NP News

တန်ဆောင်တိုင်ပွဲတော်ကာလ အထူးရထားများ ပြေးဆွဲသွားမည်

ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၅

ရန်ကုန်နှင့် မော်လမြိုင်၊ နေပြည်တော်၊ ပြည် ခရီးစဉ်လမ်းကြောင်းများအတွင်းတွင် လာမည့် နိုဝင်ဘာ (၂၀) ရက်မှ (၂၅) ရက်အတွင်း တန်ဆောင်တိုင်ပွဲတော်ကာလ အထူးရထားများ ပြေးဆွဲသွားမည်ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ သိရသည်။

အဆိုပါ အထူးရထားများအနက် နိုဝင်ဘာ (၂၀) ရက်တွင် ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားတစ်စင်း သာ စတင် ပြေးဆွဲမည်ဖြစ်ပြီး နိုဝင်ဘာ (၂၁) ရက်တွင် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် အထူးရထား များ၊ ရန်ကုန်-ပြည်၊ ပြည်-ရန်ကုန် အထူးရထားများ၊ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် စသည့်အထူးရထားများ အပါအဝင် အထူးရထား ခြောက်စင်းကိုလည်းကောင်း ပြေးဆွဲမည်ဟု သိရသည်။
နိုဝင်ဘာ (၂၂) ရက်နှင့် (၂၃) ရက်တို့တွင် အထူးရထားပြေးဆွဲခြင်းမပြုဘဲ နိုဝင်ဘာ (၂၄) ရက်အတွင် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် အထူးရထားများ၊ ရန်ကုန်-ပြည်၊ ပြည်-ရန်ကုန် အထူးရထားများ၊ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် စသည့် အထူးရထား ခြောက်စင်းကိုလည်းကောင်း၊ နိုဝင်ဘာ (၂၅) ရက်တွင် မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားတစ်စင်းကိုလည်းကောင်း ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထိုအထူးရထားများတွင် DEMU နှင့် လေအိတ်ရထားများပါဝင်ပြီး လက်မှတ်ခမှာ ပြောင်းလဲမှုမရှိဘဲ ပြေး ဆွဲမည့်အစီအစဉ် အသေးစိတ်ကို ဆက်လက်ထုတ်ပြန်ရန်ရှိနေကြောင်း၊ အထူးရထားများပြေးဆွဲမည်ဖြစ်သော် လည်း ပုံမှန်ပြေးဆွဲနေသည့် ရထားများကိုလည်း ယင်းကာလအတွင်းရပ်နားမှုမရှိဘဲ ပြေးဆွဲသွားမည်ဟု သိရသည်။

zawgyi version:
တန္ေဆာင္တိုင္ပြဲေတာ္ကာလ အထူးရထားမ်ား ေျပးဆြဲသြားမည္
ကိုၿဖိဳး (NP News) - ႏိုဝင္ဘာ ၁၅
ရန္ကုန္ႏွင့္ ေမာ္လၿမိဳင္၊ ေနျပည္ေတာ္၊ ျပည္ ခရီးစဥ္လမ္းေၾကာင္းမ်ားအတြင္းတြင္ လာမည့္ ႏိုဝင္ဘာ (၂၀) ရက္မွ (၂၅) ရက္အတြင္း တန္ေဆာင္တိုင္ပြဲေတာ္ကာလ အထူးရထားမ်ား ေျပးဆြဲသြားမည္ဟု ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္) မွ သိရသည္။

အဆိုပါ အထူးရထားမ်ားအနက္ ႏိုဝင္ဘာ (၂၀) ရက္တြင္ ရန္ကုန္-ေမာ္လၿမိဳင္ အဆန္အထူးရထားတစ္စင္း သာ စတင္ ေျပးဆြဲမည္ျဖစ္ၿပီး ႏိုဝင္ဘာ (၂၁) ရက္တြင္ ရန္ကုန္-ေနျပည္ေတာ္၊ ေနျပည္ေတာ္-ရန္ကုန္ အထူးရထား မ်ား၊ ရန္ကုန္-ျပည္၊ ျပည္-ရန္ကုန္ အထူးရထားမ်ား၊ ရန္ကုန္-ေမာ္လၿမိဳင္၊ ေမာ္လၿမိဳင္-ရန္ကုန္ စသည့္အထူးရထားမ်ား အပါအဝင္ အထူးရထား ေျခာက္စင္းကိုလည္းေကာင္း ေျပးဆြဲမည္ဟု သိရသည္။
ႏိုဝင္ဘာ (၂၂) ရက္ႏွင့္ (၂၃) ရက္တို႔တြင္ အထူးရထားေျပးဆြဲျခင္းမျပဳဘဲ ႏိုဝင္ဘာ (၂၄) ရက္အတြင္ ရန္ကုန္-ေနျပည္ေတာ္၊ ေနျပည္ေတာ္-ရန္ကုန္ အထူးရထားမ်ား၊ ရန္ကုန္-ျပည္၊ ျပည္-ရန္ကုန္ အထူးရထားမ်ား၊ ရန္ကုန္-ေမာ္လၿမိဳင္၊ ေမာ္လၿမိဳင္-ရန္ကုန္ စသည့္ အထူးရထား ေျခာက္စင္းကိုလည္းေကာင္း၊ ႏိုဝင္ဘာ (၂၅) ရက္တြင္ ေမာ္လၿမိဳင္-ရန္ကုန္ အစုန္အထူးရထားတစ္စင္းကိုလည္းေကာင္း ေျပးဆြဲသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

ထိုအထူးရထားမ်ားတြင္ DEMU ႏွင့္ ေလအိတ္ရထားမ်ားပါဝင္ၿပီး လက္မွတ္ခမွာ ေျပာင္းလဲမႈမရွိဘဲ ေျပး ဆြဲမည့္အစီအစဥ္ အေသးစိတ္ကို ဆက္လက္ထုတ္ျပန္ရန္ရွိေနေၾကာင္း၊ အထူးရထားမ်ားေျပးဆြဲမည္ျဖစ္ေသာ္ လည္း ပုံမွန္ေျပးဆြဲေနသည့္ ရထားမ်ားကိုလည္း ယင္းကာလအတြင္းရပ္နားမႈမရွိဘဲ ေျပးဆြဲသြားမည္ဟု သိရသည္။

မူရင်းသတင်း — NP News