Myanmar Digital News

သထုံမြို့နယ်၌ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

သထုံ နိုဝင်ဘာ ၁၅

 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် အထကရှိ ရွှေရတုခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများက လူငယ်နှင့် စာဖတ်ခြင်း၊ မိမိအနှစ်သက်ဆုံး စာအုပ်တစ်အုပ်၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့ ၏ အတွေ့အကြုံများ၊ အတွေး အခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ အစီအစဉ် တင်ဆက်သူက ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာ ကြသည့် ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူတို့က ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News