Xinhua Myanmar

တရုတ်အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းက မလေးရှားအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျောက်ချင့်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တရုတ်အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ကျောက်ချင့် CFA Team China နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၌ တရုတ်အသင်းမှ မော်ဝေကျယ် (ဝဲ) နှင့် မလေးရှားအသင်းမှ ရစ်ချက်ဒ် လီဟွာချင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ကျောက်ချင့်၊ တရုတ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် တရုတ်အသင်းက မလေးရှားအသင်းကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ခဲ့ကာ ပထမပိုင်း၌ ဝမ်ယွိတုန့်နှင့် ကျန်းယွိနင်တို့က အနိုင်ဂိုးများသွင်းယူပေးခဲ့သည်။

တရုတ်အသင်းမှာ ယခင် နိုင်ငံတကာရက်သတ္တပတ်အတွင်း ခြေစမ်းပွဲ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး စက်တင်ဘာလတွင် နယူးဇီလန်အား ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို အောက်တိုဘာလတွင်လည်း ပါလက်စတိုင်းအား ၀-၅ ဂိုး၊ တာဂျစ်ကစ္စတန်အား ၀-၁ ဂိုးတို့ဖြင့် အသီးသီး ရှုံးနိမ့်ခဲ့သည်။

အသင်း၏ အဓိက ကစားသမားအများစု ပြန်လည်ပါဝင်လာခဲ့သည့် တရုတ်အသင်းမှာ ပွဲစချိန်ကတည်းပင် ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပွဲချိန် ၁၀ မိနစ်တွင် ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ ညာတောင်ပံတစ်လျှောက် အဆင့်ဆင့် ဘောလုံးအပေးအယူလုပ်ရာမှတစ်ဆင့် Lin Liangming က ပင်နယ်တီဧရိယာထဲသို့ ဖြတ်တင်ဘော ပေးပို့ခဲ့ရာ အသက် ၂၀ အရွယ် တိုက်စစ်မှူး ဝမ်က အဝေးတိုင်ထောင့်သို့ ပြေးဝင်ခေါင်းတိုက်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၉ မိနစ်အကြာတွင် တရုတ်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ကွင်းလယ်မှ Wang Shangyuan  မလေးရှားခံစစ်ကိုကျော်၍ အနေတော်ဘောလုံးခင်းပေးခဲ့ရာ ပင်နယ်တီဧရိယာထဲတွင် အသင့်ရှိနေသည့် ကျန်းယွိနင်က ဂိုးသမားကိုကျော်၍ သေသေသပ်သပ် ကန်သွင်းခဲ့ခြင်းဖြစ်သည်။

ပထမပိုင်း ထပ်ဆောင်းအချိန်ပိုတွင် နှစ်ဖက်အသင်း ကစားသမားများအကြား အငြင်းပွားမှုဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ်အား VAR ဖြင့် ပြန်လည်စစ်ဆေးပြီးနောက် ကွင်းလယ်ဒိုင်က တရုတ်အသင်း လက်ထောက်နည်းပြ Zhou Ting နှင့် မလေးရှားနောက်ခံလူ တန်ဂျွန်ဂျင်တို့ကို အဝါကတ်ပြသ၍ သတိပေးခဲ့သည်။

ပထမပိုင်းတွင် တရုတ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၆ ကြိမ်အနက် ၂ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး မလေးရှားအသင်းကမူ ဂိုးကန်သွင်းခွင့် ၃ ကြိမ် ရရှိခဲ့သော်လည်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မျှမရှိခဲ့ပေ။

ဒုတိယပိုင်းတွင် တရုတ်အသင်းနည်းပြချုပ် ရှောက်ကျားရီးက ကစားသမား ၇ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် အိမ်ရှင်အသင်း၏ တိုက်စစ်ဆင်နိုင်စွမ်း လျော့ကျသွားခဲ့သည်။

