
အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုသူတို့အတွက် NP News ရဲ့အပတ်စဉ်အနုပညာ ကဏ္ဍကနေ “မင့်စ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက နိုင်ငံတကာ ဆု(၃)ဆုရရှိခဲ့၊ လူသားအကျိုးပြု ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခံရမှုအပေါ် ထူးခန့်ကျော် မေးခွန်းထုတ်ခံရ၊ အနုပညာမှတ်တမ်းတင်ရင်း စီးပွားရေး အမြင် ကျယ်သူ အောင်ဇမ္ဗူ” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးသွားပါမယ်။
အိဖြူ (NP News) - နိုဝင်ဘာ ၁၅
(၃၂)ကြိမ်မြောက် Minsk International Film Festival “Listapad” (၂၀၂၆) ပွဲတော်မှာ အကယ်ဒမီဖွေးဖွေး အပါအဝင် မြန်မာက နိုင်ငံတကာဆု (၃)ဆု ရရှိခဲ့
(၃၂)ကြိမ်မြောက် Minsk International Film Festival “Listapad(2026)” ပွဲတော်မှာ မြန်မာရုပ်ရှင်သရုပ် ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးက သိုးမည်းရုပ်ရှင်ဇာတ်ကားနဲ့ ‘Best Actress Award in a Fiction Film’ (အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု) ကိုရရှိခဲ့ပြီး၊ လူသားချင်းစာနာမှုနဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေကို ရုပ်ရှင်အနု ပညာကတစ်ဆင့် ဖော်ကျူးတင်ဆက်နိုင်မှုအတွက် ဘယ်လာရုစ်နိုင်ငံ သမ္မတကချီးမြှင့်တဲ့ Belarus President's Special Prize – “For Humanism and Spirituality in Cinema” အထူးဆုကို ဒါရိုက်တာ အောင်မြတ်က ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါ့ပြင် ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန် ‘I wanna Be your Lobster’ရုပ်ရှင်ဇာတ်ကားက ‘Best Cinemtography Award’ (အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု)ကိုရရှိခဲ့ပါတယ်။
(၃၂)ကြိမ်မြောက် မင့်စ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် (XXXII Minsk International Film Festival “Listapad”) ကို ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့(Minsk)မှာ (၂၀၂၆) ခုနှစ် အောက်တိုဘာလ (၃၀)ရက်ကနေ နိုဝင်ဘာလ(၆) ရက်အထိကျင်းပခဲ့ကြပါတယ်။ “ဘယ်လာရုစ်နိုင်ငံ Minsk မြို့မှာကျင်းပခဲ့တဲ့ XXXII Minsk International Film Festival ‘Listapad(2026)’ မှာ ကျွန်မတို့ရဲ့ ‘‘သိုးမည်း” (That One Child) ရုပ်ရှင်ဇာတ်ကားကနေ နိုင်ငံတကာဆုကြီး (၂)ဆုရရှိခဲ့ပါတယ်ရှင်။ ဒီလိုနိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးတစ်ခုမှာ ကျွန်မတို့မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့ ဆုနှစ်ဆုအထိရရှိခဲ့တာဟာ ကျွန်မတို့အားလုံးအတွက် အင်မတန် ဝမ်းသာဂုဏ်ယူစရာကောင်းတဲ့အခိုက်အတန့်လေး တစ်ခုပါ။ နိုင်ငံတကာရုပ်ရှင်အနုပညာရှင်တွေစုဝေးရာနေရာမှာ မြန်မာ့ရုပ်ရှင်အနုပညာကိုအသိအမှတ်ပြုပေးခဲ့ကြတဲ့ ပွဲတော်တာဝန်ရှိသူတွေနဲ့ အကဲဖြတ်ဒိုင်လူကြီးများအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ အဖေ ကောင်းကင် ပေါ်ကနေဂုဏ်ယူနေမှာပါ”လို့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးက သူ့ရဲ့ Facebook Page မှာ ပွဲအခမ်းအနား အမှတ်တရ ပုံရိပ်တွေနဲ့တကွ ဂုဏ်ယူစွာပြန်လည်မျှဝေခဲ့ပါတယ်။
Minsk International Film Festival “Listapad(2026)” ရုပ်ရှင်ပွဲတော်မှာ နိုင်ငံပေါင်း(၁၀၈)နိုင်ငံက ရုပ်ရှင် ပေါင်း (၃,၃၀ဝ)ကျော်ကိုတင်သွင်းခဲ့ကြကာ နိုင်ငံပေါင်း(၅၅)နိုင်ငံက ရုပ်ရှင်ဇာတ်ကားပေါင်း(၁၃၀)သာ ပြသခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးချယ်ခံရုပ်ရှင်ပေါင်း(၁၃၀)ထဲက မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “သိုးမည်း”ရုပ်ရှင်သရုပ်ဆောင် မင်းသမီးဖွေးဖွေးနဲ့ ဒါရိုက်တာအောင်မြတ်တို့က “Best Actress Award in a Fiction Film” နဲ့ Belarus President's Special Prize – “For Humanism and Spirituality in Cinema”အထူးဆုကို ရွေးချယ်ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။
သိုးမည်း (That One Child) ရုပ်ရှင်ဇာတ်ကားနဲ့ နိုင်ငံတကာဂုဏ်ပြုဆုကြီး(၂)ဆုနဲ့အောင်မြင်မှုတွေရ ယူလာ ခဲ့ကြတဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးနဲ့ ဒါရိုက်တာ ကိုအောင်မြတ်တို့ကို နိုဝင်ဘာလ(၉)ရက်က ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်မှာ ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးမှတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အတူ မင်းသမီးဖွေးဖွေးရဲ့ မိခင်နဲ့ ပရိသတ် တွေက သွားရောက်ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။



သရုပ်ဆောင်ထူးခန့်ကျော် ‘လူသားအကျိုးပြုဂုဏ်ထူးဆောင်ဆု’ ချီးမြှင့်ခံရ
Dayspring International University က ရုပ်ရှင်သရုပ်ဆောင်ထူးခန့်ကျော်(ပရဟိတဆေးကုသပေးနေသူ)အား ဝေဒနာရှင်တွေအပေါ် အခမဲ့ကူညီကုသပေးနေမှုတွေအတွက် လူသားအကျိုးပြုဂုဏ်ထူးဆောင်ဆု (Honorary Doctorate / Humanitarian Award)ကို (၂၀၂၆)ခုနှစ် နိုဝင်ဘာလ (၆)ရက်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
