
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆
(၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ကမ္ဘာ့ခေါင်းဆောင်များ စုဝေးရောက်ရှိနေချိန်တွင်
ဖိလစ်ပိုင်နိုင်ငံ မနီလာနှင့် မွန်တင်လူပါမြို့တို့တွင် ဆန္ဒပြသူ (၃၀၀) ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် (၃၀၀) ခန့်မှာ မွန်တင်လူပါမြို့ရှိ ပြည်သူ့ပန်းခြံ (People’s Park) တွင် ညအိပ်တည်းခိုခဲ့ကြသည့် Lakbayan ng Timog Katagalugan လှုပ်ရှားမှုတွင် ပါဝင်သူများဖြစ်ကြသည်။
၎င်းတို့သည် PICC သို့ ချီတက်ရန်အတွက် မနီလာမြို့ရှိ လီဝါဆန် ဘိုနီဖာစီယိုရင်ပြင်၌ အခြားအဖွဲ့များနှင့် ပူးပေါင်းရန် စီစဉ်ထားကြခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် Timog Katagalugan အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လပ်ကီးအော်ရာလီယိုက၎င်းတို့အား စုဝေးနေသည့်နေရာမှ ထွက်ခွာခွင့်မပြုဘဲ တားဆီးရန် ရဲအရာရှိ (၂၀၀) ကျော်ကို ဖြန့်ကြက်ချထားခဲ့ကြောင်း သိရသည်။
"ဒီမနက်အစောပိုင်းတုန်းက ပြည်သူ့ပန်းခြံထဲက ဘယ်သူ့ကိုမှ ဆေးဝါးနဲ့ အစားအသောက် ဝယ်ဖို့အတွက်တောင် အပြင်ထွက်ခွင့် မပေးခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ကို ဖမ်းဆီးပြီး အကြမ်းဖက် လူစုခွဲခံလိုက်ရပါပြီ" ဟု အော်ရာလီယိုက ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်လည်း လီဝါဆန်ဘိုနီဖာစီယိုရင်ပြင်၌ ဆန္ဒပြသူ (၉)ဦး ဖမ်းဆီးခံခဲ့ရပြီး အကြိမ်ကြိမ် ကန်ကျောက်ခံရသည်ဟု စွပ်စွဲခံထားရကာ သတိလစ်မေ့မြောသွားသူ တစ်ဦး အပါအဝင် ၎င်းတို့၏အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း အလုပ်သမားခေါင်းဆောင် ဂျရုမ်းအဒိုနီက ပြောကြားခဲ့သည်။
အလုပ်သမားအားလုံး စည်းလုံးညီညွတ်ရေး မဟာမိတ်အဖွဲ့ လက်အောက်ရှိ အဖွဲ့အစည်း အသီးသီးသည် အစိုးရ၏ အလုပ်သမားဆန့်ကျင်ရေး မူဝါဒများ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရောက်ရှိလာမှုနှင့် နယူးကလာ့ခ်မြို့ တွင် Pax Silica ဗဟိုဌာနတည်ထောင်ရန် အဆိုပြုထားမှုတို့ကို ကန့်ကွက်ဆန္ဒပြ ချီတက်ရန်အတွက် နံနက် ၇ နာရီခွဲခန့်ကတည်းက မနီလာ လွတ်လပ်ရေးပန်းခြံ (Manila freedom park) သို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။
