkoff တို့သည် နိုဝင်ဘာ ၁၂ ရက် အစောပိုင်းတွင် မော်စကိုမြို့၌ ပူတင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ဆွေးနွေးရန် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့သို့ သွားရောက်ခဲ့ကြသည်။

Kushner က ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ဥရောပနိုင်ငံများအား မပါဝင်ဘဲ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်နိုင်မည်မဟုတ်ကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ ပူတင်နှင့် ဆွေးနွေးရာတွင် တိုးတက်မှုများ ရရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

အကူအညီပေးမှု ကန့်သတ်ချက်များ ဖြေလျှော့ရန် နိုင်ငံတကာဖိအားများ မြင့်တက်လာစဉ် ဆောင်းရာသီအတွက် လူသားချင်းစာနာမှုအကူအညီများ ဂါဇာသို့ ပိုမိုဝင်ရောက်လျက်ရှိဟု အစ္စရေးပြောကြား

ဂါဇာကမ်းမြောင်ဒေသသို့ ယာယီတဲအလုံးရေ ၉၃,၀၀၀ ကျော်နှင့် ဆောင်းရာသီအတွက် အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် အစီးရေ ၈,၆၀၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အစ္စရေးက နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့မှုအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးရန် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၅၀ ကျော်က အစ္စရေးကို တိုက်တွန်းခဲ့ပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မိလ္လာစုပ်ယူရေးယာဉ် ၁၆ စီးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ဝင်ရောက်ခွင့်ကိုလည်း ခွင့်ပြုထားပြီးဖြစ်သလို ရေပေးဝေရေးနှင့် ရေနုတ်မြောင်းစနစ် အခြေခံအဆောက်အအုံများ ပြုပြင်ရေးလုပ်ငန်းများကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အစ္စရေးစစ်တပ်၏ ပြောကြားချက်အရ သိရသည်။

စစ်တပ်၏ ထုတ်ပြန်ချက်တွင် “ဆေးဘက်ဆိုင်ရာကဏ္ဍ၌ မကြာသေးမီ သီတင်းပတ်များအတွင်းက ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများနှင့် ဆေးဝါးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ရာပေါင်းများစွာ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခဲ့ပြီး ဆေးရုံများနှင့် ဆေးခန်းများသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ကြောင်း” ဖော်ပြထားသည်။

အီရန်စစ်ပွဲ ပြန်လည်စတင်ရန် နေတန်ယာဟုက ထရမ့်ကို တိုက်တွန်းနေချိန်တွင် မော့ဆက်အကြီးအကဲ အမေရိကန်သို့ သွားရောက်

အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်အဖွဲ့ (Mossad) ၏ အကြီးအကဲသည် နိုဝင်ဘာ ၁၃ ရက်တွင် ဝါရှင်တန်မြို့သို့ သွားရောက်နေကြောင်းနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ပြန်လည်စတင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းလျက်ရှိကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

နေတန်ယာဟုနှင့် နီးစပ်သည့် မော့ဆက်အကြီးအကဲ Roman Gofman သည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ညွှန်ကြားရေးမှူး John Ratcliffe နှင့် တွေ့ဆုံနေပြီး အိမ်ဖြူတော်အထူးသံတမန် Steve Witkoff နှင့် ဆွေးနွေးရန် မိုင်ယာမီမြို့သို့လည်း သွားရောက်ဖွယ်ရှိကြောင်း   အမေရိကန်အွန်လိုင်းသတင်းဌာန Axios က အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် သုံးဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။

မော့ဆက်၊ CIA နှင့် အိမ်ဖြူတော်တို့ကမူ အဆိုပါသတင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားရေဆိုးများ ပင်လယ်ထဲသို့ စွန့်ထုတ်မှု စုစုပေါင်း တန်ချိန် ၁၉၀,၀၀၀ ကျော်ရှိလာ

ဂျပန်နိုင်ငံရှိ ပျက်စီးနေသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ ၂၅ ကြိမ်မြောက် နျူကလီးယားရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ထုတ်ရေးအစီအစဉ်ကို နိုဝင်ဘာ ၁၃ ရက်တွင် အပြီးသတ်လုပ်ဆောင်ခဲ့ရာ ပင်လယ်ထဲသို့ စွန့်ထုတ်ခဲ့သည့် ရေပမာဏ စုစုပေါင်းမှာ တန်ချိန် ၁၉၆,၀၀၀ ခန့်အထိ ရှိလာခဲ့ပြီဖြစ်သည်။

အဆိုပါစက်ရုံကို လည်ပတ်နေသည့် Tokyo Electric Power Company Holdings ၏ ထုတ်ပြန်ချက်အရ ယခုရေစွန့်ထုတ်မှုမှာ ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း သတ္တမအကြိမ်မြောက်ဖြစ်ကာ အောက်တိုဘာ ၂၆ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့စွန့်ထုတ်ခဲ့သော တန်ချိန် ၇,၈၃၅ ရှိသော နျူကလီးယားရေဆိုးများထဲ၌ ရေဒီယိုသတ္တိကြွ ထရစ်တီယမ် (Tritium) ပမာဏ ဘက်ကရယ်လ် ၁.၄ ထရီလီယံခန့် ပါဝင်ကြောင်း သိရသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများနှင့် ကန့်ကွက်မှုများ ရှိနေသော်ငြားလည်း ဂျပန်နိုင်ငံက ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဖူကူရှီးမား ဒိုင်အိချိစက်ရုံမှ နျူကလီးယားရေဆိုးများကို ပင်လယ်ထဲစွန့်ထုတ်ခြင်းကို တစ်ဖက်သတ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အချိန် ခြောက်လပြည့်ချိန်တွင် အီဘိုလာရောဂါ ကူးစက်ခံရသူ ၁၁,၀၀၀ ကျော်ရှိလာ၊ ရောဂါတုံ့ပြန်ရေး စိန်ခေါ်မှုများ ဆက်လက်ရှိနေကြောင်း အာဖရိက CDC ပြောကြား