နိုဝင်ဘာလ (၆) ရက်(သောကြာနေ့)က သူရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ့ရက်ဖြစ်တာကြောင့် မွေးနေ့ အထိမ်း အမှတ်ဖြစ်စေခဲ့တယ်လို့ ပရဟိတဆေးကုသပေးနေသူ ရုပ်ရှင်သရုပ်ဆောင်ထူးခန့်ကျော်ကဆိုပါတယ်။ လူသားအကျိုးပြု ဂုဏ်ထူးဆောင်ဆု (Honorary Doctorate/ Humanitarian Award) ကိုရရှိမှုအတွက် လူအများစုကဂုဏ်ပြု စကားဆို ခဲ့ကြသလို Dayspring International University ကပေးအပ်တဲ့ ဘွဲ့တံဆိပ်နဲ့ အဖွဲ့အစည်းရဲ့ရပ်တည်မှုက တရားဝင်ဖြစ်/မဖြစ်ဆိုတဲ့မေးခွန်းတွေနဲ့အတူ လူတချို့ကဝေဖန်ခဲ့ကြပါတယ်။ “ကျွန်တော့်အတွက် ဒီနေ့ဟာ မွေးနေ့ အမှတ်တရပါပဲ။ ကျွန်တော့်ကို လူသားအကျိုးပြု(ပါရဂူ)ဘွဲ့ချီးမြှင့်ခြင်းခံရအောင်ပြုလုပ်ပေးပါသော သူတော်ကောင်း အမျိုးများ၊ ဝေဒနာရှင်များအား ဂါရဝပြုကျေးဇူးတင်ရှိရင်း လူသားအကျိုးပြုပါရဂူဘွဲ့ ချီးမြှင့်ပေးပါသော DAYSPRING INTERNATIONAL UNIVERSITY မှတာဝန်ရှိလူကြီးမင်းများအား အထူးပင်ကျေးဇူးတင်ရှိသလို ဒီထက်မကသော လောကကောင်းကျိုးများအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ဆောင်ရွက်သွားရင်း သူတော်ကောင်းအမျိုးများ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာပြည့်ကြပါစေ”လို့ ရုပ်ရှင်သရုပ်ဆောင် ထူးခန့်ကျော်က သူရဲ့ဖေ့စ်ဘွတ်လူမှု ကွန်ရက်အကောင့်မှာ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ထူးခန့်ကျော်က အနုပညာသက်တမ်း (၂၅)နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ အနုပညာသက်တမ်း တစ်လျှောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ် ဒမီဆု)နဲ့လွဲချော်နေဆဲဖြစ်ပေမယ့် (၂၀၂၅) ခုနှစ် နိုဝင်ဘာလအတွင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချီးမြှင့်တဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ကို ရရှိထား သူတစ်ဦးဖြစ်ပါတယ်။


ဇာတ်မင်းသားအောင်ဇမ္ဗူရဲ့ Masterpiece Visual Book
ဇာတ်မင်းသား ရုပ်ရှင်သရုပ်ဆောင် အောင်ဇမ္ဗူက မြန်မာနိုင်ငံမှာ ထိပ်တန်းအနုပညာရှင်တွေ တောင်မလုပ်ခဲ့ဖူး သေးတဲ့ အိုင်ဒီယာဆန်းသစ်တဲ့ “Masterpiece Visual Book” တစ်အုပ်ကိုဖန်တီးခဲ့ပြီး၊ အဲဒီစာအုပ်ထဲမှာ သူဘဝ တစ်သက်တာ အနုပညာခရီးလမ်းနဲ့ဖြတ်သန်းမှုပုံရိပ်တွေကိုစုစည်းဖော်ပြထားတဲ့ ဓာတ်ပုံစာအုပ် ထုတ်လုပ်ခဲ့ပါတယ်။ Opera Studio ကစီစဉ်တင်ဆက်ထုတ်ဝေထားခြင်းဖြစ်ပြီး ပရိသတ်တွေအကြား စိတ်ဝင်စားမှုမြင့်တက်နေတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။
