NP News

အီရန်နှင့်သဘောတူညီချက်တစ်ခုရယူရန် မလိုအပ်တော့ဟု ဒေါ်နယ်ထရမ့်ပြော

Pika (NP News) - နိုဝင်ဘာ ၁၄

အီရန်နိုင်ငံနှင့် သဘောတူညီချက်တစ်ခု ရယူရန် မလိုအပ်တော့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ဒီမိုကရက်တစ်ပါတီ အုပ်ချုပ်နေသော ပြည်နယ်များနှင့်မြို့များတွင် ဖြစ်ပွားနေသည်ဟု စွပ်စွဲခံထားရသော အကျင့်ပျက်ခြစားမှုများနှင့် ရာဇဝတ်မှုများကို အာရုံစိုက်ကိုင်တွယ်ဖြေရှင်းရန် ဒုသမ္မတဂျေ ဒီဗန့်စ်ကို ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲများတွင် ရီပတ်ဘလစ် ကန်ပါတီ ရှုံးနိမ့်ရခြင်းမှာ အမေရိကန်နှင့်အစ္စရေးတို့က အီရန်အပေါ်ဆင်နွှဲနေသော စစ်ပွဲကြောင့်ဖြစ်ကြောင်း ဂျေဒီဗန့်စ်က ဝေဖန် ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ကြေညာချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်က ဂျေဒီဗန့်စ်သည် စစ်ပွဲကိုအဆုံး သတ်ရန်အတွက် သံတမန်ရေးရာကြိုးပမ်းမှုများကို လုပ်ဆောင်ခဲ့ဖူးပြီး စစ်ရေးအရဖိအားပေးမှုများလုပ် ဆောင်မည့်အစား အီရန်နှင့်သဘောတူညီချက်တစ်ရပ်ကို ရယူရေးကို ပိုမိုလိုလားခဲ့ ကြောင်းသိရသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်က ဂျေဒီဗန့်စ်ကို ပြည် တွင်းရေးရာ ပြဿနာများကိုဖြေရှင်းရာတွင် အ ပြည့်အဝအာရုံစိုက်လုပ်ဆောင်ရန် ညွှန်ကြားခဲ့ပြီး အကျင့်ပျက်ခြစားမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်းက ဖက်ဒ ရယ်ဘတ်ဂျက်ကို မျှတအောင် ထိန်းညှိရာတွင်အထောက်အကူဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့အနေနဲ့ အီရန်နဲ့သဘောတူညီချက်တစ်ရပ် ရယူဖို့ မလိုအပ်ပါဘူး။ အဲဒီလိုမျိုး ရက်တွေက ပြီးဆုံးသွားခဲ့တာကြာပါပြီ။ သူတို့ရဲ့ငွေကြေးတွေ၊ ဘီလျံနဲ့ချီတဲ့ဒေါ်လာတွေကို ကျွန်တော်တို့ရရှိထားသလို ဟော်မုဇ်ရေလက်ကြားကိုလည်း ကျွန်တော်တို့ ထိန်းချုပ်ထားပြီးသားပါ" ဟု ပြောခဲ့သည်။

သို့သော်လည်း ငွေကြေး ပိုင်းနှင့် ပတ်သက်ပြီးနောက် ထပ်ရှင်းလင်းချက်များကို ဒေါ်နယ်ထရမ့်က မရှင်းပြခဲ့သော်လည်း ၎င်း၏ပြောဆိုချက် များက အမေရိကန်ကသိမ်းဆည်းထားသော အီရန်ပိုင်ဆိုင်မှုများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း လေ့လာ သုံးသပ်သူများက သုံးသပ်ပြောဆိုထားကြသည်။ အီရန်ဘက်မှ ခန့်မှန်းချက်များအရ အဆိုပါ ငွေပမာဏမှာ အမေရိကန် ဒေါ်လာ (၁၀ဝ)ဘီလျံ ကျော်ရှိပြီး အများစုမှာ အမေရိကန်၏ပိတ်ဆို့ အရေးယူမှုများကြောင့် နိုင်ငံခြားဘဏ်များတွင်ရှိနေ သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှရသည့် ငွေများဖြစ်ကြောင်းသိရသည်။

မူရင်းသတင်း — NP News