ရန်ကုန် နိုဝင်ဘာ ၁၅
အင်းစိန်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာအသင်း(ဗဟို)၏ ညီလာခံအတွေ့အကြုံ ရှင်းလင်းခြင်း၊ စာရေးဆရာမ တက္ကသိုလ် မြမဉ္ဇူအား ဂုဏ်ပြုလွှာ၊ ဂုဏ်ပြုလက်ဆောင်၊ အသင်းဝင်များ၏ ဂုဏ်ထူးရ သားသမီးများအား ဂုဏ်ပြုဆုပေးအပ်ခြင်းကို ယနေ့တွင် မြို့နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အသင်းနာယကသဘာပတိ ဦးရန်နောင်(ရန်နောင်-ပညာရေး)က အမှာစကားပြောကြားပြီး အသင်းနာယက ဦးဝင်းမြင့် (မောင်မောင်ဝင်းမြင့်-မှုခင်း)က အသင်းရန်ပုံငွေရရှိရေး အကြံပြု ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ အသင်းဥက္ကဋ္ဌ ဦးသက်တင် (မောင်သာတင့်-မြန်အောင်)က စတုတ္ထအကြိမ်(ဗဟို)ညီလာခံ၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ တက္ကသိုလ်မြမဉ္ဇူအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ကာ စာရေးဆရာထူးအောင်လှိုင်၏ သမီးတက္ကသိုလ်ဝင်စာမေးပွဲသုံးဘာသာဂုဏ်ထူးရှင်အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်ဦး