စာအုပ်အမျိုးအစားမှာဇာတ်မင်းသားအောင်ဇမ္ဗူရဲ့ဘဝတစ်လျှောက်အချိုးအကွေ့အကြောင်းတွေ၊ အနုပညာ ခရီးစဉ်မှတ်တမ်းဓာတ်ပုံတွေနဲ့ ဇာတ်အဖွဲ့သားတွေရဲ့ အမှတ်တရပုံရိပ်တွေကိုစုစည်းထားတဲ့ Exclusive Visual Book (ဓာတ်ပုံနဲ့ အမှတ်တရမှတ်တမ်းစာအုပ်) အမျိုးအစားဖြစ်ပါတယ်။
စာမျက်နှာတစ်ခုစီတိုင်းမှာ QR Code ပါရှိပြီး QR Code ကနေတစ်ဆင့် Scan လုပ်ကာ မင်းသားအောင်ဇမ္ဗူ ကိုယ်တိုင်ပြောပြထားတဲ့ ဘဝအမှတ် တရအကြောင်းအရာတွေ၊ သီချင်းတွေနဲ့ ကဗျာရွတ်ဆိုမှုတွေကို နားဆင် ကြည့်ရှု နိုင်အောင် ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
ဇာတ်မင်းသားအောင်ဇမ္ဗူရဲ့ “Masterpiece Visual Book”တစ်အုပ်ရဲ့ဈေးနှုန်းမှာ မြန်မာငွေ (၉၉,ဝဝဝ)ကျပ် (တစ်သိန်းကျပ်ဝန်းကျင်)ဖြစ်ပြီး စာအုပ်မထွက် ရှိခင်ကတည်းက အော်ဒါမှာယူသူများပြားလျက်ရှိကာ အမှန်တကယ် ထွက်ရှိလာပါကလည်း ပစ္စည်းပြတ်လတ်တဲ့အထိရောင်းချနိုင်ခဲ့ကြောင်း မြေပြင်ဈေးကွက်သတင်း တွေအရသိရှိရပါ တယ်။
ရန်ကုန်မြို့၊ မန္တလေးမြို့အပါအဝင် မြို့နယ်အသီးသီးကပရိသတ်တွေအပြင် နိုင်ငံတကာအထိပါ (International Delivery)စနစ်နဲ့ ဖြန့်ဝေရောင်းချနေရ လျက်ရှိတယ်လို့သိရပါတယ်။
အောင်ဇမ္ဗူက သူ့ရဲ့မိသားစု၊ သားစဉ်မြေးဆက်နဲ့ အားပေးတဲ့ပရိသတ်တွေ အမှတ်တရသိမ်းဆည်းကြည့်ရှု နိုင်ဖို့ရည်ရွယ်ပြီး နိုဝင်ဘာလ(၉)ရက်နေ့မှာကျရောက်ခဲ့တဲ့ သူ့အသက်(၂၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
အနုပညာလောကမှာ လက်ရှိခေတ်ကာလက ဇာတ်မင်းသားခေတ် တစ်ဖန်စန်းထချိန်ဖြစ်နေတာကြောင့် သူရဲ့ပရိသတ်အင်အားက ခိုင်မာအားကောင်းလှတာကြောင့် မြန်မာနိုင်ငံရဲ့ထိပ်တန်းစိန်ရွှေရတနာ ဆိုင်တွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တိုင်း အောင်ဇမ္ဗူနဲ့လက်တွဲအလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အပြိုင်အဆိုင်ကြိုးစားနေကြချိန်မှာ သူရဲ့ ကိုယ်ရေးမှတ်တမ်းစာအုပ်ထွက်ရှိလာမှုအပေါ် အားပေးသူတိုင်းက ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့အရည်အချင်းနဲ့ စီးပွားရေးအမြင်ကျယ်မှုကို ထပ်မံအသိအမှတ်ပြု ချီးကျူးခဲ့ကြပါတယ်။
လက်ရှိအချိန်အထိ စာအုပ်အရေအတွက် ဘယ်လောက်အထိရောင်းချပြီးစီးခဲ့ပြီဆိုတဲ့ တရားဝင်ကိန်းဂဏန်း အတိအကျကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
