NP News

ဂျပန်နိုင်ငံမှာ အာရှအားကစားပြိုင်ပွဲအတွက် အသုံးပြုခဲ့တဲ့ကွန်တိန်နာအိမ်တွေကို ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပြန်လည်အသုံးပြုမည်

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆

ဂျပန်နိုင်ငံမှာ ၂၀၂၆ ခုနှစ် အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲနဲ့ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ တွေတုန်းက အားကစားသမားတွေ နေထိုင်ဖို့ အသုံးပြုခဲ့တဲ့ကွန်တိန်နာပုံစံ အိမ်ခန်းတွေကို ငလျင်ဘေးသင့် ပြည်သူတွေအတွက် ယာယီနေအိမ်တွေအဖြစ် ပြန်လည်အသုံးပြုသွားမယ်လို့ သိရပါတယ်။
အဆိုပါ ကွန်တိန်နာအိမ်တွေကို နိုဝင်ဘာ (၁၂) ရက်မှစ နာဂိုယာမြို့မှ ဂျပန်နိုင်ငံ ကူမာမိုတိုခရိုင်ကို ကုန်တင်ယာဉ်နောက်တွဲတွေပေါ် တင်ဆောင်ပြီး အဆင့်ဆင့် ပို့ဆောင်နေပြီဖြစ်တယ်လို့ သိရတယ်။
အာရှအားကစားပြိုင်ပွဲနဲ့ အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွေ ကျင်းပစဉ်က အားကစားသမားတွေအတွက် သီးသန့် အားကစားသမားကျေးရွာတွေ တည်ဆောက်ထားခြင်း မရှိခဲ့တာကြောင့် အားကစားသမားတွေနဲ့ တာဝန်ရှိ သူတွေကို ဟိုတယ်၊ အခြားတည်းခိုစရာ နေရာတွေအပြင် ကွန်တိန်နာပုံစံ အိမ်ခန်း (၄ဝဝ) မှာ နေထိုင်စေခဲ့ပါတယ်။
အခုအခါမှာတော့ ကူမာမိုတိုခရိုင်အစိုးရက ငလျင်ဘေးသင့်ပြည်သူတွေအတွက် အကူအညီပေးဖို့ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဆီ တောင်းဆိုခဲ့တာကြောင့် ကွန်တိန်နာအိမ်ခန်း (၄၀) ကို ပို့ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ (၁ဝ) ရက်ကလည်း မီနာတိုရပ်ကွက်ရှိ ဆိပ်ကမ်းတစ်ခုမှာ တပ်ဆင်ထားတဲ့ ကွန်တိန်နာ အိမ်ခန်းတွေကို ကရိန်းတွေနဲ့တစ်ခန်းချင်းမတင်ကာ သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ် တင်ဆောင်ပြီး ငလျင်ဒဏ်သင့်နေရာတွေဆီ ပို့ဆောင်ခဲ့တာ တွေ့ရပါတယ်။

မူရင်းသတင်း — NP News