Myanmar Transparency News

စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးကြီးတစ်ဦးက ခြောက်လွှာမှခုန်ချသေဆုံးမှု စမ်းချောင်းတွင်ဖြစ်ပွား

သက်တံ့
၁၅. ၁၁. ၂၀၂၆
‌‎
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးကြီးတစ်ဦး တိုက်ခန်း ၆ လွှာပေါ်မှ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်း၏ ကူညီဆောင်ရွက်ပေးမှုဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ ‎စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ တိုက်ခန်းတစ်ခုတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီးတစ်ဦးက တိုက်ခန်း ၆ လွှာအမြင့်မှ ခုန်ချရာ မြေညီထပ်မှ မိုးကာပေါ်ကျခဲ့သော်လည်း မိုးကာကွဲပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ ရုပ်အလောင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုနှင့် ရဲလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ နာရေးကူညီမှုယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မူရင်းသတင်း — Myanmar Transparency News