မင်းသားအောင်ဇမ္ဗူရဲ့ “Masterpiece Visual Book” ကို Opera Studio Facebook Page နဲ့ အောင်ဇမ္ဗူရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် မှာယူကာ အားပေးဝယ်ယူနိုင်တယ်လို့ သိရှိရပါတယ်။
ဒီတစ်ပတ်အတွက်အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။

zawgyi version:
အႏုပညာသတင္းမ်ားကို စိတ္ဝင္တစားေစာင့္ေမွ်ာ္ဖတ္ရႈသူတို႔အတြက္ NP News ရဲ႕အပတ္စဥ္အႏုပညာ က႑ကေန “မင့္စ္အျပည္ျပည္ဆိုင္ရာ႐ုပ္ရွင္ပြဲေတာ္မွာ ျမန္မာႏိုင္ငံက ႏိုင္ငံတကာ ဆု(၃)ဆုရရွိခဲ့၊ လူသားအက်ိဳးျပဳ ဂုဏ္ထူးေဆာင္ဆုခ်ီးျမႇင့္ခံရမႈအေပၚ ထူးခန႔္ေက်ာ္ ေမးခြန္းထုတ္ခံရ၊ အႏုပညာမွတ္တမ္းတင္ရင္း စီးပြားေရး အျမင္ က်ယ္သူ ေအာင္ဇမၺဴ” အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ဒီတစ္ပတ္အတြက္ ေဖာ္ျပေပးသြားပါမယ္။
အိျဖဴ (NP News) - ႏိုဝင္ဘာ ၁၅
(၃၂)ႀကိမ္ေျမာက္ Minsk International Film Festival “Listapad” (၂၀၂၆) ပြဲေတာ္မွာ အကယ္ဒမီေဖြးေဖြး အပါအဝင္ ျမန္မာက ႏိုင္ငံတကာဆု (၃)ဆု ရရွိခဲ့
(၃၂)ႀကိမ္ေျမာက္ Minsk International Film Festival “Listapad(2026)” ပြဲေတာ္မွာ ျမန္မာ႐ုပ္ရွင္သ႐ုပ္ ေဆာင္ ထပ္ဆင့္အကယ္ဒမီေဖြးေဖြးက သိုးမည္း႐ုပ္ရွင္ဇာတ္ကားနဲ႔ ‘Best Actress Award in a Fiction Film’ (အေကာင္းဆုံးအမ်ိဳးသမီးသ႐ုပ္ေဆာင္ဆု) ကိုရရွိခဲ့ၿပီး၊ လူသားခ်င္းစာနာမႈနဲ႔စိတ္ပိုင္းဆိုင္ရာတန္ဖိုးေတြကို ႐ုပ္ရွင္အႏု ပညာကတစ္ဆင့္ ေဖာ္က်ဴးတင္ဆက္ႏိုင္မႈအတြက္ ဘယ္လာ႐ုစ္ႏိုင္ငံ သမၼတကခ်ီးျမႇင့္တဲ့ Belarus President's Special Prize – “For Humanism and Spirituality in Cinema” အထူးဆုကို ဒါ႐ိုက္တာ ေအာင္ျမတ္က ခ်ီးျမႇင့္ခံခဲ့ရပါတယ္။ ဒါ့ျပင္ ညေမႊးပန္းကေလးရဲ႕ေက်ာက္ပုစြန္ ‘I wanna Be your Lobster’႐ုပ္ရွင္ဇာတ္ကားက ‘Best Cinemtography Award’ (အေကာင္းဆုံး႐ုပ္ရွင္ဓာတ္ပုံဆု)ကိုရရွိခဲ့ပါတယ္။
(၃၂)ႀကိမ္ေျမာက္ မင့္စ္အျပည္ျပည္ဆိုင္ရာ႐ုပ္ရွင္ပြဲေတာ္ (XXXII Minsk International Film Festival “Listapad”) ကို ဘယ္လာ႐ုစ္ႏိုင္ငံ မင့္စ္ၿမိဳ႕(Minsk)မွာ (၂၀၂၆) ခုႏွစ္ ေအာက္တိုဘာလ (၃၀)ရက္ကေန ႏိုဝင္ဘာလ(၆) ရက္အထိက်င္းပခဲ့ၾကပါတယ္။ “ဘယ္လာ႐ုစ္ႏိုင္ငံ Minsk ၿမိဳ႕မွာက်င္းပခဲ့တဲ့ XXXII Minsk International Film Festival ‘Listapad(2026)’ မွာ ကြၽန္မတို႔ရဲ႕ ‘‘သိုးမည္း” (That One Child) ႐ုပ္ရွင္ဇာတ္ကားကေန ႏိုင္ငံတကာဆုႀကီး (၂)ဆုရရွိခဲ့ပါတယ္ရွင္။ ဒီလိုႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္ႀကီးတစ္ခုမွာ ကြၽန္မတို႔ျမန္မာႏိုင္ငံက ႐ုပ္ရွင္ဇာတ္ကားတစ္ကားနဲ႔ ဆုႏွစ္ဆုအထိရရွိခဲ့တာဟာ ကြၽန္မတို႔အားလုံးအတြက္ အင္မတန္ ဝမ္းသာဂုဏ္ယူစရာေကာင္းတဲ့အခိုက္အတန႔္ေလး တစ္ခုပါ။ ႏိုင္ငံတကာ႐ုပ္ရွင္အႏုပညာရွင္ေတြစုေဝးရာေနရာမွာ ျမန္မာ့႐ုပ္ရွင္အႏုပညာကိုအသိအမွတ္ျပဳေပးခဲ့ၾကတဲ့ ပြဲေတာ္တာဝန္ရွိသူေတြနဲ႔ အကဲျဖတ္ဒိုင္လူႀကီးမ်ားအားလုံးကို လႈိက္လႈိက္လွဲလွဲေက်းဇူးတင္ပါတယ္။ အေဖ ေကာင္းကင္ ေပၚကေနဂုဏ္ယူေနမွာပါ”လို႔ ထပ္ဆင့္အကယ္ဒမီေဖြးေဖြးက သူ႔ရဲ႕ Facebook Page မွာ ပြဲအခမ္းအနား အမွတ္တရ ပုံရိပ္ေတြနဲ႔တကြ ဂုဏ္ယူစြာျပန္လည္မွ်ေဝခဲ့ပါတယ္။
Minsk International Film Festival “Listapad(2026)” ႐ုပ္ရွင္ပြဲေတာ္မွာ ႏိုင္ငံေပါင္း(၁၀၈)ႏိုင္ငံက ႐ုပ္ရွင္ ေပါင္း (၃,၃၀ဝ)ေက်ာ္ကိုတင္သြင္းခဲ့ၾကကာ ႏိုင္ငံေပါင္း(၅၅)ႏိုင္ငံက ႐ုပ္ရွင္ဇာတ္ကားေပါင္း(၁၃၀)သာ ျပသခြင့္ရခဲ့ျခင္း ျဖစ္ပါတယ္။ ေ႐ြးခ်ယ္ခံ႐ုပ္ရွင္ေပါင္း(၁၃၀)ထဲက ျမန္မာ႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ “သိုးမည္း”႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးေဖြးေဖြးနဲ႔ ဒါ႐ိုက္တာေအာင္ျမတ္တို႔က “Best Actress Award in a Fiction Film” နဲ႔ Belarus President's Special Prize – “For Humanism and Spirituality in Cinema”အထူးဆုကို ေ႐ြးခ်ယ္ခ်ီးျမႇင့္ခံခဲ့ရတာျဖစ္ပါတယ္။
သိုးမည္း (That One Child) ႐ုပ္ရွင္ဇာတ္ကားနဲ႔ ႏိုင္ငံတကာဂုဏ္ျပဳဆုႀကီး(၂)ဆုနဲ႔ေအာင္ျမင္မႈေတြရ ယူလာ ခဲ့ၾကတဲ့ ထပ္ဆင့္အကယ္ဒမီေဖြးေဖြးနဲ႔ ဒါ႐ိုက္တာ ကိုေအာင္ျမတ္တို႔ကို ႏိုဝင္ဘာလ(၉)ရက္က ရန္ကုန္ အျပည္ ျပည္ဆိုင္ရာေလဆိပ္မွာ ခတၱိယ႐ုပ္ရွင္ထုတ္လုပ္ေရးမွတာဝန္ရွိပုဂၢိဳလ္ေတြနဲ႔အတူ မင္းသမီးေဖြးေဖြးရဲ႕ မိခင္နဲ႔ ပရိသတ္ ေတြက သြားေရာက္ႀကိဳဆိုဂုဏ္ျပဳခဲ့ၾကပါတယ္။
သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္ ‘လူသားအက်ိဳးျပဳဂုဏ္ထူးေဆာင္ဆု’ ခ်ီးျမႇင့္ခံရ
Dayspring International University က ႐ုပ္ရွင္သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္(ပရဟိတေဆးကုသေပးေနသူ)အား ေဝဒနာရွင္ေတြအေပၚ အခမဲ့ကူညီကုသေပးေနမႈေတြအတြက္ လူသားအက်ိဳးျပဳဂုဏ္ထူးေဆာင္ဆု (Honorary Doctorate / Humanitarian Award)ကို (၂၀၂၆)ခုႏွစ္ ႏိုဝင္ဘာလ (၆)ရက္က ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။
