Myanmar Digital News

ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် နိုဝင်ဘာ ၁၆

 

ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အုန်းသုံးပင်ကျေးရွာ အ.မ.ကနှင့် ၃၈ လမ်း အ.မ.က ကျောင်းများသို့ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် အသိပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာပေကျေးဇူး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းကို ဟောပြောခဲ့ပြီး နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များကို ကျောင်းသား ကျောင်းသူလေးများ ဖတ်ရှုစေကာ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာ နံရံကပ်စာစောင်ကို ပြသပေးခဲ့ကြောင်း သိရသည်။

 

‌ရွှေသား(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News