
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၆ ရက်တွင် ကျီနန်တက္ကသိုလ် တည်ထောင်ခြင်း နှစ် ၁၂၀ ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဝန်ထမ်းများနှင့် ကျောင်းသားဟောင်းများအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားကာ နှုတ်ခွန်းဆက်သခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က စမှတ်အသစ်၌ ကျီနန်တက္ကသိုလ်အနေဖြင့် ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ နိုင်ငံတော်အား ချစ်မြတ်နိုးသည့် အစဉ်အလာအား လက်ဆင့်ကမ်းရန်၊ ကျောင်းဖွင့်လှစ်မှု ထူးခြားချက်အား အခိုင်အမာ လက်ကိုင်ထားရန်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် ဒေသ မွေးချင်းလူငယ် လူရည်ချွန်များ ပျိုးထောင်မှုကို မြှင့်တင်ရန်၊ တရုတ်ယဉ်ကျေးမှုအား ပြန့်ပွားစေရေးကို လက်ဆင့်ကမ်းရန်၊ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှုအား မြှင့်တင်ရန်၊ ပညာသင်ကြားမှု အရည်အသွေးအား အဆက်မပြတ် တိုးမြှင့်ရန်၊ တရုတ်လူမျိုးစိတ်ဓာတ်အင်အားများ စုစည်း၍ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုအား တွန်းအားပေးရန်အတွက် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ကျီနန်တက္ကသိုလ်ကို ၁၉၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည်။ နှစ်ပေါင်း ၁၂၀ ကာလအတွင်း အဆိုပါတက္ကသိုလ်ကျောင်းသည် ကျောင်းဖွင့်လှစ်သင်ကြားမှု၏သမိုင်းတာဝန်ကို စွဲမြဲစွာမှတ်သား၍ အချိန်နှင့်တစ်ပြေးညီ အစဉ်အလာကို စောင့်ထိန်းပြီး ဆန်းသစ်တီထွင်ကာ ကမ္ဘာ့နိုင်ငံ ၁၇၀ ကျော်နှင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသအတွက် ထူးချွန်ထက်မြက်သည့် လူရည်ချွန်များစွာကို မွေးထုတ်ပေးခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
习近平致信祝贺暨南大学建校120周年
新华社北京11月16日电 中共中央总书记、国家主席、中央军委主席习近平16日致信祝贺暨南大学建校120周年,向全体师生员工和广大校友致以祝贺。
习近平在贺信中强调,新起点上,希望暨南大学以新时代中国特色社会主义思想为指导,继承爱国传统,坚持办学特色,加强港澳台侨青年人才培养,传承弘扬中华文化,促进中外友好交流,不断提升教育教学质量,为凝聚侨心侨力、推进中国式现代化作出新贡献。(贺信全文另发)
暨南大学创办于1906年。120年来,学校牢记办学使命,与时俱进、守正创新,为世界170多个国家和港澳台地区培养了大批优秀人才。(完)
图说:这是2026年11月11日在暨南大学广州石牌校区拍摄的校门和教学楼(无人机照片)。新华社记者 邓华 摄