မိတ္ထီလာ နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး စံပြရှေ့ပြေးဥပဒေရုံးများဖြစ်သော မိတ္ထီလာခရိုင်ဥပဒေရုံးနှင့် မိတ္ထီလာ မြို့နယ်ဥပဒေရုံးများသို့ တိုင်းဒေသကြီး ဥပဒေချုပ် ဦးလှသိန်းသည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံသားတိုင်း ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရန်အတွက် ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရှေ့ပြေးဥပဒေရုံးများသည် အရေးကြီးသောပြစ်မှုများတွင် တရားခံအပေါ် ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်စီရင်နိုင်ရေးအတွက် အဓိက သက်သေ(သို့) နစ်နာသူများနှင့် သက်သေခံ အထောက်အထားများ တင်ပြရမည့်သူများကို တရားရုံးရှေ့ အမှုစစ်ဆေးရာတွင် ပကတိ အခြေအနေမှန်ကို ထွက်ဆိုတင်ပြနိုင်ရန်အတွက် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်သည် တရားစီရင်ရေးကို များစွာအထောက်အကူ ဖြစ်စေကြောင်း သိရသည်။
ငွေကြယ်