NP News

တရားသူကြီးများ တရားစီရင်ရာတွင် (၃) ကြိမ် မှားခွင့်ရှိသော်လည်း အခြေအနေအပေါ်မူတည်၍ ပထမတစ်ကြိမ်တွင်ပင် အရေးယူနိုင်

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၆

တရားသူကြီးများ တရားစီရင်ရာတွင် (၃) ကြိမ် မှားခွင့်ရှိသော်လည်း အခြေအနေအပေါ် မူတည် ၍ ပထမတစ်ကြိမ်တွင် အရေးယူနိုင်ကြောင်း တရားရေးနယ်ပယ်မှ ကျွမ်းကျင်သူများထံ NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ပြည်နယ် တိုင်းတရားသူကြီးအားလုံး မြို့နယ်စုရုံး၊ မြို့နယ်တရားရုံး၊ တရားသူကြီးအားလုံး တရား စီရင်ရာတွင် အမှုမှားမျိုးကို သုံးကြိမ်ထက်မနည်း တွေ့ရှိရလျှင် သက်ဆိုင်ရာတရားသူကြီးအား အလုပ်မှ ထုတ်ပစ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း သတိပေးအကြောင်းကြားစာကို ဆက်လက်ကျင့်သုံး ဆောင်ရွက်လျက် ရှိ၊ မရှိမေးခွန်းကို တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်က နိုဝင်ဘာလ (၆) ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက လာရောက်ဖြေကြားရာတွင် အမှုမှားကို သုံးကြိမ်ထက်မနည်းတွေ့ရှိရလျှင်လည်းကောင်း၊ တစ်ကြိမ် တည်းနှင့် ခွင့်မလွှတ်နိုင်အောင် မှားယွင်းလျှင်လည်းကောင်း တရားသူကြီးကို အလုပ်မှထုတ်မည့်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားခဲ့သည်။
“(၁၉၈၈) ခုနှစ် စက်တင်ဘာလ (၂၆) ရက်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၂/၈၈) ဖြင့် ပြဋ္ဌာန်းခဲ့တဲ့ တရား စီရင်ရေးဥပဒေအရ တရားရုံးချုပ်၊ ပြည်နယ်နှင့် တိုင်း တရားရုံး၊ မြို့နယ်တရားရုံးတို့ကိုဖွဲ့စည်းခဲ့ပြီး အမြင့်ဆုံး တရားရုံးဖြစ်တဲ့တရားရုံးချုပ်က တရားရုံးအဆင့် ဆင့်အား ကြီးကြပ်ကွပ်ကဲရပါတယ်။ ထိုသို့ ကြီးကြပ်ကွပ်ကဲရသဖြင့် ထိုစဉ်က တရားရုံးချုပ်အနေနဲ့ (၁၈-၁၂-၁၉၉၀) ရက်စွဲပါ စာအမှတ်၊ (၄၀၅ / စု ၁၄)(ဂ) (၁၃၈ / ၉၀) ဖြင့် အောက်ဖော်ပြပါ အမှုမှားမျိုးကို သုံး ကြိမ်ထက်မနည်း တွေ့ရှိရလျှင်လည်းကောင်း၊ တစ်ကြိမ်တည်းနှင့် ခွင့်မလွှတ်နိုင်အောင် မှားယွင်းလျှင် လည်းကောင်း သက်ဆိုင်ရာတရားသူကြီးအား အလုပ်မှထုတ်ပစ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း သတိပေးအကြောင်းကြားစာထုတ်ပြန်ပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။