Bundibugyo အမျိုးအစား အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှု စတင်ခဲ့သည်မှာ ခြောက်လပြည့်လာချိန်တွင် အတည်ပြုလူနာ အရေအတွက် ၁၁,၀၀၀ ကျော်အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်အနေဖြင့်လည်း ဆက်လက်မြင့်တက်နေကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။

လက်ရှိအီဘိုလာရောဂါ ဖြစ်ပွားမှုမှာ အာဖရိကတိုက်ရှိ ကျန်းမာရေးလုံခြုံမှုစနစ်အတွက် စမ်းသပ်မှုတစ်ရပ်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာဖရိက CDC က ပြောကြားခဲ့ပြီး လူသေစေနိုင်သော အဆိုပါဗိုင်းရပ်စ်ကို တုံ့ပြန်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် နှောင့်နှေးစေသည့် အခက်အခဲများနှင့် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း စိုးရိမ်မှုထုတ်ဖော်ခဲ့သည်။

Africa CDC တာဝန်ရှိသူ Wessam Mankoula က “ဒီရောဂါကူးစက်မှု စတင်ခဲ့တာ ခြောက်လပြည့်တဲ့အချိန်မှာ တိုးတက်မှုအချို့ ရရှိခဲ့ပေမဲ့ လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ စိန်ခေါ်မှုတွေ အများအပြား ရှိနေဆဲပဲဆိုတာ တွေ့ရှိခဲ့ရပါတယ်။ အခက်အခဲအများစုဟာ ရောဂါကူးစက်မှု အဓိကဖြစ်ပွားနေတဲ့ အချက်အချာဒေသဖြစ်တဲ့ ကွန်ဂိုနိုင်ငံ (DRC) မှာ စုပြုံဖြစ်ပွားနေပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

………..

(English Version)

Daily World Briefing, Nov. 14

U.S. envoy says Putin willing to try bringing Europe into Ukraine peace talks

U.S. envoy Jared Kushner said Thursday that Russian President Vladimir Putin would give European participation in Ukraine peace talks "a try," while fellow envoy Steve Witkoff said European representatives would join the next round of negotiations.

Kushner and Witkoff met Putin in Moscow earlier Thursday before traveling to Dublin for talks with Ukrainian President Volodymyr Zelensky.

Kushner said that the peace deal cannot be concluded "without the Europeans being at the table" and that progress had been made with Putin on the issue.

Israel says more winter aid entering Gaza amid int'l pressure to ease restrictions

Israel said Friday that more than 93,000 tents and over 8,600 truckloads of winter supplies had entered the Gaza Strip, a day after more than 50 countries and international organizations urged it to ease restrictions on humanitarian deliveries.

The Israeli military said it had also approved the entry of 16 sewage vacuum trucks and medical equipment, and was coordinating repairs to water and drainage infrastructure.

"In the medical sector, hundreds of trucks carrying medical equipment and medications have entered the Gaza Strip in recent weeks, with supplies delivered directly to hospitals and clinics," it said.

Mossad chief visits U.S. as Netanyahu pushes Trump to resume Iran war: report

Head of Israel's intelligence agency Mossad is visiting Washington on Friday as Israeli Prime Minister Benjamin Netanyahu presses U.S. President Donald Trump to resume military operations against Iran, U.S. media reported.

Mossad chief Roman Gofman, a close Netanyahu ally, is meeting CIA Director John Ratcliffe and is expected to travel to Miami for talks with White House envoy Steve Witkoff, according to U.S. online media Axios, citing three sources familiar with the matter.

Mossad, the CIA and the White House declined to comment, said the report.

Japan's cumulative release of Fukushima nuclear-contaminated wastewater tops 190,000 tonnes

The 25th round of ocean discharge of nuclear-contaminated wastewater from Japan's crippled Fukushima Daiichi Nuclear Power Plant was completed on Friday, bringing the cumulative volume released to about 196,000 tonnes.

According to Tokyo Electric Power Company Holdings, the plant's operator, the latest release, the seventh in fiscal 2026, began on Oct. 26 and saw 7,835 tonnes of nuclear-contaminated wastewater containing approximately 1.4 trillion becquerels of radioactive tritium discharged into the ocean.

Despite concerns and opposition from the international community, Japan unilaterally launched the discharge of nuclear-contaminated wastewater from the Fukushima Daiichi plant into the ocean in August 2023.

Ebola cases top 11,000 at 6-month mark, challenges remain: Africa CDC

The number of confirmed Ebola cases has surpassed 11,000 with the death toll still rising, as Africa marked six months since the beginning of the Bundibugyo Ebola outbreak, the Africa Centers for Disease Control and Prevention (Africa CDC) has said.

Addressing an online media briefing on Thursday evening, Africa CDC described the ongoing Ebola outbreak as a test of health security in Africa, voicing concerns over existing constraints and gaps hindering response and prevention efforts against the deadly virus.

"As we mark six months since the beginning of this outbreak, while we are having some progress, the past six months have showed that we are still facing challenges. Most of those challenges are concentrated in the epicenter of this outbreak, the Democratic Republic of the Congo," said Wessam Mankoula, an Africa CDC official.

မူရင်းသတင်း — Xinhua Myanmar