ႏိုဝင္ဘာလ (၆) ရက္(ေသာၾကာေန႔)က သူရဲ႕ အသက္(၄၈)ႏွစ္ျပည့္ ေမြးေန႔ရက္ျဖစ္တာေၾကာင့္ ေမြးေန႔ အထိမ္း အမွတ္ျဖစ္ေစခဲ့တယ္လို႔ ပရဟိတေဆးကုသေပးေနသူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္ကဆိုပါတယ္။ လူသားအက်ိဳးျပဳ ဂုဏ္ထူးေဆာင္ဆု (Honorary Doctorate/ Humanitarian Award) ကိုရရွိမႈအတြက္ လူအမ်ားစုကဂုဏ္ျပဳ စကားဆို ခဲ့ၾကသလို Dayspring International University ကေပးအပ္တဲ့ ဘြဲ႕တံဆိပ္နဲ႔ အဖြဲ႕အစည္းရဲ႕ရပ္တည္မႈက တရားဝင္ျဖစ္/မျဖစ္ဆိုတဲ့ေမးခြန္းေတြနဲ႔အတူ လူတခ်ိဳ႕ကေဝဖန္ခဲ့ၾကပါတယ္။ “ကြၽန္ေတာ့္အတြက္ ဒီေန႔ဟာ ေမြးေန႔ အမွတ္တရပါပဲ။ ကြၽန္ေတာ့္ကို လူသားအက်ိဳးျပဳ(ပါရဂူ)ဘြဲ႕ခ်ီးျမႇင့္ျခင္းခံရေအာင္ျပဳလုပ္ေပးပါေသာ သူေတာ္ေကာင္း အမ်ိဳးမ်ား၊ ေဝဒနာရွင္မ်ားအား ဂါရဝျပဳေက်းဇူးတင္ရွိရင္း လူသားအက်ိဳးျပဳပါရဂူဘြဲ႕ ခ်ီးျမႇင့္ေပးပါေသာ DAYSPRING INTERNATIONAL UNIVERSITY မွတာဝန္ရွိလူႀကီးမင္းမ်ားအား အထူးပင္ေက်းဇူးတင္ရွိသလို ဒီထက္မကေသာ ေလာကေကာင္းက်ိဳးမ်ားအတြက္ ကိုယ္စြမ္း ဉာဏ္စြမ္းရွိသေ႐ြ႕ေဆာင္႐ြက္သြားရင္း သူေတာ္ေကာင္းအမ်ိဳးမ်ား သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ လိုရာျပည့္ၾကပါေစ”လို႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ထူးခန႔္ေက်ာ္က သူရဲ႕ေဖ့စ္ဘြတ္လူမႈ ကြန္ရက္အေကာင့္မွာ မွတ္တမ္းတင္ေဖာ္ျပခဲ့ပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ထူးခန႔္ေက်ာ္က အႏုပညာသက္တမ္း (၂၅)ႏွစ္ဝန္းက်င္ရွိၿပီျဖစ္ကာ အႏုပညာသက္တမ္း တစ္ေလွ်ာက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု (အကယ္ ဒမီဆု)နဲ႔လြဲေခ်ာ္ေနဆဲျဖစ္ေပမယ့္ (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကခ်ီးျမႇင့္တဲ့ လူမႈထူးခြၽန္ဆု(တတိယအဆင့္)ကို ရရွိထား သူတစ္ဦးျဖစ္ပါတယ္။
ဇာတ္မင္းသားေအာင္ဇမၺဴရဲ႕ Masterpiece Visual Book
ဇာတ္မင္းသား ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအာင္ဇမၺဴက ျမန္မာႏိုင္ငံမွာ ထိပ္တန္းအႏုပညာရွင္ေတြ ေတာင္မလုပ္ခဲ့ဖူး ေသးတဲ့ အိုင္ဒီယာဆန္းသစ္တဲ့ “Masterpiece Visual Book” တစ္အုပ္ကိုဖန္တီးခဲ့ၿပီး၊ အဲဒီစာအုပ္ထဲမွာ သူဘဝ တစ္သက္တာ အႏုပညာခရီးလမ္းနဲ႔ျဖတ္သန္းမႈပုံရိပ္ေတြကိုစုစည္းေဖာ္ျပထားတဲ့ ဓာတ္ပုံစာအုပ္ ထုတ္လုပ္ခဲ့ပါတယ္။ Opera Studio ကစီစဥ္တင္ဆက္ထုတ္ေဝထားျခင္းျဖစ္ၿပီး ပရိသတ္ေတြအၾကား စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ စာအုပ္ တစ္အုပ္ျဖစ္ပါတယ္။
