Myanmar National Post

သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ (၅)ကြိမ်မြောက် ရွှေကြာ သင်္ကန်း ကပ်လှူပူဇော်မည်







ပုဇွန်တောင်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထား ကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ (၅)ကြိမ်မြောက် ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၅ နာရီ၌ စေတီတော် ပထမပစ္စယာ၊ ဒုတိယပစ္စယာ၊ တတိယပစ္စယာနှင့် ပန်းတင်ခုံများရှိ စေတီတော်များ၊ ပရိဝုဏ်အတွင်းရှိ အရံစေတီများ၊ မတ်ရပ်ရုပ်ပွားတော်များ၊ လျောင်းတော်မူရုပ်ပွားတော်များ၊ ထိုင်တော်မူ ရုပ်ပွားတော် များအပြင် သာသနာ့ဇောတိကဓမ္မာရုံအတွင်းရှိ ရုပ်ပွားတော်များ၊ မဟာဗောဓိညောင်ပင်ရှိ ရုပ်ပွား တော်များကိုလည်း ရွှေကြာသင်္ကန်းများ ဆက်ကပ်ပူဇော်မည်ဖြစ်သည်။  နံနက် ၇နာရီအချိန်တွင် ကြွရောက်လာသော ဆရာတော်များအား ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များက နဝကမ္မဝတ္ထုငွေများ ကပ်လှူပြီး ရေစက်သွန်းချအမျှပေးဝေကာ ကြွရောက်လာသော ဧည့်သည်တော်များနှင့် အလှူရှင်များအား ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ တန်ဆောင်မုန်းလပြည့်နေ့၌ ဆက်ကပ်လှူဒါန်းမည့် အလျား ၆ ကိုက်ခွဲ x အနံ ၅ ကိုက်ခွဲရှိ သင်္ကန်းများအား ရွှေကြာပန်းများ ရက်ဖောက်လျက်ရှိနေပြီး တန်ဆောင်မုန်းလပြည့်နေ့၌ ဆက်ကပ် မည့်  ရွှေကြာသင်္ကန်းများကို ပင်မအလှူရှင်များကိုယ်တိုင် လာရောက်ဆက်ကပ်လှူဒါန်း ပူဇော်နိုင်ပါ ကြောင်းနှင့်သမိုင်းဝင်ရွေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ယခင်က နှစ်စဥ်မသိုးသင်္ကန်းများ ရက်လုပ် ဆက်ကပ်ပူဇော်ခဲ့ပြီး ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ခြင်းသည် ယခုနှစ်တွင် (၅)ကြိမ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။


စုယဉ်ချစ်

#News #Myanmar

မူရင်းသတင်း — Myanmar National Post