ပြစ်မှုဆိုင်ရာအမှုများမှာ (က) စီရင်ပိုင်ခွင့် မရှိဘဲစီရင်ခြင်း၊ (ခ)ဥပဒေနှင့် မညီသော ပြစ်ဒဏ်ချ မှတ်ခြင်း၊(ဂ)ဖြောင့်ချက်ယူရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခြင်း၊ (ဃ)ဝရမ်းမှုစစ်ဆေးနည်းဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်နိုင်သောအမှု၊ သာမန်မှုစစ်ဆေးနည်းဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်နိုင်သော အမှုများကို မှားယွင်းစစ်ဆေးပြစ်ဒဏ်ချမှတ်ခြင်း၊ (င)လုပ်ထုံးလုပ်နည်းကိုကျော်လွန်သော အမှားအယွင်း များ (Serious Procedural Errors) ၊ (စ)စွဲချက်ကို ပြည်ပြည့်စုံစုံ မရေးသွင်းခြင်းတို့ဖြစ်ပါတယ်” ဟု ဖြေ ကြားသည်။
ထို့ပြင် တရားမမှုများတွင် (က) စီရင် ပိုင်ခွင့်မရှိဘဲ စီရင်ခြင်း၊ (ခ) ဒီဂရီမရေးဆွဲခြင်း၊ (ဂ) ဇာရီမှု များတွင် ပစ္စည်းအပ်ဝရမ်းထုတ်သည့်အခါ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်မညီညွတ်ခြင်း၊ (ဃ) ထုတ်သင့် သောငြင်းချက်ကိုမထုတ်ဘဲ မထုတ်သင့်သောငြင်း ချက်ကိုထုတ်ခြင်း၊ (င) လုပ်ထုံးလုပ်နည်းကိုကျော် လွန်သော အမှားအယွင်းများ (Serious Procedural Errors) တို့ ဖြစ်ကြောင်းလည်း ပြောသည်။
“သုံးကြိမ်မှားတယ်ဆိုတဲ့နေရာမှာ စာထဲမှာ ပါတယ်။ ဘယ်လိုအမှားမျိုးဆိုတဲ့ဟာတွေ ပါသေး တယ်။ မှားရင် မှားတယ်ဆိုတဲ့ဟာမျိုးတော့ မဟုတ်ဘူး။ ခေါင်းစဉ်ကတော့ သုံးကြိမ်မှားရင် အရေးယူ မယ်ပြောထားတာပေါ့လေ။ ဒါပေမဲ့ အဲဒီထဲမှာ မှားတဲ့ အမှားတွေနဲ့ ပတ်သက်ရင်တော့ သီးခြားရေးထား တာ ရှိသေးတယ်။ အဓိကကတော့ လုံးဝမမှားစေချင်တဲ့ဟာတွေကိုပဲ သီးခြားစာထုတ်တဲ့ပုံစံမျိုးပေါ့။ တရားသူကြီးတွေက သုံးကြိမ်မှားလို့ရတယ်လို့ တွေးရင်လည်း တွေးလို့ရတာပေါ့။ ဒါပေမဲ့ အဲဒီလိုမှ မဟုတ်ရင်လည်း တစ်သက်လုံးမှာ မှားခွင့် သုံးကြိမ်ပဲရှိတယ်လို့လည်း ပြောလို့ရတာပေါ့” ဟု ဥပဒေရေး ရာ ကျွမ်းကျင်သူတစ်ဦးက NP News သို့ ပြောသည်။ တစ်ကြိမ်တည်းဖြင့် ခွင့်မလွှတ်နိုင်သော အမှား အယွင်းမျိုးဖြစ်ပါက သုံးကြိမ်ပြည့်သည်အထိ စောင့်ဆိုင်းခြင်းမရှိဘဲ ပထမအကြိမ်ကတည်းက အရေးယူ နိုင်ကြောင်း ပါဝင်ပြီးဖြစ်သည်ဟု ၎င်းကပြောသည်။