စာအုပ္အမ်ိဳးအစားမွာဇာတ္မင္းသားေအာင္ဇမၺဴရဲ႕ဘဝတစ္ေလွ်ာက္အခ်ိဳးအေကြ႕အေၾကာင္းေတြ၊ အႏုပညာ ခရီးစဥ္မွတ္တမ္းဓာတ္ပုံေတြနဲ႔ ဇာတ္အဖြဲ႕သားေတြရဲ႕ အမွတ္တရပုံရိပ္ေတြကိုစုစည္းထားတဲ့ Exclusive Visual Book (ဓာတ္ပုံနဲ႔ အမွတ္တရမွတ္တမ္းစာအုပ္) အမ်ိဳးအစားျဖစ္ပါတယ္။
စာမ်က္ႏွာတစ္ခုစီတိုင္းမွာ QR Code ပါရွိၿပီး QR Code ကေနတစ္ဆင့္ Scan လုပ္ကာ မင္းသားေအာင္ဇမၺဴ ကိုယ္တိုင္ေျပာျပထားတဲ့ ဘဝအမွတ္ တရအေၾကာင္းအရာေတြ၊ သီခ်င္းေတြနဲ႔ ကဗ်ာ႐ြတ္ဆိုမႈေတြကို နားဆင္ ၾကည့္ရႈ ႏိုင္ေအာင္ ျပင္ဆင္ထားျခင္းျဖစ္တယ္လို႔ သိရွိရပါတယ္။
ဇာတ္မင္းသားေအာင္ဇမၺဴရဲ႕ “Masterpiece Visual Book”တစ္အုပ္ရဲ႕ေဈးႏႈန္းမွာ ျမန္မာေငြ (၉၉,ဝဝဝ)က်ပ္ (တစ္သိန္းက်ပ္ဝန္းက်င္)ျဖစ္ၿပီး စာအုပ္မထြက္ ရွိခင္ကတည္းက ေအာ္ဒါမွာယူသူမ်ားျပားလ်က္ရွိကာ အမွန္တကယ္ ထြက္ရွိလာပါကလည္း ပစၥည္းျပတ္လတ္တဲ့အထိေရာင္းခ်ႏိုင္ခဲ့ေၾကာင္း ေျမျပင္ေဈးကြက္သတင္း ေတြအရသိရွိရပါ တယ္။
ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္အသီးသီးကပရိသတ္ေတြအျပင္ ႏိုင္ငံတကာအထိပါ (International Delivery)စနစ္နဲ႔ ျဖန႔္ေဝေရာင္းခ်ေနရ လ်က္ရွိတယ္လို႔သိရပါတယ္။
ေအာင္ဇမၺဴက သူ႔ရဲ႕မိသားစု၊ သားစဥ္ေျမးဆက္နဲ႔ အားေပးတဲ့ပရိသတ္ေတြ အမွတ္တရသိမ္းဆည္းၾကည့္ရႈ ႏိုင္ဖို႔ရည္႐ြယ္ၿပီး ႏိုဝင္ဘာလ(၉)ရက္ေန႔မွာက်ေရာက္ခဲ့တဲ့ သူ႔အသက္(၂၇)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ထုတ္ေဝခဲ့ျခင္းျဖစ္တယ္လို႔ ဆိုထားပါတယ္။
အႏုပညာေလာကမွာ လက္ရွိေခတ္ကာလက ဇာတ္မင္းသားေခတ္ တစ္ဖန္စန္းထခ်ိန္ျဖစ္ေနတာေၾကာင့္ သူရဲ႕ပရိသတ္အင္အားက ခိုင္မာအားေကာင္းလွတာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းစိန္ေ႐ႊရတနာ ဆိုင္ေတြအပါအဝင္ စီးပြားေရးလုပ္ငန္းရွင္တိုင္း ေအာင္ဇမၺဴနဲ႔လက္တြဲအလုပ္လုပ္ကိုင္ခြင့္ရရွိဖို႔အၿပိဳင္အဆိုင္ႀကိဳးစားေနၾကခ်ိန္မွာ သူရဲ႕ ကိုယ္ေရးမွတ္တမ္းစာအုပ္ထြက္ရွိလာမႈအေပၚ အားေပးသူတိုင္းက ဇာတ္မင္းသား ေအာင္ဇမၺဴရဲ႕အရည္အခ်င္းနဲ႔ စီးပြားေရးအျမင္က်ယ္မႈကို ထပ္မံအသိအမွတ္ျပဳ ခ်ီးက်ဴးခဲ့ၾကပါတယ္။
လက္ရွိအခ်ိန္အထိ စာအုပ္အေရအတြက္ ဘယ္ေလာက္အထိေရာင္းခ်ၿပီးစီးခဲ့ၿပီဆိုတဲ့ တရားဝင္ကိန္းဂဏန္း အတိအက်ကိုေတာ့ ထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။
မင္းသားေအာင္ဇမၺဴရဲ႕ “Masterpiece Visual Book” ကို Opera Studio Facebook Page နဲ႔ ေအာင္ဇမၺဴရဲ႕ တရားဝင္လူမႈကြန္ရက္စာမ်က္ႏွာေတြကေနတစ္ဆင့္ မွာယူကာ အားေပးဝယ္ယူႏိုင္တယ္လို႔ သိရွိရပါတယ္။
ဒီတစ္ပတ္အတြက္အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားပါရေစ။
