Myanmar Digital News

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ (ရန်ကုန်ဇုန်) အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမားများ အမျိုးသားပြတိုက်၊ စာဆိုဗိမာန်နှင့် အာကာပြတိုက်(ရန်ကုန်)တို့သို့ သွားရောက်လေ့လာ

ရန်ကုန် နိုဝင်ဘာ ၁၅

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၂၆ ခုနှစ် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ (ရန်ကုန်ဇုန်) အသင်းအုပ်ချုပ်သူ၊နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမား ၆၃၅ ဦးတို့သည် သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦး၏ စီမံမှုဖြင့် အားကစားအဖွဲ့တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲနိုင်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၊ စာဆိုဗိမာန်နှင့် အာကာသပြတိုက် (ရန်ကုန်)တို့သို့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက သွားရောက်လေ့လာခဲ့ကြသည်။

 

ဦးစွာ အမျိုးသားပြတိုက် တာဝန်ရှိသူက အမျိုးသားပြတိုက်သမိုင်းကြောင်းနှင့် အကြောင်းအရာများကို ရှင်းလင်းပြသသည်။ ထို့နောက် စာဆိုဗိမာန်သို့ သွားရောက် လေ့လာရာ စာဆိုဗိမာန် တာဝန်ခံက အားကစားသမားများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။ ဆက်လက်၍ အာကာသပြတိုက် (ရန်ကုန်)သို့ သွားရောက်လေ့လာရာ ခင်းကျင်းပြသထားသည်များကို လေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News