Xinhua Myanmar

“ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” (နိုင်ငံတကာဗားရှင်း) နှင့် “ရှီကျင့်ဖိန်မှ ပေးပို့သည့်စာများ” (နိုင်ငံတကာဗားရှင်း) ကို APEC စီးပွားရေးအစုအဖွဲ့ ပင်မမီဒီယာများ၌ ထုတ်လွှင့်ပြသ

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ကျင်းပတော့မည့် အခါသမယတွင် China Media Group (CMG) မှ ထုတ်လုပ်သည့် အစီအစဉ် “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” (နိုင်ငံတကာဗားရှင်း) နှင့် “ရှီကျင့်ဖိန်မှ ပေးပို့သည့်စာများ” (နိုင်ငံတကာဗားရှင်း) ကို နိုဝင်ဘာ ၁၅ ရက်မှစ၍ APEC စီးပွားရေးအစုအဖွဲ့ ပင်မမီဒီယာများ၌ ထုတ်လွှင့်ပြသလျက်ရှိကြောင်း သိရသည်။

“ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” (နိုင်ငံတကာဗားရှင်း) တွင် တရုတ်နိုင်ငံ၏ ထူးချွန်ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုများ လက်ဆင့်ကမ်းတိုးတက်မှုကို သမ္မတ ရှီကျင့်ဖိန်က များစွာ အလေးထားမှု၊ ကိုယ်တိုင်ကြီးကြပ်မှုနှင့် တွန်းအားပေးဆောင်ရွက်မှု အကြောင်းအရာများကို တင်ဆက်ထားရာ သမ္မတ ရှီကျင့်ဖိန်၏ နက်ရှိုင်းသော လူမှုယဉ်ကျေးမှု ခံစားချက်နှင့် တရုတ်ယဉ်ကျေးမှု အစဉ်အလာကို ရှေ့ဆက်စေခြင်း၊ ယဉ်ကျေးမှု ကိုယ်ပိုင်ယုံကြည်မှုကို ခိုင်မာစွာ စွဲကိုင်ထားခြင်း အပေါ် အလေးအနက် စဉ်းစားတွေးခေါ်မှုများကိုလည်း ပေါ်လွင်စေသည်။

“ရှီကျင့်ဖိန်မှ ပေးပို့သည့်စာများ” (နိုင်ငံတကာဗားရှင်း) တွင် သမ္မတ ရှီကျင့်ဖိန်မှ နိုင်ငံတကာ မိတ်ဆွေ၊ အနုပညာရှင်၊ လူငယ်များစွာထံသို့ ပြန်ကြားခဲ့သည့် စာများအနက် ရွေးချယ်ထားသော စာများကို ဖော်ပြကာ စာတိုင်းနောက်ကွယ်ရှိ နွေးထွေးသော အကြောင်းအရာများကို တင်ဆက်ထားသည်။

နိုဝင်ဘာ ၁၅ ရက်မှစ၍ “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်ရေစက်” (နိုင်ငံတကာဗားရှင်း) နှင့် “ရှီကျင့်ဖိန်မှ ပေးပို့သည့်စာများ” (နိုင်ငံတကာဗားရှင်း) တို့ကို ရုရှား Big Asia TV ၊ တောင်ကိုရီးယား OBS Gyeongin TV ၊ အင်ဒိုနီးရှား အမျိုးသားအသံလွှင့်ဌာန (RRI) အစရှိသည့် APEC အဖွဲ့ဝင် စီးပွားရေးအစုအဖွဲ့များ၏ ပင်မ မီဒီယာပလက်ဖောင်းများတွင် ဆက်တိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

《习近平的文化情缘》(国际版)和《习主席的来信》(国际版)在APEC成员经济体主流媒体播出

新华社北京11月15日电 在亚太经合组织第三十三次领导人非正式会议即将举行之际,由中央广播电视总台制作的专题片《习近平的文化情缘》(国际版)和《习主席的来信》(国际版)11月15日起在APEC成员经济体主流媒体启播。  

《习近平的文化情缘》(国际版)讲述习近平主席高度重视、亲自擘画和推动中华优秀传统文化传承发展的故事,展现习近平主席的深厚文化情怀和对赓续中华文脉、坚定文化自信的深邃思考。  

《习主席的来信》(国际版)精选习近平主席给多位国际友人、艺术家、青少年等的回信,讲述一封封书信背后的温暖故事。  

即日起,《习近平的文化情缘》(国际版)和《习主席的来信》(国际版)在俄罗斯大亚洲电视台、韩国OBS京仁电视台、印尼国家广播电台等APEC成员经济体主流媒体平台陆续播出。(完)

မူရင်းသတင်း — Xinhua Myanmar