Myanmar National Post

နီပိန်း ပဒက်တွေ ဘုံကျွန်ဘဝက လွတ်မြောက်ပါစေ







KNU တပ်မဟာ(၅)ကနေ နီပိန်း ပဒက် PDF ဆိုတဲ့ကောင်တွေ အမြောက်အမြားထွက်ပြေးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာ တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုခံရလို့ KNU တပ်မဟာ (၅)၊ နီပိန်း ပဒက် PDF တွေပါ ထိခိုက်ကြွဆုံးမှု များပြားခဲ့တယ်လို့ တပ်မတော်သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

နီပိန်း ပဒက်PDF တွေအနေနဲ့  KNU တပ်မဟာ (၅) လက်အောက်မှာ ဆက်မနေချင်ကြတော့ဘဲ ဥပဒဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ပြေးကြတာလည်း ဖြစ်နိုင်ပါတယ်။

နီပိန်း ပဒက်တွေဟာ ဘုံကျွန်အဖြစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မျိုးစုံရဲ့ လက်အောက်ခံ အနေနဲ့ နေခဲ့ရတဲ့ ဒုက္ခကို သိမြင်လာတဲ့သဘောပါ။ KNU တပ်မဟာ (၅)ရဲ့ အနိုင်ကျင့် ဗိုလ်ကျလုပ်ရပ်တွေအပြင် သင်္ကာမကင်းသူတွေကို ဖမ်းဆီးချုပ်နှောင်နှိပ်စက်မှုတွေ လုပ်လေ့ရှိတာကလည်း ဥပဒေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာ ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ လူငယ်တွေဟာ ဒီလိုအဖြစ်ဆိုးတွေကို နေ့စဉ် တွေ့ကြုံမြင်တွေ့နေရပြီး တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သရုပ်မှန်ကို နားလည်လာကြခြင်းကြောင့် လွတ်မြောက်လမ်းကို ရှာကြရတာ ဖြစ်နိုင်ပါတယ်။ နောက်ဆုံး ကြံရာမရ ဖြစ်လာရင် KNU ဟာ နီပိန်း ပဒက်တွေကို မူးယစ်ဆေးကျွေးပြီး အသေခံ တိုက်ခိုင်းတဲ့ လုပ်ရပ်မျိုးတွေလည်း လုပ်လာမှာ ဖြစ်ပါတယ်။

ဖာပွန်-ကတိုင်ထိနယ်မြေမှာ တပ်မတော် အောင်ပွဲရခဲ့ခြင်းက နီပိန်း ပဒက်တွေရဲ့ ဆက်သွယ် သတင်းပေးမှုတွေကြောင့် ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နီပိန်း ပဒက်တွေအနေနဲ့ ကာလရှည်ကြာ အကြမ်းဖက်သမားများအဖြစ်နဲ့ ဘုံကျွန်ဘဝမှာ နစ်မွန်းခဲ့ကြပြီးပြီ။ သူတို့ကို ခိုင်းစားနေတဲ့ NUG အကြမ်းဖက်အဖွဲ့က လချီးလ၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ နေဘုန်းလတ်၊ ဇင်မာအောင်၊ ဇော်ဝေစိုး၊ ဝင်းမြတ်အေး၊ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ရဲ့ လမ်းစဉ်နောက်ကိုပဲ လိုက်သင့်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ လိမ္မာပါးနပ်မှုမျိုးကို အတုယူသင့်ပါတယ်။ ဖော်ပြပါ NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ နီပိန်း လူငယ်တွေကိုသာ အကြမ်းဖက်သမားများအဖြစ်နဲ့ သေပွဲဝင်ကြဖို့ နည်းမျိုးစုံနဲ့ လှုံ့ဆော်ခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်၊ သူတို့မိသားစုဝင် တစ်ဦးတစ်ယောက်မှ စစ်မြေပြင်မှာ တိုက်ပွဲဝင်ခြင်း မရှိပါဘူး။ အခွင့်အရေးရသည်နှင့်တပြိုင်နက် ထိုင်းနယ်စပ်ကနေတဆင့် တတိယနိုင်ငံများကိ ပြေးတဲ့အချိန်မှာ မိသားစုလိုက် အားလုံး တိမ်းရှောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ကတော့ နီပိန်း ပဒက်လေးတွေကိုလည်း ဆင်ကန်းတောတိုး မိုက်မဲနေတဲ့ ငမိုက်သားလေးတွေ အဖြစ်နဲ့ ဘဝနိဂုံးအဆုံးမလှ မဖြစ်စေချင်ပါဘူး။ NUG အကြမ်းဖက်အဖွဲ့ဝင်များလို လိမ္မာပါးနပ်စွာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်အောင် ကြိုးစားကြပါ။ ကိုယ့်တိုင်းပြည်အတွင်းမှာပဲ အေးချမ်းစွာ နေထိုင်ချင်တယ်ဆိုရင် ဥပဒေဘောင်အတွင်း ဝင်ရောက်ကြပါ။ NUG အကြမ်းဖက်အဖွဲ့ဝင်များလို အာချောင် ခွက်ခေါက်ပြီး စီးပွားရှာဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ထိုင်းနိုင်ငံမှတဆင့် တတိယနိုင်ကို ရောက်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒီအကြံပြုချက်က နီပိန်း ပဒက်တွေ အသက်ရှည်စေဖို့ ကောင်းမြတ်တဲ့ ဆန္ဒနဲ့ အကြံပြုခြင်းပါ။ သေတွင်းထဲကနေ ရုန်းထွက်နိုင်ဖို့ နီပိန်း ပဒက်တွေကို ကယ်တင်လိုတဲ့ ဆန္ဒမှန်နဲ့ အကြံပြုခြင်းဖြစ်ပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

#Myanmar #News

မူရင်းသတင်း — Myanmar National Post