
မီယာဇာကီ၊ ဂျပန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁၄ ရက်က မီယာဇာကီမြို့၌ ကျင်းပသည့် ၂၀၂၆ သုံးမျိုးပေါင်းစပ်အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရုတ်နိုင်ငံသူ Lin Xinyu က အမျိုးသမီးငွေတံဆိပ်နှင့် တရုတ်နိုင်ငံသား Zhang Xirui က အမျိုးသားကြေးတံဆိပ်ဆုတို့ကို အသီးသီး ရရှိခဲ့ကြပြီး ယင်းဆုတံဆိပ်များ ရရှိမှုကြောင့် တရုတ်အသင်းသည် ယခုရာသီ သုံးမျိုးပေါင်းစပ်အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၃ ခု အပါအဝင် စုစုပေါင်း စံချိန်တင်ဆုတံဆိပ် ၈ ခု ရယူကာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
Lin သည် အမျိုးသမီးထိပ်တန်းအဆင့် အလွတ်တန်းပြိုင်ပွဲတွင် ၅၈ မိနစ် ၃၇ စက္ကန့်ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး Zhang က အမျိုးသားပြိုင်ပွဲတွင် ၅၃ မိနစ် ၂၁ စက္ကန့်ဖြင့် တတိယနေရာ ရရှိခဲ့သည်။
Lin သည် ထိပ်ဆုံးအုပ်စုနှင့် တစ်သားတည်း လိုက်ပါနိုင်ခဲ့ပြီး ရေကူးနှင့် စက်ဘီးစီးအပိုင်းများတွင်လည်း ၎င်း၏အနေအထားကို တဖြည်းဖြည်း တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ အပြေးပြိုင်ပွဲတွင် ဆလိုဗက်ကီးယားနိုင်ငံသူ Zuzana Michalickova ဦးဆောင်သည့် နောက်မှလိုက်လာသော အုပ်စုထံမှ အပြင်းအထန် ဖိအားပေးမှုများ ခံခဲ့ရသော်လည်း တရုတ်နိုင်ငံသူ သုံးမျိုးပေါင်းစပ် အားကစားမယ်က အကောင်းဆုံး ယှဉ်ပြိုင်ကာ ဒုတိယနေရာကို အရယူနိုင်ခဲ့သည်။
"အခုနှစ်အတွက် ကျွန်မရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဆုတံဆိပ်ရယူပြီး အဆုံးသတ်နိုင်ခဲ့လို့ တကယ့်ကို ဂုဏ်ယူမိပါတယ်။ အဆင့်မြင့်ပြိုင်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်ရင်း စွမ်းဆောင်ရည်ပုံစံကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားနိုင်ခဲ့ပါတယ်" ဟု ပြိုင်ပွဲအပြီးတွင် Lin က ပြောကြားသည်။
Zhang သည် ပြိုင်ပွဲမတိုင်မီ အအေးမိဝေဒနာကို ခံစားခဲ့ရသော်လည်း ချမှတ်ထားသည့် ပြိုင်ပွဲဗျူဟာအတိုင်း လိုက်ပါကစားနိုင်ခဲ့ပြီး ထိပ်ဆုံးအုပ်စုနှင့်အတူ လိုက်ပါနိုင်ခဲ့သောကြောင့် ၎င်း၏ ဒုတိယမြောက် သုံးမျိုးပေါင်းစပ် အားကစား ကမ္ဘာ့ဖလားဆုတံဆိပ်ကို အရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်ရဲ့ စိတ်ပိုင်းဆိုင်ရာက ပိုမိုတည်ငြိမ်လာခဲ့ပြီး အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အများအပြားမှာ တစ်သမတ်တည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်" ဟု Zhang က ၎င်း၏ ယခုရာသီအတွင်း စွမ်းဆောင်ရည်များအပေါ် ပြန်လည်သုံးသပ် ပြောဆိုခဲ့သည်။
လာမည့်နှစ်အတွက် မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ အားကစားသမား ၂ ဦးစလုံးက ၎င်းတို့၏ တိုးတက်မှုများအပေါ် အခြေခံကာ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းသွားရန်၊ အားနည်းချက်များကို ပြုပြင်သွားရန်နှင့် ၂၀၂၈ အိုလံပစ်အားကစားပြိုင်ပွဲအတွက် တရုတ်နိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရစေမည့် အမှတ်များ ပိုမိုရရှိစေရန် အထောက်အကူပြုသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)
………………………………………………………..
(English version)
China wraps up Triathlon World Cup season with eight medals
MIYAZAKI, Japan, Nov. 14 (Xinhua) -- China's Lin Xinyu and Zhang Xirui claimed women's silver and men's bronze medals respectively at the 2026 World Triathlon Cup Miyazaki on Saturday, as the team wrapped up this season's Triathlon World Cup series with a record eight medals, including two gold, three silver and three bronze medals.
Lin finished second in the women's elite race in 59 minutes and 37 seconds, while Zhang took third place in the men's event in 53:21.
Lin stayed with the leading pack and gradually improved her position through the swimming and cycling legs. Despite mounting pressure from a chasing group led by Slovakia's Zuzana Michalickova during the run, the Chinese triathlete held on to secure her second place.
"I am honoured to finish my final World Cup race of the year with a medal," said Lin after the race. "I have also managed to maintain a consistent level of performance across a series of high-level competitions."
Zhang, who had been struggling with a cold before the race, stuck to his race strategy and stayed with the leading group to pocket his second Triathlon World Cup medal.
"I have become much more consistent mentally and have performed steadily in several World Cup races this year," reflected Zhang on his seasonal performance.
Looking ahead to the next year, both athletes said they hoped to build on their progress, address their weaknesses and help China secure more qualification points for the 2028 Olympic Games. ■