
ပုလဲ (NP News) - နိုဝင်ဘာ ၁၃
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) တွင် နားဝေဒနာရှင်များကို (၃)ရက်တိတိ အခမဲ့စမ်းသပ်စစ်ဆေး၊ ဆေးဝါးကုသပေးမည်ဖြစ်ကြောင်း ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်)၊ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထားသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းကြီး၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံမှ နားရောဂါအထူးကုပါရဂူ ဆရာဝန်ကြီးများကိုယ်တိုင် လာမည့် နိုဝင်ဘာလ (၁၆) ရက် ၊ (၁၇) ရက်နှင့် (၁၈) ရက်နေ့များတွင် နားဝေဒနာရှင်များကို (၃)ရက်တိတိ အခမဲ့စမ်းသပ်စစ်ဆေး၊ ဆေးဝါးကုသပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးကုသပေးမည့်အစီအစဉ်အား နိုဝင်ဘာလ(၁၆) ရက်နေ့မှစ၍ နံနက်(၈)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)ရှိ နား၊ နှာခေါင်း၊ လည်ချောင်းကုသဌာန၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ကုသမှုခံယူလိုသူများသည် ဖုန်း-ဝ၁-၉၅၄၁၇၉၅၊ ဝ၉-၆၈၃၈၁၇၉၇ဝ သို့ တရားဝင် ကြိုတင်စာရင်းပေးသွင်းနိုင် ကြောင်း အသိပေးထားသည်။
ကြိုတင်စာရင်းပေးမထားပါကလည်း အထက်ပါ နေ့ရက်များတွင် ကိုယ်တိုင်လာရောက်ပြသနိုင်ကြောင်း အသိပေးထားသည်။