ပြင်ဦးလွင် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး ဦးဆောင်သောအဖွဲ့သည် ၂၀၂၆- ၂ဝ၂၇ ဘဏ္ဍာနှစ် ပြင်ဦးလွင်ခရိုင်၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့်ကျောင်းများအနက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၏ Clean and Green School ဆိုင်ရာ အခြေခံ စံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ ဆောင်ရွက်ထားမှု အခြေအနေများကို နိုဝင်ဘာ ၁၃ ရက်က ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အချိုရည်ဘူးခွံဟောင်းများဖြင့် အမှိုက်ပုံးပြုလုပ်ထားရှိမှု၊ စွန့်ပစ်ကားတာယာအဟောင်းများဖြင့် စားပွဲနှင့်ထိုင်ခုံများ ပြုလုပ်ထားရှိမှု၊ အလှပန်းပင်နှင့် ပရဆေးခင်းများ စိုက်ပျိုးထားရှိမှု၊ သိပ္ပံလက်တွေ့ခန်းမှ သရုပ်ပြသခြင်းနှင့် C and G School ဆိုင်ရာ အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ မှတ်တမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)