
ဟာဗားနား၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ကျူးဘားနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံမှ စစ်ရေးကျူးကျော်ရန် ကြိုးပမ်းမှုတိုင်းကို တွန်းလှန်ရန် ဆုံးဖြတ်ထားပြီး ယင်းအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံ သမ္မတအိမ်တော် တရားဝင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သော သတင်းအရ Miguel Diaz-Canel သည် ထိုနေ့တွင် ဟာဗားနားပြည်နယ် Boyeros မြို့၌လုပ်ဆောင်သည့် ကာကွယ်ရေးပြင်ဆင်မှု လှုပ်ရှားမှုသို့ တက်ရောက်ခဲ့သည်။ ၎င်းက အမေရိကန်အနေဖြင့် မကြာသေးမီက စစ်ရေးကျူးကျော်မည့် ခြိမ်းခြောက်မှုများကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သဖြင့် ကျူးဘားနိုင်ငံက "ပြည်သူ့စစ်ပွဲ" ကာကွယ်ရေး မဟာဗျူဟာကို အာမခံရန်၊ ပိုင်နက်နယ်မြေကာကွယ်ရေးစနစ်၏ အစိတ်အပိုင်းအသီးသီးကို အားကောင်းစေရန်အတွက် ပြည်သူများက နိုင်ငံတော်ကာကွယ်ရေး ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်လာရန် မြှင့်တင်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် ကျူးဘားအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းရန်၊ ကျူးဘားပြည်သူများအပေါ် "အုပ်စုလိုက်ဒဏ်ခတ်မှု" ကို ရပ်တန့်ရန် ကျူးဘားနိုင်ငံက တောင်းဆိုထားပြီး ယင်းသည်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ရပ်တည်ချက်ဖြစ်ကြောင်း Miguel Diaz-Canel ကပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံသည် မကြာသေးမီက ကျူးဘားနိုင်ငံတင်သွင်းသော ပိတ်ဆို့အရေးယူမှု ဆန့်ကျင်ရေး ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်စဉ် အမေရိကန်အစိုးရက ကျူးဘားကို ထောက်ခံသော နိုင်ငံအချို့၏ မဲပေးရပ်တည်ချက်ကို ပြောင်းလဲစေရန် ဖိအားပေးခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျူးဘားအပေါ် ထောက်ခံမှုကို ယိမ်းယိုင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြောင်း Miguel Diaz-Canel က ဆိုခဲ့သည်။
Miguel Diaz-Canel က ကျူးဘားသည် မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ခြင်း၊ ကျူးကျော်ခြင်း မပြုကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ကျူးဘားအပေါ် ကျူးကျော်ရေးအတွက် ထောက်ကူသည့် လူထုသဘောထား ဦးတည်ချက်ကို ဖန်တီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားသော အကြောင်းပြချက်များမှာ အသရေဖျက်မှုသဘောရှိကြောင်း၊ ကျူးဘားနိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက်ကိုမျှ ခြိမ်းခြောက်မှုမဟုတ်ကြောင်း ၎င်းက ဆိုခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
古巴国家主席:古巴决心抵制任何外国军事侵略企图
新华社哈瓦那11月13日电(记者蒋彪)古巴国家主席迪亚斯-卡内尔13日表示,古巴决心抵制任何外国对古巴发动军事侵略的企图,并正为此进行准备。
根据古巴国家主席府官网发布的消息,迪亚斯-卡内尔当天在哈瓦那省博耶罗斯市参加了国防准备活动。他表示,美国近日一再发出军事侵略威胁,促使古巴开展民众的国防准备工作,以保障“全民战争”的防御战略,加强领土防御体系各组成部分。
迪亚斯-卡内尔说,古巴要求美国政府解除对古巴封锁,停止对古巴人民的“集体惩罚”,这也是国际社会的立场。联合国大会最近就古巴提出的反对封锁决议草案进行表决时,美国政府施压试图促使一些国家改变支持古巴的投票立场,但未能动摇国际社会对古巴的支持。
迪亚斯-卡内尔重申,古巴不威胁、不侵略任何国家。那些被编造出来的借口,旨在制造有利于对古巴发动侵略的舆论导向,具有诽谤性质。古巴不对世界上任何国家的国家安全构成威胁。(完)
图说:10月23日,在古巴首都哈瓦那,汽车驶过美国驻古巴大使馆。新华社发(华金·埃尔南德斯摄)