
ဩစတြေးလျ (Wollongong)၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ဒုတိယကမ္ဘာစစ်ကာလတွင် ဩစတြေးလျနိုင်ငံ ဆိပ်ကမ်းလုပ်သားများက တရုတ်နိုင်ငံ၏ ခုခံစစ်ကို ထောက်ခံအားပေးသော “Dalfram ဖြစ်စဉ်” ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်တွင် ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ် Wollongong မြို့ Kembla ဆိပ်ကမ်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တရုတ်-ဩစတြေးလျ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဆစ်ဒနီမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ယာယီကောင်စစ်ဝန်ချုပ် ဝမ်ချွမ်းစိန်းက အမှာစကားပြောကြားရာတွင် တရုတ်-ဩစတြေးလျ ပြည်သူများအနေဖြင့် ကာလကြာရှည်စွာ အပြန်အလှန်ဖေးမကူညီပြီး ရင်ဘဝင်ထိမိသော အကြောင်းအရာများစွာကို ရေးဖွဲ့ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခိုင်မြဲစွာ စောင့်ရှောက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လျက်ရှိကြောင်း၊ ဩစတြေးလျဘက်နှင့်အတူ လက်တွဲပြီး ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်စီမံကာ ချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်စေ၍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။
ဩစတြေးလျနိုင်ငံ တောင်ဘက်ကမ်း အလုပ်သမားကောင်စီ အတွင်းရေးမှူးချုပ် Arthur Rorris က အမှာစကားပြောကြားရာ၌ “Dalfram ဖြစ်စဉ်” သည် ဩစတြေးလျက ငြိမ်းချမ်းရေးဖော်ဆောင်မှုသမိုင်းတွင် အရေးကြီးဆုံး လှုပ်ရှားမှုများအနက် တစ်ခုဖြစ်ပြီး နိုင်ငံနယ်နိမိတ်ဖြတ်ကျော်၍ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြလိုက်ကြောင်း၊ ၎င်းအဆိုပြုသော ငြိမ်းချမ်းမှုနှင့် တရားမျှတမှုစိတ်ဓာတ်သည် ယနေ့တိုင် အရေးကြီးအနက်အဓိပ္ပာယ်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များက ဒုတိယကမ္ဘာစစ်အတွင်း ထိခိုက်သေဆုံးသူများအတွက် ငြိမ်သက် အလေးပြုခဲ့ပြီး “Dalfram ဖြစ်စဉ်” အထိမ်းအမှတ်ကျောက်တိုင်၌ ပန်းစည်းချခဲ့ကြသည်။
၁၉၃၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် Kembla ဆိပ်ကမ်းမှ လုပ်သား ၁၈၀ ဦးသည် ၎င်းတို့သယ်ယူပို့ဆောင်နေသည့် သံအကြမ်းက ဂျပန်နိုင်ငံ၏ တရုတ်နိုင်ငံကျူးကျော်စစ်ပွဲအတွက် လက်နက်ပြုလုပ်ရာတွင် အသုံးပြုမည်ဟု သိရပြီးနောက် “Dalfram” ကုန်တင်သင်္ဘောပေါ်သို့ အဆိုပါသံအကြမ်းများ တင်ဆောင်ရန် ငြင်းဆိုခဲ့သည်။
လုပ်သားများက အစိုးရနှင့် သတ္တုတွင်းကုမ္ပဏီ၏ ဖိအားကို ကြံ့ကြံ့ခံကာ ၇၂ ရက်ကြာ သပိတ်မှောက်မှုကို အခိုင်အမာ လုပ်ဆောင်ခဲ့သဖြင့် နောက်ဆုံးတွင် ဩစတြေးလျနိုင်ငံ အစိုးရက ဂျပန်နိုင်ငံအပေါ် သံကြမ်း ကုန်သွယ်ရေးမူဝါဒကို ပြောင်းလဲခဲ့ပြီး ဂျပန်နိုင်ငံသို့ သံကြမ်းတင်ပို့မှု မပြုလုပ်ခဲ့တော့ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
澳大利亚举行“达尔富拉姆事件”88周年纪念活动
新华社澳大利亚伍伦贡11月13日电(记者聂新宇 龚兵)二战时期澳大利亚码头工人支持中国抗战的“达尔富拉姆事件”88周年纪念活动13日在澳大利亚新南威尔士州伍伦贡市肯布拉港举行,中澳各界代表和当地民众出席活动。
中国驻悉尼总领馆代总领事王春生在致辞中说,中澳人民长期守望相助,书写了许多感人故事。中国坚定维护世界和平、促进共同发展,愿同澳方携手应对共同挑战,赓续友谊,深化合作。
澳大利亚南岸工会秘书长阿瑟·罗里斯在致辞中表示,“达尔富拉姆事件”是澳大利亚争取和平历史上的重要行动之一,展现了跨越国界的团结与友谊,其倡导的和平与正义精神至今仍具有重要意义。
活动现场,各界代表为二战受害者默哀,并向“达尔富拉姆事件”纪念碑敬献花环。
1938年11月15日,肯布拉港180名码头工人得知他们正要装运的生铁将被用来制造日本侵华战争武器后,拒绝向“达尔富拉姆”号货船装运生铁。工人们顶着来自政府和矿业公司的压力,坚持长达72天的罢工,最终迫使澳政府宣布改变对日生铁贸易政策,不再向日本出口生铁。(完)
图说1:11月13日,在澳大利亚伍伦贡市肯布拉港举行的“达尔富拉姆事件”88周年纪念活动上,人们向“达尔富拉姆事件”纪念碑献花。新华社记者 龚兵 摄
图说2:这是11月13日在澳大利亚伍伦贡市肯布拉港拍摄的“达尔富拉姆事件”88周年纪念活动现场。新华社记者 龚兵 摄