Xinhua Myanmar

ယူကရိန်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးတွင် ဥရောပသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံ ၅ နိုင်ငံတို့က ဥရောပကိုယ်စား ပါဝင်မည်

အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တွင် အိုင်ယာလန် ဝန်ကြီးချုပ် မိုက်ကယ် မာတင် ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် (ဝဲမှ ယာသို့) တို့ ဥရောပသမဂ္ဂ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးအပြီးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒပ်ဗလင်မြို့၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ယူကရိန်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရန်အတွက် ဥရောပသမဂ္ဂ ခေါင်းဆောင်များက ဥရောပသမဂ္ဂ အဖွဲ့အစည်းများနှင့် “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” မှ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ပိုလန် နိုင်ငံတို့ ပါဝင်သော ဥရောပ ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းရန် နိုဝင်ဘာ ၁၃ ရက်တွင် သဘောတူခဲ့ကြသည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက ထိုနေ့ အိုင်ယာလန်နိုင်ငံ မြို့တော် ဒပ်ဗလင်၌ ပြောကြားခဲ့သည်။ (Xinhua)

……………………………..

(Chinese Version)

欧盟机构及五国将代表欧洲参与乌克兰和平谈判

新华社照片,都柏林,2026年11月13日

欧洲理事会主席科斯塔13日在爱尔兰首都都柏林表示,欧盟领导人当天同意由欧盟机构及“志愿联盟”中的英国、法国、德国、意大利和波兰组成欧洲代表团,参与乌克兰和平谈判。

图说:11月13日,在爱尔兰都柏林,爱尔兰总理马丁、欧洲理事会主席科斯塔和欧盟委员会主席冯德莱恩(由左至右)出席欧盟领导人非正式会议后的新闻发布会。 新华社记者 李芒茫 摄

မူရင်းသတင်း — Xinhua Myanmar