
ဓမ္မဝီရဒေါက်တာ အရှင်တေဇနိယရေးသားသည့် အလိုလိုက်ရတာ ပင်ပန်းတယ် (သို့) သဗ္ဗံ ပရဝသံ ဒုက္ခံစာအုပ် ထွက်ရှိလာသည်။ အဆိုပါစာအုပ်တွင် အလိုလိုက်ရတာ ပင်ပန်းတယ် (သို့) သဗ္ဗံ ပရဝသံ ဒုက္ခံ၊ မူဂါဘီလျှောက်သောလမ်း၊ ဆပ်ပြာဂျိုး၊ မြန်မာပြည်အတွက် မြန်မာပြည်သိန်းတန်ပြောပြတဲ့ ရွေးချယ်ရေးရာဇဝင်၊ ရာဇဂြိုဟ်သူဌေးရဲ့ ဘာသာရေးရှာပုံတော်၊ ချစ်တာလား ကြိုက်တာလား၊ သေကွဲမခွဲရသေးခင်၊ ငါ့စကောတိုင်းပြည်၊ ဘာတွေချန်လို့ ဘာတွေယူသွားမလဲ၊ ယုတ်ညံ့တဲ့သူတွေဟာ မြင့်မြတ်တဲ့နေရာကိုရောက်သွားရင် ယုတ်မာတဲ့လုပ်ရပ်တွေကို လုပ်တတ်ကြတယ်၊ ဗုဒ္ဓဘာသာနိုင်ငံမှာ သံဃာကိုဆွမ်းကပ်တာက တခြားဘာသာကို ဖိနှိပ်တာတဲ့လား၊ ဘုရားရှင်ဟောသည့် လူယုတ်မာတို့၏ သဘောလက္ခဏာများ၊ ခွေးအလုပ် ခွေးလုပ်မြည်းအလုပ် မြည်းလုပ်၊ လော်စပီကာအရေး ပြောချင်သေးတယ်၊ သာသနာ့ မျိုးဆက်သစ်များအရေး တွေးမိသမျှ၊ ပုစွန်လုံးကပေးတဲ့ သင်ခန်းစာ၊ ရသင့်တာထက် ပိုလိုချင်ရင် ရထားတာတွေပါ ဆုံးရှုံးသွားတတ်တယ် စသည့်ဆောင်းပါး ၁၇ ပုဒ်ပါဝင်သည်။ စာအုပ်ကို ပြည်မြန်မာစာအုပ်တိုက်၊ ဖုန်း ၀၉၄၄၃၀၂၀၈၂၈၊ ၀၉၄၄၃၁၄၃၀၄၁၊ အမှတ် (၃)၊ မြေညီထပ်၊ ပုညဝဍ္ဎနလမ်း၊ တာမွေမြို့နယ်နှင့် အရဟံ ဖောင်ဒေးရှင်း(ဗဟို)၊ ဖုန်း ၀၉၂၀၂၃၁၀၄၊ သုမင်္ဂလာလုံးချင်းအိမ်ရာဝင်း၊ ဘုရားသုံးဆူဓမ္မပါလစာသင်တိုက် (အတွင်း) ILBC အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှ တန်ဖိုးငွေကျပ် ၁၅၀၀၀ ဖြင့် ဖြန်ချိသည်။
ကြေးမုံ
ကြေးမုံ