“သုံးကြိမ်မှားမှ အရေးယူမယ်ပြောတာတော့ မဟုတ်ဘူး။ အကယ်၍များ မှားတဲ့တစ်ကြိမ်က အ ရေးယူကိုယူရမယ့်ဟာဆိုရင်လည်း အရေးယူမှာပေါ့။ ပြောချင်တာကတော့ သုံးကြိမ်ဖြစ်လာခဲ့ပြီဆိုရင် တော့ မဖြစ်မနေကို အရေးယူမယ်ဆိုတဲ့သဘောမျိုးကိုပြောတာပါ” ဟု ၎င်းကပြောသည်။
(၂၀၂၅) ခုနှစ်အတွင်း ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် တရားစီရင်ရေးမှားယွင်းခြင်းတို့အတွက် တရားရေးအရာရှိ၊ တရားသူကြီး (၃၀) ဦးနှင့် ရုံးဝန်ထမ်း (၁၃၄) ဦး စုစုပေါင်း (၁၆၄) ဦးတို့ကို သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း စသည့်အရေးယူမှုများပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီး ဒေါ်သင်းသင်းချို၏ လွှတ်တော်တွင် ဖြေကြား ချက်အရ သိရသည်။

Zawgyi version:
တရားသူႀကီးမ်ား တရားစီရင္ရာတြင္ (၃) ႀကိမ္ မွားခြင့္ရွိေသာ္လည္း အေျခအေနအေပၚမူတည္၍ ပထမတစ္ႀကိမ္တြင္ပင္ အေရးယူႏိုင္
စိမ့္စမ္းေရ (NP News) - ႏိုဝင္ဘာ ၁၆
တရားသူႀကီးမ်ား တရားစီရင္ရာတြင္ (၃) ႀကိမ္ မွားခြင့္ရွိေသာ္လည္း အေျခအေနအေပၚ မူတည္ ၍ ပထမတစ္ႀကိမ္တြင္ အေရးယူႏိုင္ေၾကာင္း တရားေရးနယ္ပယ္မွ ကြၽမ္းက်င္သူမ်ားထံ NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ျပည္နယ္ တိုင္းတရားသူႀကီးအားလုံး ၿမိဳ႕နယ္စု႐ုံး၊ ၿမိဳ႕နယ္တရား႐ုံး၊ တရားသူႀကီးအားလုံး တရား စီရင္ရာတြင္ အမႈမွားမ်ိဳးကို သုံးႀကိမ္ထက္မနည္း ေတြ႕ရွိရလွ်င္ သက္ဆိုင္ရာတရားသူႀကီးအား အလုပ္မွ ထုတ္ပစ္သည္အထိ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးအေၾကာင္းၾကားစာကို ဆက္လက္က်င့္သုံး ေဆာင္႐ြက္လ်က္ ရွိ၊ မရွိေမးခြန္းကို တာခ်ီလိတ္မဲဆႏၵနယ္မွ ဦးေက်ာ္ၿငိမ္းေအာင္က ႏိုဝင္ဘာလ (၆) ရက္တြင္ ျပဳလုပ္ေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေမးျမန္းခဲ့သည္။
