NP News

လိမ္မော်ရည်(၁၇)အောင်စ နီးပါးကို အချိန်(၃)စက္ကန့်ကျော် အတွင်းသောက်ပြပြီး ဂင်းနစ်စံချိန်သစ်တင်ခဲ့သည့်အမျိုးသား

Pika (NP News) - နိုဝင်ဘာ ၁၆

ဖင်လန်နိုင်ငံသား စားဖိုမှူးတစ်ဦးသည် ၎င်းအကြိုက်ဆုံးဖြစ်သော လိမ္မော်ရည်(၁၇)အောင်စ နီးပါးကို အချိန်(၃ ဒသမ ၁၆)စက္ကန့်အတွင်း သောက်ပြခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အသက်(၂၆)နှစ်အရွယ် တိုမီကိုတီလိုင်နန်သည် လိမ္မော်ရည်(၁၆ ဒသမ ၉ အောင်စ) (၅၀ဝမီ လီမီတာ)ကို အမြန်ဆုံးသောက်ပြနိုင်သည့် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တိုမီကိုတီလိုင်နန်သည် Järvenpää မြို့၌ အဆိုပါ စံချိန်သစ်ကိုတင်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဂင်းနစ်စံ ချိန်မှတ်တမ်းအဖွဲ့တာဝန်ရှိသူတစ်ဦးက လာရောက်ကြည့်ရှုစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ဂင်း နစ်စံချိန်ချိုးဖျက်နိုင်ကြောင်း သတ်မှတ်ပေးခဲ့သည်။ အဆိုပါစံချိန်ကိုတင်ရန် ကြိုးပမ်းမှုအတွက် တိုမီ ကိုတီ လိုင်နန်ရွေးချယ်ခဲ့သည့် အဖျော်ယမကာမှာ ဖင်လန်နိုင်ငံထုတ် Jaffa အမှတ်တံဆိပ် လိမ္မော်ရည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံးအဖျော်ယမကအဖြစ် တိုမီကိုတီလိုင်နန်က ဖော်ပြပြောဆိုခဲ့သည်။ ထို့နောက် တိုမီကိုတီလိုင်နန်သည် အဆိုပါစံချိန်ကို ကိုင်ဆောင်ထားသည့် ပထမဆုံးသောသူဖြစ်လာခဲ့ပြီး ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ကသတ်မှတ်ထားသည့် အချိန်(၅)စက္ကန့်အတွင်း သောက်ပြရမည်ဆိုသည့်ပစ် မှတ်ကိုလည်း အလွယ်တကူပင်ကျော်ဖြတ်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် လာမည့်အနာဂတ်တွင် လည်း အဖျော်ယမကာကို အမြန်ဆုံးသောက်သုံးပြမှုဆိုင်ရာ စံချိန်သစ်များထပ်တင်ရန်စီစဉ်ထားကြောင်း တိုမီ ကို တီလိုင်နန်ကပြောကြားခဲ့ပြီး လက်ရှိရရှိထား သည့်ကိုယ်ပိုင်စံချိန်ထက် ပိုမိုကောင်းမွန်သည့်စံချိန် များကို တင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း လည်း ပြောကြားခဲ့သည်။ တိုမီကိုတီ လိုင်နန်က] ကျွန်တော်အကြိုက် ဆုံးလိမ္မော်ရည်ကိုသောက်ပြပြီး ဂင်းနစ်စံချိန်သစ်တစ် ခုကိုတင်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါ တယ်။ နောက်ထပ်စံချိန်သစ်တွေထပ်တင်နိုင်ဖို့လည်း ကျွန်တော်ကြိုးပမ်းသွားဦးမှာပါ}ဟုပြောဆိုခဲ့သည်။

