Xinhua Myanmar

ဝမ်ရိက တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Hyun ၊ ၂၀၂၆ ခုနှစ် တရုတ်-အမေရိကန် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Hyun နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Hyun နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နိုဝင်ဘာလ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယမန်နှစ် နှစ်ကုန်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ လီဂျေမြောင်တို့ အပြန်အလှန် ခရီးစဉ် သွားရောက်လည်ပတ်ခဲ့ခြင်းသည် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို ကောင်းမွန် ဖွံ့ဖြိုးတိုးတက်သော မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် မြှင့်တင်ပေးခဲ့ရာ ယခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ထပ်မံ စံချိန်သစ်တင်ခဲ့ပြီး လူပုဂ္ဂိုလ်များ ကူးလူးသွားလာမှုသည် အကြိမ်ရေ သန်းပေါင်းဒါဇင်နှင့်ချီအထိ ရောက်ရှိမည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့်အတူ အစဉ်အလာပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ ထွန်းသစ်စကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ စီးပွားရေး တိုးတက်မှုအတွက် မောင်းနှင်အားအသစ်များကို ပြုစုပျိုးထောင်ရန်၊ ဘုံအကျိုးစီးပွားများကို ဆက်လက် ကြီးမားစေရန် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Cho Hyun က တောင်ကိုရီးယားအစိုးရ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားသည့် ရပ်တည်ချက်မှာ ပြောင်းလဲခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် APEC “တရုတ်နှစ်” ကို အောင်မြင်စွာ ကျင်းပနိုင်ရေးကို ကြိုတင် ဂုဏ်ပြုခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ တွန်းအားပေးရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုသော ရလဒ်များကို ဖန်တီးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ၂၀၂၆ ခုနှစ် တရုတ်-အမေရိကန် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် အမေရိကန်နိုင်ငံ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထိုနေ့တွင်ပင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ၂၀၂၆ ခုနှစ် တရုတ်–အမေရိကန် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ပေကျင်းမြို့တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိ က တရုတ်-အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးဖလှယ်မှုများကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းမှတစ်ဆင့် အတူတကွကြိုးပမ်းရမည့် ရည်မှန်းချက်များကို အတည်ပြုရမည် ဖြစ်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကို ချဲ့ထွင်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်ဆက်ဆံရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးကို ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော အယူအဆကို လက်ကိုင်ထားပြီး သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့၏ “လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အခြေခံသည့် အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် သဘောတူညီချက်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်သင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကိုယ်စားလှယ်များက မိမိတို့အနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော “ငါးနှစ်တာအတွင်း လူငယ် တစ်သိန်း တရုတ်နိုင်ငံသို့ လာရောက်လေ့လာဖလှယ်ခြင်း” အဆိုပြုချက်ကို ကျေးဇူးတင်ရှိကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်စွာ တိုးတက်ရေးကို   မြှင့်တင်ရာတွင် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

.....................................

(Chinese Version)

王毅分别同韩国外长赵显、出席2026中美政党对话美方代表会谈会见

新华社北京11月13日电(记者董雪、邵艺博)11月13日,中共中央政治局委员、外交部长王毅在北京同韩国外长赵显举行会谈。  

王毅表示,去年底以来,习近平主席同李在明总统成功互访,推动中韩关系重回改善发展的正确轨道,今年两国贸易额再创新高,人员往来将达到千万人次。中方愿同韩方在传统合作基础上拓展新兴领域合作,培育经济增长新引擎,不断做大共同利益。  

赵显表示,韩国政府尊重一个中国政策的立场不会改变。韩方预祝APEC“中国年”取得成功,愿同中方共同推进双边合作,打造造福两国人民的成果。  

同日,中共中央政治局委员、中央外办主任王毅在京会见出席2026中美政党对话的美方代表。  

王毅表示,中美两个大国应当通过不间断对话交流,明确共同努力的目标,扩大互利合作的领域,夯实双边关系的基础并致力于维护世界和平稳定。双方应秉持相互尊重、和平共处、合作共赢理念,将习近平主席与特朗普总统的共识落到实处。  

美方代表表示,我们感谢习近平主席提出的“5年10万”倡议,愿为推动美中关系健康稳定发展作出努力。(完)

图说1:11月13日,中共中央政治局委员、外交部长王毅在北京同韩国外长赵显举行会谈。 新华社记者 王晔 摄

图说2:11月13日,中共中央政治局委员、中央外办主任王毅在北京会见出席2026中美政党对话的美方代表。 新华社记者 田宇 摄

မူရင်းသတင်း — Xinhua Myanmar