NP News

မြောက်ဥက္ကလာမြို့နယ်တွင် ဓါတ်အားခွဲရုံ(၈)ခု တည်ဆောက်နေပြီးဒီဇင်ဘာတွင်ပြီးစီးမည်

ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၆
မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓါတ်အားခွဲရုံ(၈)ခု အသစ်တည်ဆောက်နေပြီး လာမည့်ဒီဇင်ဘာလတွင် အပြီးတည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအေးကျော်က ပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။
နိုဝင်ဘာ(၁၆)ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်၏ မြောက်ဥက္ကလာပမြို့နယ်တွင် ဓါတ်အားခွဲရုံအသစ်တစ်လုံးအား မည်သည့်ဘဏ္ဍာနှစ်တွင်တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းအားပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
မြောက်ဥက္ကလာပမြို့နယ်သည် မရမ်းကုန်ခရိုင်အတွင်းတည်ရှိပြီး အိမ်ထောင်စုပေါင်း(၇၀၀၀၀)ဝန်းကျင်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူ(၅၉၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။
လက်ရှိတွင်တိုးတက်လာသည့် လူဦး‌ရေနှင့်အိမ်ထောင်စုများအရ လျှပ်စစ်ဓါတ်အားရရှိရန်ခက်ခဲလာခြင်းကြောင့် လျှပ်စစ်ဓါတ်အားခွဲရုံများ အသစ်တည်ဆောက်ရန်လိုအပ်လာကြောင်းသိရသည်။
ထို့ကြောင့် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ဓါတ်အားခွဲရုံအသစ်(၈)ခုနှင့် ဓါတ်အားလိုင်းအသစ်(၅)ခုတို့အား ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မူရင်းသတင်း — NP News