မိုင်းရယ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးစီး၍ လူငယ်များ ဘဝတိုးတက်ရေးအတွက် အသိပညာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယမန်နေ့က မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့် တိုက်ခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် 4th years (Civil) ဖြင့် နည်းပညာတက္ကသိုလ် တက်ရောက်လျက်ရှိသည့် မတင့်တင့်မိုးဦး၊ MUFL တွင် အင်္ဂလိပ်စာ ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မမိုးပြည့်ပြည့်ထွန်းနှင့် မိုင်းရယ် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင် မာလာတို့က လူငယ်များအတွက် အသိပညာနှင့် အတတ်ပညာများ လိုအပ်ချက်များ၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိစေမည့် ပညာရေးအခြေအနေများ၊ လူငယ်များအတွက် ဘာသာစကား လိုအပ်ချက်များ၊ လူငယ်များအတွက် အလုပ်အကိုင်ရှာဖွေရာတွင် အွန်လိုင်းမှတစ်ဆင့် ရှာဖွေနည်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)