Myanmar Digital News

ဘာရိန်းရှိ အမေရိကန်ရေဒါစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ ပြောကြား

တီဟီရန်   နိုဝင်ဘာ   ၁၅

ဘာရိန်းနိုင်ငံရှိ အမေရိကန်၏ရေဒါစခန်းအား မိမိ၏ အာကာသတပ်ဖွဲ့က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

ယခုကဲ့သို့ အယ်ရယ်ဖဒ် ရဟတ်ယာဉ်စခန်း၏ ရေဒါစနစ်အား ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းသည် အမေရိကန်တပ်ဖွဲ့၏ အီရန်အပေါ် ကျူးကျော်တိုက်ခိုက်မှုအတွက် ပြင်းထန်ပြတ်သားသည့်လက်တုံ့ပြန် တိုက်ခိုက်မှု၏ ဒုတိယအဆင့်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ သင်္ဘောများကို အစောင့်အရှောက်လိုက်ပါဆောင်ရွက်ပေးရသည် ဟူသည့် အကြောင်းပြချက်ဖြင့် ဟော်မုဖ်ရေလက်ကြားမှတစ်ဆင့် ရေနံတရားမဝင်ရောင်းဝယ်ရန် ကြိုးပမ်းသည့် အမေရိကန်သည် လက်ရှိအချိန်တွင် အဆိုပါ ရေလက်ကြားပိတ်ထားရခြင်း၏ အကြောင်းရင်းမှန်မှ ကမ္ဘာ့ပြည်သူများကို အာရုံလွှဲရန်အတွက် သေးသိမ်ပြီးမှားယွင်းလမ်းလွဲနေသည့် လုပ်ရပ်များကို ဆောင်ရွက်နေကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ဟော်မုပ်ရေလက်ကြားကို ခွင့်ပြုချက်မရှိသော လမ်းကြောင်းမှ ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် ရေနံတင်သင်္ဘောနှစ်စင်းသည် ရေမြှုပ်မိုင်းများကို တိုက်မိပြီးနောက် မီးလောင်ပေါက်ကွဲခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရေတပ်ဖွဲ့၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News