မကွေး နိုဝင်ဘာ ၁၅
၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဟောပြောပို့ချခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ မကွေးတက္ကသိုလ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့က ပူးပေါင်းဆောင်ရွက်ကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများက တက်ရောက်အားပေးကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး ဒုတိယရရှိခဲ့ပြီး တစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ ဦးစာရင်း၌ သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများမှ ခြောက်ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲမှ လေးဦး ပါဝင်ခဲ့ကြောင်း၊ ထို့ပြင် ခြောက်ဘာသာဂုဏ်ထူးရှင် ၈၈ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၈၇ ဦးနှင့် လေးဘာသာဂုဏ်ထူးရှင် ၃၃၂ ဦး တို့ ထွက်ပေါ်ခဲ့ကြောင်း၊ ၂၀၂၇ ခုနှစ် စာမေးပွဲများတွင်လည်း အောင်ချက်မြင့်မားရေးနှင့် ထူးချွန်စွာ အောင်မြင်သူများ ပိုမိုပေါ်ထွက်ရေးအတွက် ယခုအချိန်မှစ၍ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု ဘာသာစုံ အထူးထုတ်စာအုပ်များကို ကျောင်းအုပ်ဆရာမကြီးများထံ ပေးအပ်ပြီး မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်ကေခိုင်က ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ၊ တက္ကသိုလ်နည်းပြ ဆရာ ဆရာမများက ဘာသာရပ်အလိုက် သင်ခန်းစာများကို ဆွေးနွေးဟောပြောပို့ချကြသည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးမြို့ ထိန်ထိန်သာ ဟိုတယ်ခန်းမ၌ ကျင်းပသည့် ဟိုတယ်ဆိုင်ရာ အင်္ဂလိပ်ဘာသာ စကားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသည့် မကွေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ပုံရိပ်ကို သင်တန်းမှရရှိမည့် ဘာသာစကားနှင့် ဝန်ဆောင်မှု ကျင့်ဝတ်များဖြင့် မြှင့်တင်ပေးကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်ဝန်ဆောင်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ မကွေးနှင့် မင်းဘူးမြို့နယ်တို့မှ ဟိုတယ်ဧည့်ကြိုဝန်ထမ်း ၃၀ နှင့် ဌာနဆိုင်ရာဝန်ထမ်း သုံးဦး စုစုပေါင်း သင်တန်းသား ၃၃ ဦး အား ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)