ယင္းႏွင့္ ပတ္သက္၍ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီး ေဒၚသင္းသင္းခ်ိဳက လာေရာက္ေျဖၾကားရာတြင္ အမႈမွားကို သုံးႀကိမ္ထက္မနည္းေတြ႕ရွိရလွ်င္လည္းေကာင္း၊ တစ္ႀကိမ္ တည္းႏွင့္ ခြင့္မလႊတ္ႏိုင္ေအာင္ မွားယြင္းလွ်င္လည္းေကာင္း တရားသူႀကီးကို အလုပ္မွထုတ္မည့္ကိစၥႏွင့္ ပတ္သက္၍ ရွင္းလင္းေျဖၾကားခဲ့သည္။
“(၁၉၈၈) ခုႏွစ္ စက္တင္ဘာလ (၂၆) ရက္မွာ ႏိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ ဥပေဒအမွတ္ (၂/၈၈) ျဖင့္ ျပ႒ာန္းခဲ့တဲ့ တရား စီရင္ေရးဥပေဒအရ တရား႐ုံးခ်ဳပ္၊ ျပည္နယ္ႏွင့္ တိုင္း တရား႐ုံး၊ ၿမိဳ႕နယ္တရား႐ုံးတို႔ကိုဖြဲ႕စည္းခဲ့ၿပီး အျမင့္ဆုံး တရား႐ုံးျဖစ္တဲ့တရား႐ုံးခ်ဳပ္က တရား႐ုံးအဆင့္ ဆင့္အား ႀကီးၾကပ္ကြပ္ကဲရပါတယ္။ ထိုသို႔ ႀကီးၾကပ္ကြပ္ကဲရသျဖင့္ ထိုစဥ္က တရား႐ုံးခ်ဳပ္အေနနဲ႔ (၁၈-၁၂-၁၉၉၀) ရက္စြဲပါ စာအမွတ္၊ (၄၀၅ / စု ၁၄)(ဂ) (၁၃၈ / ၉၀) ျဖင့္ ေအာက္ေဖာ္ျပပါ အမႈမွားမ်ိဳးကို သုံး ႀကိမ္ထက္မနည္း ေတြ႕ရွိရလွ်င္လည္းေကာင္း၊ တစ္ႀကိမ္တည္းႏွင့္ ခြင့္မလႊတ္ႏိုင္ေအာင္ မွားယြင္းလွ်င္ လည္းေကာင္း သက္ဆိုင္ရာတရားသူႀကီးအား အလုပ္မွထုတ္ပစ္သည္အထိ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးအေၾကာင္းၾကားစာထုတ္ျပန္ၿပီး အေရးယူေဆာင္႐ြက္ခဲ့ပါတယ္။
ျပစ္မႈဆိုင္ရာအမႈမ်ားမွာ (က) စီရင္ပိုင္ခြင့္ မရွိဘဲစီရင္ျခင္း၊ (ခ)ဥပေဒႏွင့္ မညီေသာ ျပစ္ဒဏ္ခ် မွတ္ျခင္း၊(ဂ)ေျဖာင့္ခ်က္ယူရာတြင္ လုပ္ထုံးလုပ္နည္းႏွင့္ မညီၫြတ္ျခင္း၊ (ဃ)ဝရမ္းမႈစစ္ေဆးနည္းျဖင့္ စစ္ေဆး၍ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေသာအမႈ၊ သာမန္မႈစစ္ေဆးနည္းျဖင့္ စစ္ေဆး၍ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေသာ အမႈမ်ားကို မွားယြင္းစစ္ေဆးျပစ္ဒဏ္ခ်မွတ္ျခင္း၊ (င)လုပ္ထုံးလုပ္နည္းကိုေက်ာ္လြန္ေသာ အမွားအယြင္း မ်ား (Serious Procedural Errors) ၊ (စ)စြဲခ်က္ကို ျပည္ျပည့္စုံစုံ မေရးသြင္းျခင္းတို႔ျဖစ္ပါတယ္” ဟု ေျဖ ၾကားသည္။
ထို႔ျပင္ တရားမမႈမ်ားတြင္ (က) စီရင္ ပိုင္ခြင့္မရွိဘဲ စီရင္ျခင္း၊ (ခ) ဒီဂရီမေရးဆြဲျခင္း၊ (ဂ) ဇာရီမႈ မ်ားတြင္ ပစၥည္းအပ္ဝရမ္းထုတ္သည့္အခါ ဥပေဒ လုပ္ထုံးလုပ္နည္းႏွင့္မညီၫြတ္ျခင္း၊ (ဃ) ထုတ္သင့္ ေသာျငင္းခ်က္ကိုမထုတ္ဘဲ မထုတ္သင့္ေသာျငင္း ခ်က္ကိုထုတ္ျခင္း၊ (င) လုပ္ထုံးလုပ္နည္းကိုေက်ာ္ လြန္ေသာ အမွားအယြင္းမ်ား (Serious Procedural Errors) တို႔ ျဖစ္ေၾကာင္းလည္း ေျပာသည္။