Zawgyi version:
လိေမၼာ္ရည္(၁၇)ေအာင္စ နီးပါးကို အခ်ိန္(၃)စကၠန႔္ေက်ာ္ အတြင္းေသာက္ျပၿပီး ဂင္းနစ္စံခ်ိန္သစ္တင္ခဲ့သည့္အမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာ ၁၆
ဖင္လန္ႏိုင္ငံသား စားဖိုမႉးတစ္ဦးသည္ ၎အႀကိဳက္ဆုံးျဖစ္ေသာ လိေမၼာ္ရည္(၁၇)ေအာင္စ နီးပါးကို အခ်ိန္(၃ ဒသမ ၁၆)စကၠန႔္အတြင္း ေသာက္ျပခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အသက္(၂၆)ႏွစ္အ႐ြယ္ တိုမီကိုတီလိုင္နန္သည္ လိေမၼာ္ရည္(၁၆ ဒသမ ၉ ေအာင္စ) (၅၀ဝမီ လီမီတာ)ကို အျမန္ဆုံးေသာက္ျပႏိုင္သည့္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ တိုမီကိုတီလိုင္နန္သည္ Järvenpää ၿမိဳ႕၌ အဆိုပါ စံခ်ိန္သစ္ကိုတင္ရန္ႀကိဳးပမ္းခဲ့ျခင္းျဖစ္ၿပီး ဂင္းနစ္စံ ခ်ိန္မွတ္တမ္းအဖြဲ႕တာဝန္ရွိသူတစ္ဦးက လာေရာက္ၾကည့္ရႈစစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ဂင္း နစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ေၾကာင္း သတ္မွတ္ေပးခဲ့သည္။ အဆိုပါစံခ်ိန္ကိုတင္ရန္ ႀကိဳးပမ္းမႈအတြက္ တိုမီ ကိုတီ လိုင္နန္ေ႐ြးခ်ယ္ခဲ့သည့္ အေဖ်ာ္ယမကာမွာ ဖင္လန္ႏိုင္ငံထုတ္ Jaffa အမွတ္တံဆိပ္ လိေမၼာ္ရည္ ျဖစ္ၿပီး ကမာၻေပၚတြင္ အေကာင္းဆုံးအေဖ်ာ္ယမကအျဖစ္ တိုမီကိုတီလိုင္နန္က ေဖာ္ျပေျပာဆိုခဲ့သည္။ ထို႔ေနာက္ တိုမီကိုတီလိုင္နန္သည္ အဆိုပါစံခ်ိန္ကို ကိုင္ေဆာင္ထားသည့္ ပထမဆုံးေသာသူျဖစ္လာခဲ့ၿပီး ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ကသတ္မွတ္ထားသည့္ အခ်ိန္(၅)စကၠန႔္အတြင္း ေသာက္ျပရမည္ဆိုသည့္ပစ္ မွတ္ကိုလည္း အလြယ္တကူပင္ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ လာမည့္အနာဂတ္တြင္ လည္း အေဖ်ာ္ယမကာကို အျမန္ဆုံးေသာက္သုံးျပမႈဆိုင္ရာ စံခ်ိန္သစ္မ်ားထပ္တင္ရန္စီစဥ္ထားေၾကာင္း တိုမီ ကို တီလိုင္နန္ကေျပာၾကားခဲ့ၿပီး လက္ရွိရရွိထား သည့္ကိုယ္ပိုင္စံခ်ိန္ထက္ ပိုမိုေကာင္းမြန္သည့္စံခ်ိန္ မ်ားကို တင္ႏိုင္လိမ့္မည္ဟု ယုံၾကည္ထားေၾကာင္း လည္း ေျပာၾကားခဲ့သည္။ တိုမီကိုတီ လိုင္နန္က] ကြၽန္ေတာ္အႀကိဳက္ ဆုံးလိေမၼာ္ရည္ကိုေသာက္ျပၿပီး ဂင္းနစ္စံခ်ိန္သစ္တစ္ ခုကိုတင္ႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုဝမ္းသာမိပါ တယ္။ ေနာက္ထပ္စံခ်ိန္သစ္ေတြထပ္တင္ႏိုင္ဖို႔လည္း ကြၽန္ေတာ္ႀကိဳးပမ္းသြားဦးမွာပါ}ဟုေျပာဆိုခဲ့သည္။

မူရင်းသတင်း — NP News