ပွဲချိန် ၇၇ မိနစ်တွင် တရုတ်နောက်တန်း၏ အမှားကိုအသုံးချ၍ ဖာဂတ်စ် တီယာနေး ဂိုးသွင်းယူနိုင်ခဲ့သဖြင့် မလေးရှားအသင်း ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိပြီဟု ထင်မှတ်ခဲ့ရသော်လည်း VAR ဖြင့် ပြန်လည်စစ်ဆေးပြီးနောက် ကစားကွက်တည်ဆောက်စဉ် ပြစ်ဒဏ်ကျူးခဲ့သည်ဟုဆိုကာ ကွင်းလယ်ဒိုင်က အဆိုပါဂိုးကို ပယ်ဖျက်ခဲ့သည်။

ပွဲပြီးခါနီးတွင် တရုတ်အသင်းဂိုးသမား လီဟောက် အရေးပါသည့် ဂိုးပေါက်ကာကွယ်မှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သဖြင့် ပေးဂိုးမရှိအောင် ထိန်းထားနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၉၀ တွင် ပြစ်ဒဏ်ကျူးလွန်မှုကြောင့် တီယာနေး ဒုတိယအကြိမ် အဝါကတ်ထိကာ ထုတ်ပယ်ခံရပြီးနောက် တရုတ်အသင်းက ၂-၀ အနိုင်ရလဒ်ကို ပွဲပြီးသည်အထိ ထိန်းကစားသွားခဲ့သည်။

တရုတ်အသင်းအနေဖြင့် နိုဝင်ဘာ ၁၇ ရက်တွင် ဘာရိန်းအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျောက်ချင့်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တရုတ်အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ကျောက်ချင့် CFA Team China နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအပြီး တရုတ်အသင်းမှ ကစားသမားများက ပရိသတ်များကို နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

..................................

(English Version)

China men's football team ends losing streak with win over Malaysia

ZHAOQING, China, Nov. 14 (Xinhua) -- China ended a losing streak with a 2-0 home victory over Malaysia in an international friendly here on Saturday, with Wang Yudong and Zhang Yuning scoring in the first half.

China had lost three consecutive friendlies in last international window, suffering a 3-0 defeat to New Zealand in September before falling 5-0 to Palestine and 1-0 to Tajikistan in October.

With most of its key players back in the squad, China made a positive start and took the lead in the 10th minute. Following a series of passes down the right flank, Lin Liangming delivered a cross into the penalty area, where 20-year-old forward Wang arrived at the far post to head home.

China doubled its lead nine minutes later, when Wang Shangyuan sent a well-weighted ball over the Malaysian defense from midfield, and Zhang chipped the ball over the goalkeeper from inside the penalty area.

Tensions flared between the two sides in first-half stoppage time. After reviewing the incident on VAR, the referee showed yellow cards to China assistant coach Zhou Ting and Malaysia defender Tan Jun Jin.

China enjoyed 59 percent possession in the first half and registered six shots, two on target, while Malaysia managed three attempts without a shot on target.

The Chinese head coach Shao Jiayi made seven substitutions during the second half, and the host's attacking threat diminished.

Malaysia thought it had pulled a goal back in the 77th minute when Fergus Tierney capitalized on a defensive error by China. However, after another VAR review, the referee ruled out the goal for a foul in the build-up.

China goalkeeper Li Hao made two crucial saves in the closing stages to preserve the clean sheet. In the 90th minute, Tierney was sent off after receiving a second yellow card for a foul, as China held on to secure a 2-0 victory.

The Chinese side will play against Bahrain next Tuesday.

Photo caption 1: Mao Weijie (L) of China vies against Richard Li Hua Chin of Malaysia during the match between China and Malaysia at the CFA Team China International Football Competitions Zhaoqing 2026 in Zhaoqing, south China's Guangdong Province, on Nov. 14, 2026. (Xinhua/Hu Xingyu)

Photo caption 2: Players of China greet spectators after the match between China and Malaysia at the CFA Team China International Football Competitions Zhaoqing 2026 in Zhaoqing, south China's Guangdong Province, on Nov. 14, 2026. (Xinhua/Hu Xingyu)

မူရင်းသတင်း — Xinhua Myanmar