“သုံးႀကိမ္မွားတယ္ဆိုတဲ့ေနရာမွာ စာထဲမွာ ပါတယ္။ ဘယ္လိုအမွားမ်ိဳးဆိုတဲ့ဟာေတြ ပါေသး တယ္။ မွားရင္ မွားတယ္ဆိုတဲ့ဟာမ်ိဳးေတာ့ မဟုတ္ဘူး။ ေခါင္းစဥ္ကေတာ့ သုံးႀကိမ္မွားရင္ အေရးယူ မယ္ေျပာထားတာေပါ့ေလ။ ဒါေပမဲ့ အဲဒီထဲမွာ မွားတဲ့ အမွားေတြနဲ႔ ပတ္သက္ရင္ေတာ့ သီးျခားေရးထား တာ ရွိေသးတယ္။ အဓိကကေတာ့ လုံးဝမမွားေစခ်င္တဲ့ဟာေတြကိုပဲ သီးျခားစာထုတ္တဲ့ပုံစံမ်ိဳးေပါ့။ တရားသူႀကီးေတြက သုံးႀကိမ္မွားလို႔ရတယ္လို႔ ေတြးရင္လည္း ေတြးလို႔ရတာေပါ့။ ဒါေပမဲ့ အဲဒီလိုမွ မဟုတ္ရင္လည္း တစ္သက္လုံးမွာ မွားခြင့္ သုံးႀကိမ္ပဲရွိတယ္လို႔လည္း ေျပာလို႔ရတာေပါ့” ဟု ဥပေဒေရး ရာ ကြၽမ္းက်င္သူတစ္ဦးက NP News သို႔ ေျပာသည္။ တစ္ႀကိမ္တည္းျဖင့္ ခြင့္မလႊတ္ႏိုင္ေသာ အမွား အယြင္းမ်ိဳးျဖစ္ပါက သုံးႀကိမ္ျပည့္သည္အထိ ေစာင့္ဆိုင္းျခင္းမရွိဘဲ ပထမအႀကိမ္ကတည္းက အေရးယူ ႏိုင္ေၾကာင္း ပါဝင္ၿပီးျဖစ္သည္ဟု ၎ကေျပာသည္။
“သုံးႀကိမ္မွားမွ အေရးယူမယ္ေျပာတာေတာ့ မဟုတ္ဘူး။ အကယ္၍မ်ား မွားတဲ့တစ္ႀကိမ္က အ ေရးယူကိုယူရမယ့္ဟာဆိုရင္လည္း အေရးယူမွာေပါ့။ ေျပာခ်င္တာကေတာ့ သုံးႀကိမ္ျဖစ္လာခဲ့ၿပီဆိုရင္ ေတာ့ မျဖစ္မေနကို အေရးယူမယ္ဆိုတဲ့သေဘာမ်ိဳးကိုေျပာတာပါ” ဟု ၎ကေျပာသည္။
(၂၀၂၅) ခုႏွစ္အတြင္း ဝန္ထမ္းစည္းကမ္း ေဖာက္ဖ်က္ျခင္း၊ လုပ္ထုံးလုပ္နည္း မလိုက္နာျခင္း၊ စီမံခန႔္ခြဲမႈ အားနည္းျခင္းႏွင့္ တရားစီရင္ေရးမွားယြင္းျခင္းတို႔အတြက္ တရားေရးအရာရွိ၊ တရားသူႀကီး (၃၀) ဦးႏွင့္ ႐ုံးဝန္ထမ္း (၁၃၄) ဦး စုစုေပါင္း (၁၆၄) ဦးတို႔ကို သတိေပးျခင္း၊ ႏွစ္တိုးလစာရပ္ဆိုင္းျခင္း၊ ရာထူးတိုးျမႇင့္ျခင္းရပ္ဆိုင္းျခင္း၊ ရာထူးအဆင့္ေလွ်ာ့ခ်ျခင္း၊ ရာထူးမွထုတ္ပယ္ျခင္းႏွင့္ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ျခင္း စသည့္အေရးယူမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူ ႀကီး ေဒၚသင္းသင္းခ်ိဳ၏ လႊတ္ေတာ္တြင္ ေျဖၾကား ခ်က္အရ သိရသည္။

မူရင်းသတင်း — NP News